ဒုချုပ်စိုးဝင်းကို ဒီနေ့လည်း ထပ်ဗျင်းပြန်ပီဗျား

မော်လမြိုင် ရတခဌာနချုပ်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေချိန် ကာမီကာဇေ Fixed Wing Drone များဖြင့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၉

မွန်ပြည်နယ်၊ မော်လမြိုင် ရတခဌာနချုပ်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေချိန် ကာမီကာဇေ Fixed Wing Drone များဖြင့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်လိုက်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)အတွင်း အထူးစစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေသည့် အားကစားခန်းမနှင့် စစ်ရဟတ်ယာဉ် ၂စီးရပ်ထားသောကွင်းနေရာတို့အား ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲက ကာမီကာဇေ Fixed Wing Drone များဖြင့် ဒုတိယအကြိမ်မြောက် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မော်လမြိုင်မြို့မှ ပြည်သူများကမူ ပေါက်ကွဲသံ အကျယ်ကြီးတစ်ချက် ထွက်ပေါ်လာပြီးနောက် ဆက်တိုက်ပေါက်ကွဲသံများကြားရကြောင်း ပြောဆိုကြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အထူးစစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေသည့် စစ်ကောင်စီဒုခေါင်းဆောင် စိုးဝင်းအပါအဝင်၊ ရတခ တိုင်းမှူး၊ တပ်မမှူးများ၊ ဗျူဟာမှူးများနှင့် စစ်ဆင်ရေးအရာရှိအကြီးပိုင်းတချို့ ထိခိုက်နိုင်ကြောင်း၊ ထိခိုက်မှု သတင်း စုံစမ်းရန် ခက်ခဲနေကြောင်း၊

သို့သော် ရတခတိုင်းရှေ့လမ်းမကို ပိတ်လိုက်ကြောင်း၊စစ်ကားများ လေဆိပ်ဘက် ထွက်ခွာသွားကြောင်း၊ တိုင်းထဲမှ မြန်မာနိုင်ငံဘတ်တံဆိပ်တပ် ပျောက်ကြားဝတ်စုံစစ်သားများ ပါသော ကားသုံးစီးထွက်လာကြောင်း မျက်မြင်ဒေသခံများက ဆိုကြသည်။

“စိုးဝင်းကို မနေ့ကတည်းက ကိုင်တာ၊ လန့်ရုံ တုန်လှုပ်ရုံပဲဖြစ်ပြီး ရတခထဲက မပြန်သေးဘဲ အစည်းအဝေးဆက်လုပ်မယ်ဆိုတာ သိရလို့ ဒီနေ့ မကြေပွဲ နောက်တခေါက်ထပ်ကိုင်ခြင်းဖြစ်တယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ယနေ့တိုက်ခိုက်မှုကြောင့် ရဟတ်ယာဉ်၂စီးအနက် တစ်စီးသာ ပြန်တက်ထွက်ခွာနိုင်ပြီး အခြားတစ်စီးမှာမူ မတက်နိုင်ဖြစ်နေကြောင်း ၊ ကာမီကာဇေဒရုန်းစာမိသွားနိုင်ကြောင်း သိရှိရသည်။

While Vice Commander Soe Win was holding an operational meeting at the Mawlamyine Ratakha headquarters, Kamikaze Fixed Wing Drones attacked for the second time.

Yangon, April 9

Mon State A revolutionary news source told the Yangon New Times that the Kamikaze Fixed Wing Drone attacked for the second time while Deputy Commander Soe Win was holding an operational meeting at Mawlam Myain Ratakha headquarters.

On April 9, at 1:30 p.m., the Alpha Bats unit of the Shah Htoo War Technical Force attacked the gymnasium where a special operations meeting was being held and the field where 2 military helicopters were parked in the Mawlamyine Southeast Military Command (RATA) for the second time with kamikaze Fixed Wing Drones.

Residents of Mawlamyine reported hearing a series of explosions after a loud explosion.

Including Soe Win, deputy leader of the military council, who was holding a special operations meeting due to the attack. The head of Ratakha, Commanders, Some senior strategists and operational officers may be affected; It is difficult to investigate damage reports.

However, the road in front of Ratakhain was closed, and the military vehicles left for the airport. Local eyewitnesses said that three cars with Burmese baht-branded soldiers in camouflage uniforms came out of the area.

“We have been holding Soe Win since yesterday, he is just shocked and he has not returned from the meeting, so we are holding him again today because we know that the meeting will continue,” said a revolutionary news source.

Furthermore, due to today’s attack, only one of the 2 helicopters was able to take off and the other one was unable to take off. It is known that Kamikazedrone may be ingested.

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *