ဒါကြီးကတော့ စကေး ကြမ်းလွန်းသွားပီ

နေပြည်တော်မှာ မိုင်းတပ်ဆင်ပြီး အဝေးထိန်းစနစ်နဲ့ မောင်းနိုင်အောင် ဖန်တီးထားတဲ့ ကားတစ်စီး တွေ့ရှိ၊

ဒေါ်လာ/MFP ၊ ဧပြီ – ၃

အာဏာသိမ်း စစ်အုပ်စု အခြေပြုရာ နေပြည်တော်က ဟိုတယ်ဇုန်(၁)ထဲမှာ ဧပြီ(၁)ရက် နေ့လယ်ပိုင်းက မိုင်းတွေ တပ်ဆင်ပြီး အဝေးထိန်းစနစ်နဲ့ မောင်းနှင်လို့ရအောင် ဖန်တီးထားတဲ့ ကားတစ်စီး တွေ့ရှိလို့ စစ်အုပ်စုက လာရောက်ဖြုတ်ယူ သိမ်းဆည်းသွားတယ်လို့ သတင်းရရှိပါတယ်။
MFP က ရရှိတဲ့ ရဲမှတ်တမ်းအရ ဧပြီ(၁)ရက် နေ့လည်(၁၂)နာရီခွဲအချိန် နေပြည်တော်၊ ဟိုတယ်ဇုန် (၁)၊ Navata ဟိုတယ်ရှေ့မှာ 5F —- တိုယိုတာ Passo အဖြူရောင် ကားတစ်စီး မသင်္ကါဖွယ်ရာ ရပ်တန့်ထားကြောင်း ဟိုတယ်တာဝန်ခံက စစ်အုပ်စုထံ ဖုန်းဆက် သတင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုရဲ့ မြို့နယ် စီမံကော်မတီအဖွဲ့က ဗိုလ်မှူး ကျော်ဇင်အောင်၊ ဒက္ခိဏသီရိ မြို့နယ် ရဲမှူး လှစိုး အပါအဝင် စစ်အုပ်စုတချို့ သွားရောက် စစ်ဆေးခဲ့ရာ ကားဟာ ဦးဖိုးသော် ဆိုသူ ပိုင်ဆိုင်တဲ့ ကားဖြစ်ပြီး မတ်(၂၄)ရက်ကတည်းက အဲ့ဒီ ကားကို ထားခဲ့တာဖြစ်ကြောင်း၊ ကားထိုင်ခုံ ရှေ့ခုံတွေကို ဖြုတ်ထားပြီး သစ်သားတွေ တပ်ဆင်ကာ အဝေးထိန်း စနစ် မောင်းနှင်နိုင်တဲ့ ပုံစံပြုလုပ်ထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း – စအရ ၉၂၀ က ဗိုလ်ကြီး အောင်အောင် ဦးစီးတဲ့ စစ်အုပ်စု ကိုးယောက်ပါ မိုင်းရှင်းအဖွဲ့ကို ခေါ်ကာ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ခဲ့တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီ မိုင်းတပ်ဆင်ပြီး အဝေးထိန်းစနစ်နဲ့ မောင်းနှင်နိုင်အောင် ဖန်တီးထားတဲ့ ကားတစ်စီး တွေ့ရှိမှုနဲ့ ပတ်သက်ပြီး MFP အနေနဲ့ သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

စစ်အာဏာသိမ်းစနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ အတွင်း နေပြည်တော်က စစ်အုပ်စုနဲ့ ဆက်စပ်တဲ့နေရာတွေကို တော်လှန်ရေး တပ်တွေက ဖောက်ခွဲတိုက်ခိုက်တာ၊ ရှော့ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိ နေပြည်တော်မှာတော့ စစ်အုပ်စုက သင်္ကြန်ပွဲအတွက် လုံးပန်းနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေပြည်တော် ဟိုတယ်ဇုန်ထဲမှာ တွေ့ရတဲ့ ကား/Photo – စစ်အုပ်စု

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *