အဘက မနေ့က ကရင်ပြည်နယ်မှာလှူတယ် ဒီနေ့ ရခိုင်မှာ ထပ်ပြီးလှူတယ် အများကြီးပဲ

မောင်တောရှိ ၊နယ်ခြားစောင့်စခန်းအမှတ်(၂၄) ဗျူဟာကို AAသိမ်းပိုက်

ဇော်ရမ်း/People’s Spring

မောင်တောမြို့နယ်ရှိ ၊နယ်ခြားစောင့်စခန်းအမှတ်(၂၄) ဗျူဟာကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ နံနက်ပိုင်းတွင်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်ကလည်း မောင်တောနှင့်ဘူးသီးတောင်မြို့နယ်များကို အင်အားတိုးနေကြောင်း ဒေသခံများကပြောသည်။အမှတ်(၂၄) ဗျူဟာသည် စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ အခိုင်အမာတပ်စွဲထားသည့်နေရာဖြစ်ပြီး AAက ဧပြီလဆန်းတွင် စတင်ထိုးစစ်စင်တိုက်ခိုက်ပြီး ဧပြီလ ၇ ရက်တွင် သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း မောင်တောမြို့နယ်မှဒေသခံတစ်ဦးကပြောသည်။

“လက်နက်ချခိုင်းတာ မချတော့ တက်သိမ်းတာ။ တပ်တော်က ပြေးပေါက်ဖွင့်ပေးထားတော့ ကြိမ်ချောင်ရွာဘက်ကို ထွက်ပြေးသွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ကြိမ်ချောင်းရွာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(၇) ရှိနေပြီး အမှတ်(၂၄) ဗျူဟာမှ ထွက်ပြေးသွားသော စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များသည် ယင်းနေရာ၍၌ စုစည်းနေကြကြောင်းသိရသည်။

နယ်ခြားစောင့်စခန်းအမှတ်(၂၄) ဗျူဟာသည် မောင်တောမြို့နယ် မြောက်ပိုင်း၌ တည်ရှိသည်။ AAသည် မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် စခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်နေသည်။မောင်တောမြို့နယ် မြောက်ပိုင်းရှိ နယ်မြေ (၄) စခန်းမှ နယ်ခြားစောင့်စခန်း၊ဇီးပင်ချောင်း နယ်ခြားစောင့်စခန်းမှ အင်အား ၂၀၀ ကျော်ခန့်သည်ဖေဖော်ဝါရီ ၆ရက်နေ့က စခန်းကို စွန့်ခွာသွားခဲ့ကြသည်။

ဖေဖော်ဝါရီ ၄ ၊၅ ၊၆ ရက်တို့တွင်လည်း AA က မောင်တောမြို့နယ် ၊ တောင်ပြို (လက်ဝဲ ၊လက်ယာ )ရှိစစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။အဆိုပါနယ်ခြားစောင့်စခန်းများမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်ရာနှင့် ချီ၍ ဘဂ်လားဒေရှိသို့ ထွက်ပြေးခဲ့ကြသည်။

အလားတူ မတ်လ ၁၁ ရက်တွင် မောင်တောမြို့နယ်ရှိ အောင်သပြေ နယ်ခြားစောင့်စခန်းကိုလည်း လက်နက်မချသဖြင့် AA ကတိုက်ခိုက်ရာနယ်ခြားစောင့်ရဲ ၁၈၀ ခန့် ဘဂ်လားဒေရှိသို့ ထွက်ပြေးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။

နယ်ခြားစောင့်ရဲစခန်းများအပြင် စစ်ကောင်စီတပ်စခန်းများကိုလည်း AA ကတိုက်ခိုက်သိမ်းပိုက်နေပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လ (၁၉) ရက်နေ့တွင် မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီစခန်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆာင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းထုတ်ပြန်ထားသည်။

လတ်တလောတွင် မောင်တောမြောက်ပိုင်း၌ ကျီးကန်ပြင် နယ်ခြားစောင့် စခန်းဌာနချုပ်ကျန်ရှိနေပြီး AAက ဝန်းရံပိတ်ဆို့ထားသည်။AAသည် မောင်တောနှင့်ထိစပ်နေသော ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီစခန်းအချို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားသည်။ဘူးသီးတောင်အခြေစိုက် စကခ ၁၅ လက်အောက်ရှိ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၅) ရက်တွင်သိမ်းပိုက်ခဲ့သည်။ ထိုအပြင် AA က ခမရ ၅၅၂ ကိုလည်း မတ်လ ၂၇ ရက်တွင်သိမ်းပိုက်ထားသည်။

ကားလမ်း ၁၆ မိုင်ရှည်သည် မောင်တော-ဘူးသီးတောင် ကားလမ်းကိုလည်း AAက ထိန်းချုပ်ထားသည်ဟု ဒေသခံများကပြောသည်။”ပြောရရင် မြို့ထဲပဲ ကျန်တော့တယ်။ ကျန်တာတွေက တပ်တော်က သိမ်းထားတာတွေရော၊ ထိုးစစ်ဆင်နေဆဲရော။စစ်တပ်က‌တော့ လေကြောင်းကနေပစ်တာရှိတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ယခုအခါ စစ်ကောင်စီက ဘူးသီးတောင်နှင့် မောင်တောဒေသသို့ ရေလမ်းအသုံးပြု၍ စစ်အင်အားတိုးချဲ့နေကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရမ်းဗြဲကျွန်း၊ ရသေ့တောင်မြို့နယ်တို့၌ ဖြစ်ပွားသောတိုက်ပွဲများသို့ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ဧရာဝတီတိုင်းရှိ တပ်ရင်းများကို စစ်ကောင်စီက ပို့ဆောင်ခဲ့ပြီး မကြာမီ တပ်ရင်းလိုက် AA၏ဖမ်းဆီးခြင်း၊ချေမှုန်းခြင်း ခံခဲ့ရဖူးသည်။ ထိုစဉ်က ရက္ခိုင့်တပ်တော်၏ ဖမ်းဆီးခံရသည် ဧရာဝတီတိုင်း၊ကျုံပျော်မြို့အခြေစိုက် ခလရ(၃၆) မှ စစ်ကောင်စီအရာရှိတစ်ဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံကြရန် ရုပ်သံမှတသစ်ဆင့် တိုက်တွန်းဖူးသည်။

(မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ ရှိစစ်ကောင်စီနယ်ခြားစောင့်တပ်စခန်းများသိမ်းပိုက်စဉ်နှင့်အောင်သပြေနယ်ခြားစောင့်စခန်းများကို AAက ဖေဖော်ဝါရီနှင့် မတ်လတွင် တိုက်ခိုက်သိမ်းပိုက်စဉ် သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-AA Info Desk )

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *