အပိုင်တွေကြီး တေ့ဖြုတ်တာဟေ့

ရေစကြိုတွင် ခလရ ၂၅၈ တပ်မှ စစ်သားများလိုက်ပါသော အိမ်စီးကားကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်း ဆည်းရရှိ(ရုပ်/သံ)

ရန်ကုန်၊ ဧပြီ ၂

မကွေးတိုင်း၊ ရေစကြိုမြို့ ခလရ ၂၅၈ တပ်မှ စစ်သားများလိုက်ပါသော အိမ်စီးကားကို တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံ သို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့်က ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်းအတွင်း မှ အိမ်စီးကားဖြင့် ရေစကြိုမြို့ ရုံးပေါင်းစုံသို့ ပြန်လာသော အကြမ်းဖက်စစ်သား ၇ ဦးကို ရေစကြိုမြို့ အဝင်တနေရာတွင် တော်လှန်ရေးတပ်များက စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ် စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း၊ ကျန်စစ်သားများလည်းထွက်ပြေးသွားကြောင်း သိရသည်။

“သူတို့က ရုံးပေါင်းစုံထဲမှာ တပ်စွဲ ထားတဲ့ စစ်ခွေးတွေ၊ ခလရ ၂၅၈ ထဲကနေ ရေစကြိုမြို့ ရုံးပေါင်း စုံထဲကို အာရာဖတ်ကားအမျိုးအစားနဲ့ပြန်လာတာ၊ အဲဒါကို ရေစကြိုမြို့အဝင်နေ စောင့်ပစ်တာ၊ ကား ကတော့ ကျန်ခဲ့တယ်၊ ၃ ကောင်သေပြီး ကျန်တဲ့သူတွေက ဒဏ်ရာရပြီး ထွက်ပြေးသွားတာ၊ ကျနော် တို့ရဲဘော်တွေကိုလည်း ပြန်ပစ်တယ်။ ဒါပေမယ့် မထိပါဘူး၊ တိုက်ပွဲဖြစ်တုန်းကတော့ စစ်ကူမလာပါ ဘူး၊ ခဏနေကတော့ တိုက်ပွဲဖြစ်တဲ့နေရာကို ရောက်လာတယ်” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော MA 4 သေနတ် တစ်လက်၊ MA1 သေနတ် တစ်လက် ၊ ၄၀ မမ ဗုံးသီး ၃ လုံးနှင့် ၅ ဒသမ ၅၆ ကျည် အတောင့် ၁၆၀ တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ နှင့် ပခုက္ကူခရိုင် တပ်ရင်း အမှတ် ၉ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *