ကေဘယ်ကြိုးလေးတောင် မပြင်လိုက်ရဘူးး

အုတ်ဖိုတွင် စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများကို ဖြတ်တောက်၍ စစ်တပ်ကို မျှားခေါ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဧပြီ ၂

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်ကြိုးကို ဖြတ်တောက် မျှားခေါ်ပြီး အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၁၀ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဧပြီလ ၁ ရက်နေ့ ည ၁၁ နာရီခန့်အချိန် အုတ်ဖိုမြို့နယ်၊ ဝင်းသရက်ကျေးရွာ ချောင်းကမ်းပါးရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဘက်ဆိုင်ရာသုံး ဆက်သွယ်ရေး ကေဘယ်လ်ကြိုးကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က ဖြတ်တောက် ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဧပြီလ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အဆိုပါ ပြတ်တောက်သွားသော ဆက်သွယ်ရေး ကေဘယ်လ်ကြိုးများကို ပြင်ဆင်ရန် တိမ်မြုပ်ကျေးရွာ အခြေစိုက် ခမရ ၆ မှ စစ်သား ၂၀ ကျော်ခန့်က ခြေလျင်ထွက်လာစဉ် ထန်းပင်ကုန်းကျေးရွာနှင့် ဝင်းသရက်ကျေးရွာအကြားတွင် တော်လှန်ရေး ရဲဘော်များက ပဒေသာမိုင်း ၁ဝ လုံးတွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၇ ဦး ပြင်းထန် ဒဏ်ရာ ရရှိကာ လူနာတင်ယာဉ် ၃ စီးဖြင့် လာရောက် သယ်ဆောင်သွားကြောင်း၊ အဆိုပါ ထိခိုက် ဒဏ်ရာရရှိသူများထဲမှ ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

“ဝင်းသရက် ရွာဘေးက ချောင်းထဲမှာ ပေါ်နေတဲ့ စစ်တပ်သုံး မြေအောက် ဆက်သွယ်ရေးကြိုးကို မနေ့က ည ၁၁ နာရီလောက်မှာ ဖြတ်လိုက်တာ အဲ့ကြိုး ဖြတ်ခံရရင် စစ်ခွေးတွေလာမယ်ဆိုတာသိလို့ သူတို့လာမယ့် လမ်းမှာ မိုင်းထောင်ပြီး စောင့်နေတာ နံနက်က၉ နာရီလောက်မှာ ထန်းပင်ကုန်း ဘက်ကနေ ဝင်းသရက်ကို စစ်ခွေး ၂၁ ကောင် လာတာမြင်ပြီး မိုင်းကွင်းထဲ အရောက်မှာ ပဒေသာ မိုင်း ၅ လုံးတွဲ ၂ ခိုင် ၁၀ လုံးနဲ့ ခွဲလိုက်တာ ရှေ့ဆုံးက စစ်ခွေး ၆ ကောင် နေရာမှာတင် မြှောက်တက်ပြီး သေကုန်တာ။

စစ်ခွေး ၇ ကောင်ကတော့ မိုင်းစတွေမှန်ပြီး ဒဏ်ရာတွေအပြင်းအထန် ရသွားတယ်။ မိုင်းဆွဲပြီး သိပ်မကြာဘူး လူနာတင်ယာဉ် ၃ စီးနဲ့ မသာတွေနဲ့ ဒဏ်ရာရသူတွေကို သယ်သွားတယ်။ အခု ထပ်ကြားရတာကတော့ ဒဏ်ရာရတဲ့ ၇ ကောင်ထဲက ၄ ကောင်ထပ်သေတယ်လို့ သိရတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူက ပြောဆိုသည်။

 

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *