လိမ္မာလိုက်တာ အဲလို ပြေးထားမှပေါ့ နို့မို့ဆို မုန့်တီ ဖြစ်ပြီ

ပလက်၀ရှိ စစ်ကောင်စီတပ်စခန်းများကို AA က သိမ်းပိုက်ပြီးနောက် စစ်သား ၁၅၀ ကျော် အိန္ဒိယဘက်သို့ ထွက်ပြေး

ဒီဇင်ဘာ ၃၀

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင်တပ်တော် AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်စခန်းများမှ စစ်သား ၁၅၁ ဦးသည်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အိန္ဒိယစစ်တပ်က ယာယီစောင့်ရှောက်ပေးထားကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်နှင့် AA သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန် ပလက်ဝမြို့ရှိ ခဝဲဗျူကုန်းကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ပလက်ဝမြို့နယ်၊ အိန္ဒိယ -မြန်မာနယ်စပ်ရှိ ပွိုင့် ၃၇၇ ခြေကုပ် စခန်းကိုလည်းကောင်း ရခိုင့်တပ်တော် – AA က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း

ထိုသို့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားများသည် လက်နက်များ ယူဆောင်၍ အိန္ဒိယဘက်သို့ ထွက်ပြေးကြရာ စုစုပေါင်း စစ်သား ၁၅၁ ဦးကို အိန္ဒိယ စစ်တပ်က ခေါ်ယူစောင့်ရှောက်ထားကြောင်း သိရှိရသည်

“ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပလက်ဝမြို့နယ်၊ မြစ်ဝစခန်း(ပွိုင့် ၃၇၇ စခန်း) ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၃ ဦးဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်၊ တွီဆဲန်းရွာထဲ ၂ သုတ်နဲ့ ဝင်ရောက်လာတယ်

နောက်ထပ် စစ်တပ်စခန်းတွေက ၆၈ ဦးလည်း ပြေးလာကြတယ်။ စုစုပေါင်း ၁၅၁ ဦး ပြေးလာတာ။ အာသံရိုင်ဖယ်တပ်( အိန္ဒိယစစ်တပ်)က အကုန်လုံးကို စောင့်ရှောက်ပေးထားပြီး မြန်မာစစ်တပ်ဘက်ကို ပြန်လွှဲပေးဖို့ လုပ်နေတယ်

သူတို့တွေက ကိုယ်လွတ်ရုန်းပြေးကြတာဆိုတော့ ဘာ လက်နက်ကြီးတွေ ကျည်ဆန်တွေ မသယ်နိုင်ကြဘူး။ အဲဒါတွေကို AA က အကုန်သိမ်းယူသွားတယ်။ ဒဏ်ရာရသူတွေလည်း ပါတယ်” ဟု အိန္ဒိယ-မြန်မာ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်

လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို AA က သိမ်းယူထားပြီး ချင်းတော်လှန်ရေးတပ်များကလည်း စစ်ကောင်စီတပ်စခန်းတချို့ကို ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်

ပလက္၀ရွိ စစ္ေကာင္စီတပ္စခန္းမ်ားကို AA က သိမ္းပိုက္ၿပီးေနာက္ စစ္သား ၁၅၀ ေက်ာ္ အိႏၵိယဘက္သို႔ ထြက္ေျပး

ဒီဇင္ဘာ ၃၀

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္ရွိ စစ္ေကာင္စီတပ္စခန္းမ်ားကို ရကၡိဳင္တပ္ေတာ္ AA က သိမ္းပိုက္ၿပီးေနာက္ စစ္ေကာင္စီတပ္စခန္းမ်ားမွ စစ္သား ၁၅၁ ဦးသည္

အိႏၵိယနိုင္ငံ၊ မီဇိုရမ္ျပည္နယ္ဘက္သို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကၿပီး အိႏၵိယစစ္တပ္က ယာယီေစာင့္ေရွာက္ေပးထားေၾကာင္း ခ်င္းေတာ္လွန္ေရးသတင္းရင္းျမစ္ႏွင့္ AA သတင္းရင္းျမစ္တခ်ိဳ႕က ေျပာဆိုသည္။

ဒီဇင္ဘာလ ၂၇ ရက္ေန႔ နံနက္ ၆ နာရီ ၁၀ မိနစ္အခ်ိန္ ပလက္ဝၿမိဳ႕ရွိ ခဝဲဗ်ဴကုန္းကိုလည္းေကာင္း၊ ဒီဇင္ဘာလ ၂၈ ရက္ေန႔ နံနက္ ၉ နာရီ ၂၀ မိနစ္အခ်ိန္ ပလက္ဝၿမိဳ႕နယ္၊ အိႏၵိယ -ျမန္မာနယ္စပ္ရွိ ပြိဳင့္ ၃၇၇ ေျခကုပ္ စခန္းကိုလည္းေကာင္း ရခိုင့္တပ္ေတာ္ – AA က အၿပီးသတ္သိမ္းပိုက္ရရွိခဲ့ေၾကာင္း

ထိုသို႔ သိမ္းပိုက္ၿပီးေနာက္ စစ္ေကာင္စီတပ္သားမ်ားသည္ လက္နက္မ်ား ယူေဆာင္၍ အိႏၵိယဘက္သို႔ ထြက္ေျပးၾကရာ စုစုေပါင္း စစ္သား ၁၅၁ ဦးကို အိႏၵိယ စစ္တပ္က ေခၚယူေစာင့္ေရွာက္ထားေၾကာင္း သိရွိရသည္

“ဒီဇင္ဘာလ ၂၉ ရက္ေန႔မွာ ပလက္ဝၿမိဳ႕နယ္၊ ျမစ္ဝစခန္း(ပြိဳင့္ ၃၇၇ စခန္း) ထြက္ေျပးလာတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၈၃ ဦးဟာ အိႏၵိယနိုင္ငံ၊ မီဇိုရမ္ျပည္နယ္၊ ေလာင္တလိုင္ ခရိုင္၊ တြီဆဲန္းရြာထဲ ၂ သုတ္နဲ႔ ဝင္ေရာက္လာတယ္

ေနာက္ထပ္ စစ္တပ္စခန္းေတြက ၆၈ ဦးလည္း ေျပးလာၾကတယ္။ စုစုေပါင္း ၁၅၁ ဦး ေျပးလာတာ။ အာသံရိုင္ဖယ္တပ္( အိႏၵိယစစ္တပ္)က အကုန္လုံးကို ေစာင့္ေရွာက္ေပးထားၿပီး ျမန္မာစစ္တပ္ဘက္ကို ျပန္လႊဲေပးဖို႔ လုပ္ေနတယ္

သူတို႔ေတြက ကိုယ္လြတ္႐ုန္းေျပးၾကတာဆိုေတာ့ ဘာ လက္နက္ႀကီးေတြ က်ည္ဆန္ေတြ မသယ္နိုင္ၾကဘူး။ အဲဒါေတြကို AA က အကုန္သိမ္းယူသြားတယ္။ ဒဏ္ရာရသူေတြလည္း ပါတယ္” ဟု အိႏၵိယ-ျမန္မာ စစ္ေရး သတင္းရင္းျမစ္က ေျပာဆိုသည္

လက္ရွိတြင္ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္အတြင္းရွိ စစ္ေကာင္စီတပ္စခန္း အမ်ားအျပားကို AA က သိမ္းယူထားၿပီး ခ်င္းေတာ္လွန္ေရးတပ္မ်ားကလည္း စစ္ေကာင္စီတပ္စခန္းတခ်ိဳ႕ကို ထိုးစစ္ဆင္လ်က္ရွိေၾကာင္း သိရွိရသည္

ပလက်၀ရှိ စစ်ကောင်စီတပ်စခန်းများကို AA က သိမ်းပိုက်ပြီးနောက် စစ်သား ၁၅၀ ကျော် အိန္ဒိယဘက်သို့ ထွက်ပြေး

ဒီဇင်ဘာ ၃၀

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင်တပ်တော် AA က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်စခန်းများမှ စစ်သား ၁၅၁ ဦးသည်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အိန္ဒိယစစ်တပ်က ယာယီစောင့်ရှောက်ပေးထားကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်နှင့် AA သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန် ပလက်ဝမြို့ရှိ ခဝဲဗျူကုန်းကိုလည်းကောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ပလက်ဝမြို့နယ်၊ အိန္ဒိယ -မြန်မာနယ်စပ်ရှိ ပွိုင့် ၃၇၇ ခြေကုပ် စခန်းကိုလည်းကောင်း ရခိုင့်တပ်တော် – AA က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း

ထိုသို့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သားများသည် လက်နက်များ ယူဆောင်၍ အိန္ဒိယဘက်သို့ ထွက်ပြေးကြရာ စုစုပေါင်း စစ်သား ၁၅၁ ဦးကို အိန္ဒိယ စစ်တပ်က ခေါ်ယူစောင့်ရှောက်ထားကြောင်း သိရှိရသည်

“ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပလက်ဝမြို့နယ်၊ မြစ်ဝစခန်း(ပွိုင့် ၃၇၇ စခန်း) ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၃ ဦးဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင် ခရိုင်၊ တွီဆဲန်းရွာထဲ ၂ သုတ်နဲ့ ဝင်ရောက်လာတယ်

နောက်ထပ် စစ်တပ်စခန်းတွေက ၆၈ ဦးလည်း ပြေးလာကြတယ်။ စုစုပေါင်း ၁၅၁ ဦး ပြေးလာတာ။ အာသံရိုင်ဖယ်တပ်( အိန္ဒိယစစ်တပ်)က အကုန်လုံးကို စောင့်ရှောက်ပေးထားပြီး မြန်မာစစ်တပ်ဘက်ကို ပြန်လွှဲပေးဖို့ လုပ်နေတယ်

သူတို့တွေက ကိုယ်လွတ်ရုန်းပြေးကြတာဆိုတော့ ဘာ လက်နက်ကြီးတွေ ကျည်ဆန်တွေ မသယ်နိုင်ကြဘူး။ အဲဒါတွေကို AA က အကုန်သိမ်းယူသွားတယ်။ ဒဏ်ရာရသူတွေလည်း ပါတယ်” ဟု အိန္ဒိယ-မြန်မာ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်

လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို AA က သိမ်းယူထားပြီး ချင်းတော်လှန်ရေးတပ်များကလည်း စစ်ကောင်စီတပ်စခန်းတချို့ကို ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *