ပလက်ဝရဲ့ လှူဒါန်းမှုကြီးက မနည်းမနောပဲဟေ အားရစရာကြီး💪

ပလက်ဝမြို့နယ် ခဝဲဗျူဟာကုန်း၊ အိန္ဒိယနယ်စပ် ပွိင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းတို့ကို သိမ်းပိုက်ထားကြောင်း AA ထုတ်ပြန်

The Mindat Post ၃၀ ဒီဇင်ဘာ၊ ၂၀၂၃

ရခိုင်ပြည် မြောက်ဦးခရိုင်ရဲစခန်း၊ ချင်းပြည် ပလက်ဝမြို့နယ် ခဝဲဗျူဟာကုန်းနဲ့ အိန္ဒိယ – မြန်မာနယ်စပ်က

စစ်ကောင်စီတပ်စခန်းတခုတို့ကို သိမ်းယူလိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က ဒီဇင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ပါတယ်

ဒီဇင်ဘာလ ၂၆၊ ၂၇၊ ၂၈ ရက်တွေမှာ အဲဒီ နေရာသုံးခုကို သိမ်းယူရရှိခဲ့တာပါ

စခန်းကုန်းတွေသိမ်းမှုအတွင်း လက်န၊က်ခဲယ၊မ်းများ၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရမိကြောင်း AA က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဖော်ပြပါတယ်

အညံ့မခံဘဲ ထွက်ပြေးနေသူတွေကို လိုက်လံချေ၊မှု၊န်းနေသလို လက်နက်ချအညံ့ခံသူတိုင်းအတွက် အသက်ချမ်းသာခွင့်အပြင် မိသားစု၊ ဆွေမျိုးနဲ့ တွေ့ဆုံခွင့်ရဖို့ အာမခံချက်ပေးကြောင်းလည်း အသိပေးထားပါတယ်

AA ဟာ ညီနောင်မဟာမိတ်ဖြစ်တဲ့ ကိုးကန့်၊ တအာင်းတပ်တွေနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်မှာ ဆင်နွှဲနေပြီး ရခိုင်၊ ချင်းပြည် ပလက်ဝနဲ့ အခြားနေရာတွေမှာ ထိုးစစ်ဆင်လျက်ရှိနေပါတယ်









AA ဟာ ညီနောင်မဟာမိတ်ဖြစ်တဲ့ ကိုးကန့်၊ တအာင်းတပ်တွေနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်မှာ ဆင်နွှဲနေပြီး ရခိုင်၊ ချင်းပြည် ပလက်ဝနဲ့ အခြားနေရာတွေမှာ ထိုးစစ်ဆင်လျက်ရှိနေပါတယ်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *