မင်းတို့အဘက သူ့ငွေတွေလာသယ်တာ မင်းတို့ကိုလာကယ်တာမဟုတ်ဘူး မှတ်ပြီလား။

Update News- မြဝတီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တချို့မှ ငွေကြေးများကို သေတ္တာများဖြင့် ထည့်၍ စစ်ကောင်စီလေယာဉ်က မဲဆောက်လေဆိပ်မှ ရန်ကုန်သို့ သယ်ဆောင်သွား

■ မြဝတီမြို့မှ ဝန်ထမ်းများ လေယာဉ်ဖြင့် လိုက်ပါမှု ရှိ၊ မရှိ မရေမရာ ဖြစ်နေ

ရန်ကုန်၊ ဧပြီ ၈

အကြမ်းဖက်စစ်ကောင်စီက စေလွှတ်လိုက်သော ATR 72-600 လေယာဉ်သည် မြဝတီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ဘဏ်တချို့မှ ငွေကြေးများကို သေတ္တာပုံများဖြင့် ထည့်၍ မဲဆောက်လေဆိပ်မှတစ်ဆင့် ရန်ကုန်သို့ သယ်ဆောင်သွားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၇ ရက်နေ့ ညပိုင်း ထိုင်းစံတော်ချိန် ၈ နာရီ ၃၀ မိနစ်ဝန်းကျင် မဲဆောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့သော စစ်ကောင်စီ၏ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ၏ ATR 72-600 လေယာဉ်သည် မြဝတီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိကဘဏ်တချို့မှ ငွေကြေးများကို သေတ္တာများဖြင့် ထည့်ကာ ရန်ကုန်လေဆိပ်သို့ တင်ဆောင်၍ ထွက်ခွာသွားခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီ ဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင်များ လိုက်ပါ ခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သိရှိရသည်။

“လေယာဉ်နဲ့ သေတ္တာတွေတင်လာတာ ငွေကြေးတွေလို့ သိရတယ်။ မြဝတီမှာရှိတဲ့ ဘဏ်တွေက ပိုက်ဆံတွေကို Box တွေနဲ့ထည့်ပြီး အမှတ် ၂ တံတားကနေ ဝင်တယ်လို့ ယေဘုယျ သိရတယ်။ မြဝတီမြို့က ဝန်ထမ်းတွေ ပါတာလား၊ မပါတာ လားတော့ အဲဒါတော့ သေသေချာချာ မသိရသေးဘူး။ ငွေတွေအားလုံး ရွှေ့တာကတော့ သေချာ ပေါက် အတည်ပြုလို့ရတယ်။ အခြေအနေက အရမ်းရှုပ်ထွေးနေတယ်လို့ ပြောလို့ရတယ်။ ဒီလေယာဉ်တွေက အဖမ်းခံထားရတဲ့ စစ်သုံ့ပန်းတွေ ပြန်ခေါ်မလား၊ ပိတ်မိနေတဲ့ မြို့ပေါ် ဝန်ထမ်းတွေပဲ ရွှေ့မလား၊ အဲဒါတွေလည်း ရေရေရာရာ မရှိဘူး” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီက ဧပြီလ ၇ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ မဲဆောက်- ရန်ကုန်မြို့သို့ အရေးပေါ် အထူးကိစ္စဖြင့် လေယာဉ်များ ပြေးဆွဲမည်ဖြစ်ပြီး အဓိကအားဖြင့် မြဝတီမြို့မှ ဝန်ထမ်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အ ရေး ပေါ် ရွှေ့ပြောင်းမည်ဖြစ်ကြောင်း သိရှိရသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *