တိုင္းမႉး ႏွင့္ စစ္ေတြဒကစမႉး ထိုးႀကိတ္မႈျဖစ္၊ တိုင္းမႉး သြားက်ိဳးၿပီး ဒကစမႉး ႏွာေခါင္း႐ိုးက်ိဳး

ရခိုင်တွင် စစ်ရေးအရ အကြီးအကျယ် ရှုံးနိမ့်မှု အပေါ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး နှင့် စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်တို့ ရန်ဖြစ် စကားများရာမှ ထိုးကြိတ်မှုဖြစ်၊ တိုင်းမှူး သွားကျိုးပြီး ဒကစမှူး နှာခေါင်းရိုးကျိုး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်နယ်တွင် စစ်ရေးအရ အကြီးအကျယ်ရှုံးနိမ့်နေမှုနှင့်ပတ်သက်ပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ထင်လတ်ဦးနှင့် စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်တို့ ရန်ဖြစ်စကားများကြရာမှ ထိုးကြိတ်မှုဖြစ်ကြကြောင်း ရခိုင်ပြည် နယ်စစ်ကောင်စီရုံးထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များ အကြီးအကျယ်ရှုံးနိမ့်နေမှု၊ ရခိုင်တောင်ပိုင်းအထိပါ စစ်မီးများ ကူးစက်လာမှုအပေါ် ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးက စစ်တွေဒကစမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်အပေါ် ပြစ်တင် စကားဆိုရာမှ ရန်ဖြစ်ကြခြင်းဖြစ်ကြောင်း၊ ယင်းနောက် ကိုယ်ထိလက်ရောက် ထိုးကြိတ်ကြရာမှ ဗိုလ်ချုပ်ထင်လတ်ဦး သွားကျိုးပြီး ဗိုလ်မှူးချုပ် မျိုးမင်းလတ်မှာမူ နှာခေါင်းရိုးကျိုးသွားကြောင်း၊ ရန်ဖြစ်မှုကို စစ်ကောင်စီက စုံခုံဖွဲ့၍ အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။

“ဖြစ်တာကတော့ မင်းတို့ အလုပ်သင်တွေ စောက်သုံးမကျဘူးဆိုပြီး တိုင်းမှူးက စအော်ရာက စတယ်။ အဓိက တိုင်းမှူးက စစ်ဆင်ရေးတွေမှာ ရှုံးနိမ့်နေတာ ဒကစမှူးကြောင့်လို့ အပြစ်ပုံချတာ။ ဒကစမှူးကလည်း သိပ်မကြာသေးဘူး ပြောင်းလာတာ။ သူက အလုပ်သင် ၂၆ ကျောင်းဆင်း ၊ တိုင်းမှူးက DSA အပတ်စဉ် ၃၅ ဆင်း။ စစ်ဆင်ရေးတွေ ရှုံးနိမ့်တဲ့အပေါ်မှာ တိုင်းမှူးက ဒကစမှူးကို ဆဲတယ်၊ အပြစ်တင်တယ်။

ဒကစမှူးက လက်ရှိ တပ်မမှူးတွေအနေနဲ့ AA ကို ပြန်လည်ခုခံရာမှာ အဖမ်းခံရရင် အဖမ်းခံ၊ မခံရင် အသေခံတိုက်ရမယ့် အခြေအနေလို့ တင်ပြတယ်။ တိုင်းမှူးက မင်းတို့ အလုပ်သင်တွေ စောက်သုံးမကျဘူးဆိုပြီး အပြစ်တင်တယ်။ တိုင်းမှူးက ဒကစမှူးကို အပြစ်တင်တော့ ဒကစမှူးက ပြန်အော်တယ်။ ပြန်အော်တော့ တိုင်းမှူးက ဒကစမှူးကို ထိုးတယ်။ ဒကစမှူး နှာခေါင်းရိုးကျိုးတယ်။ ဒကစမှူးက ပြန်ထိုးတော့ တိုင်းမှူးက လည်ထွက်ပြီးတော့ လဲကျရာက ခုံနဲ့သွားရိုက်မိတာ သွားကျိုးတယ်” ဟု ရခိုင် ပြည်နယ် စစ်ကောင်စီရုံးသတင်းရင်းမြစ်က ဆိုသည်။

ဗိုလ်ချုပ်ထင်လတ်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၅ ကျောင်းဆင်းဖြစ်ပြီး စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် ရခိုင်ပြည်နယ်တိုင်းမှူး အဖြစ် ရောက်ရှိလာခြင်းဖြစ် ကြောင်း သိရှိရသည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)၏ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးမင်းလတ်မှာ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် စစ်တွေသို့ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး အလုပ်သင်ဗိုလ် အပတ်စဉ် ၂၆ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် အကြမ်းဖက် မင်းအောင်လှိုင်တို့ကို အတူတွေ့ရစဉ်။

ရခိုင္တြင္ စစ္ေရးအရ အႀကီးအက်ယ္ ရႈံးနိမ့္မႈ အေပၚ တိုင္းမႉး ဗိုလ္ခ်ဳပ္ထင္လတ္ဦး ႏွင့္ စစ္ေတြဒကစမႉး ဗိုလ္မႉးခ်ဳပ္ မ်ိဳးမင္းလတ္တို႔ ရန္ျဖစ္ စကားမ်ားရာမွ ထိုးႀကိတ္မႈျဖစ္၊ တိုင္းမႉး သြားက်ိဳးၿပီး ဒကစမႉး ႏွာေခါင္း႐ိုးက်ိဳး

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၇

ရခိုင္ျပည္နယ္တြင္ စစ္ေရးအရ အႀကီးအက်ယ္ရႈံးနိမ့္ေနမႈႏွင့္ပတ္သက္ၿပီး တိုင္းမႉး ဗိုလ္မႉးခ်ဳပ္ ထင္လတ္ဦးႏွင့္ စစ္ေတြဒကစမႉး ဗိုလ္မႉးခ်ဳပ္ မ်ိဳးမင္းလတ္တို႔ ရန္ျဖစ္စကားမ်ားၾကရာမွ ထိုးႀကိတ္မႈျဖစ္ၾကေၾကာင္း ရခိုင္ျပည္ နယ္စစ္ေကာင္စီ႐ုံးထံမွ သိရွိရသည္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ စစ္ေကာင္စီတပ္မ်ား အႀကီးအက်ယ္ရႈံးနိမ့္ေနမႈ၊ ရခိုင္ေတာင္ပိုင္းအထိပါ စစ္မီးမ်ား ကူးစက္လာမႈအေပၚ ရခိုင္တိုင္းမႉး ဗိုလ္ခ်ဳပ္ထင္လတ္ဦးက စစ္ေတြဒကစမႉး ဗိုလ္မႉးခ်ဳပ္ မ်ိဳးမင္းလတ္အေပၚ ျပစ္တင္ စကားဆိုရာမွ ရန္ျဖစ္ၾကျခင္းျဖစ္ေၾကာင္း၊ ယင္းေနာက္ ကိုယ္ထိလက္ေရာက္ ထိုးႀကိတ္ၾကရာမွ ဗိုလ္ခ်ဳပ္ထင္လတ္ဦး သြားက်ိဳးၿပီး ဗိုလ္မႉးခ်ဳပ္ မ်ိဳးမင္းလတ္မွာမူ ႏွာေခါင္း႐ိုးက်ိဳးသြားေၾကာင္း၊ ရန္ျဖစ္မႈကို စစ္ေကာင္စီက စုံခုံဖြဲ႕၍ အေရးယူမည္ျဖစ္ေၾကာင္း သိရွိရသည္။

“ျဖစ္တာကေတာ့ မင္းတို႔ အလုပ္သင္ေတြ ေစာက္သုံးမက်ဘူးဆိုၿပီး တိုင္းမႉးက စေအာ္ရာက စတယ္။ အဓိက တိုင္းမႉးက စစ္ဆင္ေရးေတြမွာ ရႈံးနိမ့္ေနတာ ဒကစမႉးေၾကာင့္လို႔ အျပစ္ပုံခ်တာ။ ဒကစမႉးကလည္း သိပ္မၾကာေသးဘူး ေျပာင္းလာတာ။ သူက အလုပ္သင္ ၂၆ ေက်ာင္းဆင္း ၊ တိုင္းမႉးက DSA အပတ္စဥ္ ၃၅ ဆင္း။ စစ္ဆင္ေရးေတြ ရႈံးနိမ့္တဲ့အေပၚမွာ တိုင္းမႉးက ဒကစမႉးကို ဆဲတယ္၊ အျပစ္တင္တယ္။

ဒကစမႉးက လက္ရွိ တပ္မမႉးေတြအေနနဲ႔ AA ကို ျပန္လည္ခုခံရာမွာ အဖမ္းခံရရင္ အဖမ္းခံ၊ မခံရင္ အေသခံတိုက္ရမယ့္ အေျခအေနလို႔ တင္ျပတယ္။ တိုင္းမႉးက မင္းတို႔ အလုပ္သင္ေတြ ေစာက္သုံးမက်ဘူးဆိုၿပီး အျပစ္တင္တယ္။ တိုင္းမႉးက ဒကစမႉးကို အျပစ္တင္ေတာ့ ဒကစမႉးက ျပန္ေအာ္တယ္။ ျပန္ေအာ္ေတာ့ တိုင္းမႉးက ဒကစမႉးကို ထိုးတယ္။ ဒကစမႉး ႏွာေခါင္း႐ိုးက်ိဳးတယ္။ ဒကစမႉးက ျပန္ထိုးေတာ့ တိုင္းမႉးက လည္ထြက္ၿပီးေတာ့ လဲက်ရာက ခုံနဲ႔သြား႐ိုက္မိတာ သြားက်ိဳးတယ္” ဟု ရခိုင္ ျပည္နယ္ စစ္ေကာင္စီ႐ုံးသတင္းရင္းျမစ္က ဆိုသည္။

ဗိုလ္ခ်ဳပ္ထင္လတ္ဦးသည္ စစ္တကၠသိုလ္ အပတ္စဥ္ ၃၅ ေက်ာင္းဆင္းျဖစ္ၿပီး စစ္တကၠသိုလ္ ေက်ာင္းအုပ္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ေနရာမွ ၂၀၂၀ ခုႏွစ္၊ ဩဂုတ္လတြင္ ရခိုင္ျပည္နယ္တိုင္းမႉး အျဖစ္ ေရာက္ရွိလာျခင္းျဖစ္ ေၾကာင္း သိရွိရသည္။

ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္(စစ္ေတြ)၏ ေဒသကြပ္ကဲေရးမႉး ဗိုလ္မႉးခ်ဳပ္ မ်ိဳးမင္းလတ္မွာ ၂၀၂၃ ခုႏွစ္ ဩဂုတ္လတြင္ စစ္ေတြသို႔ ေျပာင္းေ႐ႊ႕လာျခင္းျဖစ္ၿပီး အလုပ္သင္ဗိုလ္ အပတ္စဥ္ ၂၆ ေက်ာင္းဆင္းျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- ရခိုင္တိုင္းမႉး ဗိုလ္ခ်ဳပ္ထင္လတ္ဦးႏွင့္ အၾကမ္းဖက္ မင္းေအာင္လႈိင္တို႔ကို အတူေတြ႕ရစဥ္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *