ဉာဏ်ကောင်းတဲ့ လှရွှေက သိန်းလေးဆယ် ပိုက်သွားပြီ

မိတ္တီလာမြို့တွင် တာဝန်ကျနေသည့် ဒုရဲအုပ် ၁ ဦး ခြောက်လုံးပြူး သေနတ် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ် သိန်း ၄၀ ချီးမြှင့်

ဒီဇင်ဘာ ၃၀

မန္တလေးတိုင်း၊ မိတ္တီလာမြို့တွင် တာဝန်ကျနေသည့် ဒုရဲအုပ် ၁ ဦး ခြောက်လုံးပြူး သေနတ် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ် သိန်း ၄၀ ချီးမြှင့်ခဲ့​ကြောင်း Southern YSO PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မိတ္ထီလာမြို့၌ တာဝန်ကျသော ဗိုလ်လေး အဆင့်ရှိ ဒုရဲအုပ် ဆန်းလင်း သည် Southern YSO PDF အဖွဲ့ထံ ခြောက်လုံးပြူးသေနတ် ၁ လက်၊

ခြောက်လုံးပြူးကျည် အတောင့် ၃၀၊ ဗုံးသီး ၃ လုံး၊လက်ထိပ် ၁ ခု၊ 7.62×51 G3 ကျည် အတောင့် ၁၂၀ တောင့် တို့ယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်လာသော ဒုရဲအုပ် ဆန်းလင်းသည် Southern YSO PDF အဖွဲ့ထံ လွန်ခဲ့သည့် ၃ လ တည်းက စတင် ဆက်သွယ်သော်လည်း လာရောက်ရမည့်နေရာ ဝေးသောကြောင့် ဆိုင်ကယ်တစ်ဆင့်၊

ကားတစ်ဆင့်ဖြင့် ခက်ခက်ခဲခဲ လာရောက်ခါ လက်နက်အပ် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းရောက်ရှိလာချိန်တွင် Southern YSO PDF မှ နွေးထွေးစွာ ကြိုဆိုပြီး ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့ကာ ဘေးကင်းလုံခြုံသည့် နေရာကို ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်

အလင်းဝင်ရောက်လာသော ဒုရဲအုပ် ဆန်းလင်းသည် အကြမ်းဖက် စစ်တပ်က ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်းကို မနှစ်မြို့ခြင်း၊ ပြည်သူများ၏ အိုးအိမ် နှင့် စည်းစိမ်ကို မီးရှို့ ဖျက်စီး လုယှက်ယူဆောင်ခြင်း ကို မနှစ်မြို့ခြင်း၊

အာဏာရှင်အတွက် အလုပ်လုပ်ခြင်း ကို မနှစ်မြို့ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ရင်ခွင်ဆီသို့ ဝင်ရောက်ခိုလုံလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်

Southern YSO PDF အနေဖြင့် နောက်ထပ် လက်နက်အပ် အလင်းဝင်ရောက်သွားမည့် စစ်ကောင်စီသားတွေကို နွေးထွေးစွာ ကြိုဆိုနေကြောင်း၊ ဆုကြေးငွေ ချီးမြှင့်ပေးရာမှ ငွေကြေးမလုံလောက်ခဲ့သည့်အတွက် ငွေ ချေးငှား ပေးဆောင်ရသောကြောင့်

ပြည်သူများအနေဖြင့် နိုင်ရာဘက်မှ ပါဝင်ကူညီပေးပါလို့ အကူအညီတောင်းခံအပ်ကြောင်း၊ အလားတူ အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ပခုက္ကူမြို့မ ရဲစခန်းမှ ရဲတပ်သားတစ်ဦး G-3 သေနတ် ၁ လက်နှင့် လက်နက်အပ် အလင်းဝင်ရောက်လာခဲ့ခြင်းကြောင့် ငွေ ကျပ် သိန်း ၈၀ ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့​ကြောင်း သိရှိရသည်။

မိတၱီလာၿမိဳ႕တြင္ တာဝန္က်ေနသည့္ ဒုရဲအုပ္ ၁ ဦး ေျခာက္လုံးျပဴး ေသနတ္ ယူေဆာင္လာၿပီး အလင္းဝင္၊ ေငြက်ပ္ သိန္း ၄၀ ခ်ီးျမႇင့္

ဒီဇင္ဘာ ၃၀

မႏၲေလးတိုင္း၊ မိတၱီလာၿမိဳ႕တြင္ တာဝန္က်ေနသည့္ ဒုရဲအုပ္ ၁ ဦး ေျခာက္လုံးျပဴး ေသနတ္ ယူေဆာင္လာၿပီး အလင္းဝင္လာေသာေၾကာင့္ ေငြက်ပ္ သိန္း ၄၀ ခ်ီးျမႇင့္ခဲ့​ေၾကာင္း Southern YSO PDF အဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက မီဒီယာသို႔ ေျပာဆိုသည္။

ဒီဇင္ဘာလ ၂၇ ရက္ေန႔တြင္ မိတၳီလာၿမိဳ႕၌ တာဝန္က်ေသာ ဗိုလ္ေလး အဆင့္ရွိ ဒုရဲအုပ္ ဆန္းလင္း သည္ Southern YSO PDF အဖြဲ႕ထံ ေျခာက္လုံးျပဴးေသနတ္ ၁ လက္၊

ေျခာက္လုံးျပဴးက်ည္ အေတာင့္ ၃၀၊ ဗုံးသီး ၃ လုံး၊လက္ထိပ္ ၁ ခု၊ 7.62×51 G3 က်ည္ အေတာင့္ ၁၂၀ ေတာင့္ တို႔ယူေဆာင္လာၿပီး အလင္းဝင္ေရာက္လာခဲ့ေၾကာင္း သိရသည္။

အဆိုပါ အလင္းဝင္လာေသာ ဒုရဲအုပ္ ဆန္းလင္းသည္ Southern YSO PDF အဖြဲ႕ထံ လြန္ခဲ့သည့္ ၃ လ တည္းက စတင္ ဆက္သြယ္ေသာ္လည္း လာေရာက္ရမည့္ေနရာ ေဝးေသာေၾကာင့္ ဆိုင္ကယ္တစ္ဆင့္၊

ကားတစ္ဆင့္ျဖင့္ ခက္ခက္ခဲခဲ လာေရာက္ခါ လက္နက္အပ္ အလင္းဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း၊ ၎ေရာက္ရွိလာခ်ိန္တြင္ Southern YSO PDF မွ ေႏြးေထြးစြာ ႀကိဳဆိုၿပီး ဂုဏ္ျပဳဆုေငြ က်ပ္သိန္း ၄၀ ခ်ီးျမႇင့္ခဲ့ကာ ေဘးကင္းလုံျခဳံသည့္ ေနရာကို ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရွိရသည္။

အလင္းဝင္ေရာက္လာေသာ ဒုရဲအုပ္ ဆန္းလင္းသည္ အၾကမ္းဖက္ စစ္တပ္က ျပည္သူမ်ားကို အေၾကာင္းမဲ့သတ္ျဖတ္ျခင္းကို မႏွစ္ၿမိဳ႕ျခင္း၊ ျပည္သူမ်ား၏ အိုးအိမ္ ႏွင့္ စည္းစိမ္ကို မီးရွို႔ ဖ်က္စီး လုယွက္ယူေဆာင္ျခင္း ကို မႏွစ္ၿမိဳ႕ျခင္း၊

အာဏာရွင္အတြက္ အလုပ္လုပ္ျခင္း ကို မႏွစ္ၿမိဳ႕ျခင္း စသည့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျပည္သူ႔ရင္ခြင္ဆီသို႔ ဝင္ေရာက္ခိုလုံလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္

Southern YSO PDF အေနျဖင့္ ေနာက္ထပ္ လက္နက္အပ္ အလင္းဝင္ေရာက္သြားမည့္ စစ္ေကာင္စီသားေတြကို ေႏြးေထြးစြာ ႀကိဳဆိုေနေၾကာင္း၊ ဆုေၾကးေငြ ခ်ီးျမႇင့္ေပးရာမွ ေငြေၾကးမလုံေလာက္ခဲ့သည့္အတြက္ ေငြ ေခ်းငွား ေပးေဆာင္ရေသာေၾကာင့္

ျပည္သူမ်ားအေနျဖင့္ နိုင္ရာဘက္မွ ပါဝင္ကူညီေပးပါလို႔ အကူအညီေတာင္းခံအပ္ေၾကာင္း၊ အလားတူ ေအာက္တိုဘာလ ၃၀ ရက္ေန႔ကလည္း ပခုကၠဴၿမိဳ႕မ ရဲစခန္းမွ ရဲတပ္သားတစ္ဦး G-3 ေသနတ္ ၁ လက္ႏွင့္ လက္နက္အပ္ အလင္းဝင္ေရာက္လာခဲ့ျခင္းေၾကာင့္ ေငြ က်ပ္ သိန္း ၈၀ ဂုဏ္ျပဳေငြ ခ်ီးျမႇင့္ခဲ့​ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *