ရွှေရန်ကုန်ကြီး ပွဲတွေစိတ်လှပါလား…

အောင်မင်္ဂလာအဝေးပြေးမျက်နှာချင်းဆိုင် စစ်တပ်ဝင်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား ၊ မြောက်ဒဂုံတွင်လည်း ပေါက်ကွဲမှုဖြစ်

ရန်ကုန်၊ ဧပြီ ၇

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဝင်းရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝင်းအနီးတွင် ယမန်နေ့ညပိုင်း ဗုံး ၂ လုံးပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၆ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန် အောင်မင်္ဂလာအဝေးပြေးကွင်းနှင့် မျက်နှာချင်းဆိုင် စစ်တပ် ဝင်းအနီးတွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားကြောင်း၊ ပေါက်ကွဲမှု ၂ ကြိမ်သည် ၃ မိနစ်သာခြား၍ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၊ ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က အောင်မင်္ဂလာအဝေးပြေးဝင်း ပတ်ပတ်လည်နှင့် ရေဝေးသုဿာန်အဝင်လမ်းများကို ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“မနေ့ ည ၉ နာရီ ၁၅ မိနစ်မှာ အောင်မင်္ဂလာ အဝေးပြေးကွင်း မျက်နှာချင်းဆိုင် စစ်တပ်ဝင်းနားမှာ ဗုံးပေါက်တယ်။ ဗုံးပေါက်တဲ့အသံက အတော်ကို ကျယ်လောင်စွာကြားရတယ်။ ဗုံး ၂ လုံးက ၃ မိနစ်လောက်ခြားပေါက်တယ်။ ဗုံးပေါက်ပြီးတော့ ရေဝေးသုသာန် အဝင်လမ်း ရပ်ကွက်ထိပ်မှာ Double Cab ၂ စီး အရပ်ဝတ်၊

စစ်တပ်၊ ရဲ၊ အကုန် ဌာနပေါင်းစုံ အစုံပဲ ။ လမ်းလျှောက် / စက်ဘီး အကုန်စစ် ဖုန်းစစ်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ယမန်နေ့ ညပိုင်းဗုံးပေါက်ပြီးနောက် မြောက်ဥက္ကလာ လမ်းမပေါ် အဝေးပြေးကားဝင်း မရောက်မီနေရာမှ ကန်သာယာ ပန်းခြံနားအထိ စစ်ကောင်စီက လူများ၊ ကားများကို ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင်လည်း ယမန်နေ့ညပိုင်း ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ပြီးနောက် ဆေးရုံကားသံများ ကြားရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

” ဦးတို့ မြောက်ဒဂုံဘက်ကတော့ ဗုံးပေါက်ကွဲသံ ၂ ချက် ပီပီသသကြားရတယ်။ နောက်တော့ ဆေးရုံကားသံတွေလည်းကြားရတယ်။ မနေ့ည ၉ နာရီကျော်ပဲ ကြားရတာ” ဟု ဒေသပြည်သူတစ်ဦး ရှင်းပြသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *