မိုင်းငေါ့နှင့် ကွတ်ခိုင် နယူးရီးယား သတင်းကောင်းကြားရမည်

မိုင်းငေါ့နှင့် ကွတ်ခိုင်မြို တပ်စခန်းများကို TNLA ထိုးစစ်ဆင်

စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူပေး

ဒီဇင်ဘာလ ၃၁ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြိုများ၊ တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်မှု ဆက်တိုက်ပြုလုပ်နေသည့် တအာင်းတပ်မတော်(TNLA)က ယနေ့   ဒီဇင်ဘာ ၃၁ရက်တွင် ကျောက်မဲမြိုနယ် မိုင်းငေါ့မြို တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်

ထိုပြင် ကွတ်ခိုင်မြိုနယ် စစ်ကောင်စီကွတ်ခိုင်မြိုတပ်စခန်းတွင် စစ်ကောင်စီတပ်နှင့် ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLAက အသိပေးသည်။

မိုင်းငေါ့ဒေသ ချုံးသစ်ကျေးရွာ၊ ချုံးဟောင်းကျေးရွာအနီးတွင် စစ်ကောင်စီက Y12 လေယာဉ်ဖြင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။

ယနေ့တွင် အဆိုပါနေရာများသို Y12 ဖြင့် (၁၇) ကြိမ် ဗုံး(၇၄)လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို ဖော်ပြမထားပေ

စစ်ကောင်စီတပ်မှ မိုင်းငေါ့မြိုအတွင်းသို Jet Fighter ဖြင့် နှစ်ကြိမ်လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မိုင်းငေါ့မြို မန်တုံရပ်ကွက်နှင့် စျေးရပ်ကွက်ရှိ နေအိမ် သုံးလုံးကျည်ထိမှန် မီးလောင်ခဲ့ဆုံးရှုးခဲ့ရသည်ဟု အသိပေးသည်။

ကွတ်ခိုင်မြိုနယ် စစ်ကောင်စီတပ်ကလည်း ပန်ဆေးကျေးရွာအနီးတဝိုက်သို လက်နက်ကြီးဖြင့် လေးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ အလားတူ ကျောက်မဲမြိုနယ် စစ်ကောင်စီတပ်မှ မိုင်းငေါ့ဒေသသို လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

TNLAသည် ဒီဇင်ဘာအတွင်း၌ စစ်ကောင်စီ၏ တပ်စခန်းများကို ဆက်လက်သိမ်းပိုက်ခဲ့ပြီး နမ္မတူ၊ မန်တုံ၊ နမ့်ခမ်း၊ နမ့်ဆန်မြိုများကို အလုံးစုံထိန်းချုပ်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂၇ရက်မှ ဒီဇင်ဘာလကုန်ပိုင်းအထိ နှစ်လတာအတွင်း စစ်ကောင်စီတပ်စခန်း ၇၃ခုကို သိမ်းပိုက်ခဲ့သည်ဟု TNLAက အသိပေးထားသည်။



ဒီဇင်ဘာလ ၃၁ ရက်



၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ ၂ရရက်မှ ဒီဇင်ဘာလကုန်ပိုင်းအထိ နှစ်လတာအတွင်း စစ်ကောင်စီတပ်စခန်း ၇၃ခုကို သိမ်းပိုက်ခဲ့သည်ဟု TNLAက အသိပေးထားသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *