အဲ့လောက်ကွက်တိကြီးကြ အားနာလိုက်တာရှန်

အောက်ဆုံးတွင် ရုပ်သံဖိုင်ပါသည်

ပေါက်မြို့နယ်၊ ကုက္ကိုစု ပျူစောထီးရွာသို့ ရိက္ခာလာပို့သော စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ မှု စစ်သားများ သေဆုံး (ရုပ်/သံ)

ရန်ကုန်၊ ဧပြီ ၈

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစု ပျူစောထီးရွာကို ရိက္ခာလာပို့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် ပေါက်မြို့နယ် ရေပြာကျေးရွာရဲစခန်းမှ ကုက္ကိုစုပျူစောထီးရွာကို ရိက္ခာကား ၂ စီး၊ jammer ကား ၁ စီးနှင့် ရှေ့ပြေး ထွက်ခွာလာ‌‌သော စစ်သားနှင့် ပျူစောထီး အင်အား ၅၀ ခန့်ကို ကုက္ကိုလ်စု ပျူစောထီးရွာ ဘုရားကုန်း တောင်ဘက် မီတာ ၃၀၀ ကျော်ခန့်အကွာ လက်ပံပင်အောက် အရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ပေပါမိုင်း အကြီး ၂ လုံးတွဲဖြင့် မိုင်းဆွဲ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ပေပါမိုင်း အနီးကို ရောက်ရှိနေသည့် စစ်သားနှင့် ပျူစောထီး ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကျန်ရှိနေသူများက ထမ်းစင်များဖြင့် သယ်ထုတ်သွားကြောင်း၊ ယင်းသို့ သယ်ထုတ်လာစဉ် မကျီးစင်လမ်းဆုံအရောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက တိုက်မိုင်းများဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး ထပ်မံသေဆုံးခဲ့ပြီး ပျူစောထီး ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁ ၊ ပေါက် ပကဖ၊ BLY ပြောက်ကျားတပ်ဖွဲ (ပေါက်)၊ FRF အထူးတပ်ဖွဲ (၂) ၊ ပခုက္ကူခရိုင် တပ်ရင်း (၁၆) တပ်ခွဲ (၂) ၊ NPRF (ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး) တို့မှ ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *