မြ၀တီမြို့သိမ်းတိုက်ပွဲ စတင်ပါပီဗျား

မြဝတီမြို့ပြင်တွင် တိုက်ပွဲ စတင်ဖြစ်ပွားနေပြီး စိမ်းလဲ့မြိုင်ကားဝင်းအနီး အေးသုခကျေးရွာသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကျဲ၊ ခလရ ၂၇၅ တပ်က လက်နက်ကြီးများ စတင်ပစ်ခတ်နေပြီး မြဝတီမြို့ရှိ ဘဏ်နှင့်ရွှေဆိုင်များ၊ ဈေးများအားလုံးပိတ်ထား

ရန်ကုန်၊ ဧပြီ ၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့၊ စိမ်းလဲ့မြိုင်ကားဝင်းအနီး အေးသုခကျေးရွာသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကျဲပြီး ခလရ ၂၇၅က လက်နက်ကြီးများ စတင်ပစ်ခတ်နေကြောင်း မြဝတီမြို့ အခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီနေ့မွန်းလွဲပိုင်းမှာ စပစ်ကြပြီ။ ခလရ ၂၇၅ က လက်နက်ကြီးတွေ စပစ်တယ်။ တိုက်လေယာဉ်တွေက အေးသုခ ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကို ဗုံးတွေကျဲတယ်။ ခလရ ၂၇၅ က မြဝတီမြို့ပြင်မှာရှိတာ။ အေးသုခ ရွာနားမှာပဲ။ နေအိမ်တွေ မီးလောင်တာရှိတယ်ပြောပေမယ့် သေချာတော့ မသိရသေးဘူး။ ပစ်ခတ်သံတွေတော့ကြားနေရတယ်” ဟု မြဝတီမြို့မှ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

မြဝတီမြို့ပေါ်ရှိ ဘဏ်များ၊ ရွှေဆိုင်များ၊ လုပ်ငန်းများ နှင့် မြို့မဈေးကြီးမှာ ယမန်နေ့ ဧပြီလ ၈ ရက်နေ့မှ စတင်ပိတ်ထားပြီး ယနေ့ ဧပြီလ ၉ ရက်နေ့တွင်လည်း ဆက်လက်ပိတ်ထားကြောင်း၊ မြန်မာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ မရသဖြင့် ထိုင်းဖုန်းနှင့် အင်တာနက်လိုင်းများကို အဓိက အသုံးပြုနေရကြောင်း၊ ကုန်ဈေးနှုန်းများလည်း မြင့်တက်နေကြောင်း သိရှိရသည်။

“ဘဏ်၊ ရွှေဆိုင်နဲ့ မြို့မဈေးက မနေ့ကလည်း ပိတ်တယ်။ ဒီနေ့လည်း ဆက်ပိတ်ထားတယ်။ အင်တာနက်လိုင်းမရတော့ အွန်လိုင်း ငွေကြေး စီးဆင်းမှု ပြတ်တောက်နေတယ်။ ထိုင်းဖုန်းရတဲ့နေရာမှာတော့ ငွေလဲလို့ရတယ်။ ဒါပေမယ့် ရာခိုင်နှုန်းမြင့်တက်သွားတယ် ။ ကုန်ဈေးနှုန်း ၂ ဆက်တယ်။ ဆန်ကြမ်း တစ်ပြည်ကို ၇၀၀၀ လောက် ဖြစ်နေတယ်။ မြို့ခံတွေကတော့ တစ်နေ့လောက်ကတည်းက စပြေးနေကြပြီ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

The battle started outside Myawati city, and the military council army bombarded Aye Thukha village near the green Myain car yard. The 275th army of Khlara started firing heavy weapons and destroyed the banks and gold shops in Myavati town. All markets are closed

Yangon, April 9

Karen State Myawati Township, Myavati City A military source based in Myawati told the Yangon Modern News Agency that the Military Council Air Force bombed Aye Thukha Village near the Green Myain Car Park and the Khlara 275 began firing heavy weapons.

“They started firing this afternoon. Khlara 275 started firing heavy weapons. The fighter jets dropped bombs on Ayethukha village and the surrounding area. Khlara 275 is outside Myawati town. Near Ayethukha village. They say there are houses on fire, but we don’t know for sure. We can hear the sound of shooting,” said a military source from Myawati town.

Banks in Myawady gold shops Businesses and city markets have been closed since yesterday, April 8, and will continue to be closed today, April 9. Myanmar phone lines and internet lines are not available, so they are mainly using Thai phone lines and internet lines. It is known that prices are also rising.

“Banks, gold shops, and the city market were closed yesterday. They are still closed today. There is no internet connection, so the flow of online money is interrupted. You can exchange money where you have a Thai phone. But the percentage has increased. The price of raw rice is about 7,000 per country. Residents have been running for about a day,” said a local resident.

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *