ဘင်္ဂလားပြန်တွေ ကြိုဖို့ အယ်ဘ လင်ပျံ အဆင်သင့်ပြင်ထားပေးပါတော့

ဘင်္ဂလားပြန်တွေ ကြိုဖို့ အယ်ဘ လင်ပျံ အဆင်သင့်ပြင်ထားပေးပါတော့

မင်းပြားမြို့ တိုင်းဗဟို(၉) လေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်

“ မြောက်ဦးခရိုင်တစ်ခုလုံး စစ်ကောင်စီလက်လွတ်ခဲ့ရပြီ”

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၆/၂၀၂၄

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကမ်းနီးရွာအနီးရှိ စစ်ကောင်စီ၏ အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဟုသတင်းရရှိသည်။

မင်းပြား အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ယနေ့ ဖေဖော်ဝါရီ ၂၆ရက် နေ့လယ် ၁နာရီခန့်ကနေ အပြီးသတ်သိမ်းပိုက်ရရှိထားပြီဟု ရက္ခိုင့်တပ်တော်နှင့်နီးစပ်သည့် မင်းပြား ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

” ဒီနေ့နေ့ခင်းလောက်က ကျနော်တို့ရွာဖက်ကိုလာတဲ့ ကိုယ့်တပ်တော်ကဗိုလ်တွေနဲ့တွေ့တော့ သူတို့ကရပြီလို့ ပြောခဲ့တယ်။ ကျနော်တို့လည်းတကယ်ဝမ်းသာတယ်” ဟုပြောသည်။

ယင်းအပြင် အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းမှ စစ်ကောင်စီ ၂၀၀ခန့် ထွက်ပြေးလွတ်မြောက်သည့် သတင်းများကြားနေရသည်ဟု ၎င်းကပြောသည်။

” စစ်သား ၂၀၀ကျော်လောက် ထွက်ပြေးတယ်လို့ပြောတယ်။ ဘယ်ကိုထွက်ပြေးလဲဆိုတာ ကျနော်တို့လည်း မသိရသေးပါဘူး” ဟုပြောသည်။
တိုင်းဗဟို (၉) သင်တန်းကျောင်းအနီးရှိ မေလွမ်းရွာသားတစ်ဦးကလည်း တိုင်းဗဟို (၉) အား ရက္ခိုင့်တပ်တော်က ယနေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ မနေ့ညကတည်းက စစ်တပ်က လက်နက်ချသူချ၊ ထွက်ပြေးသူထွက်ပြေး အဲသလို ကြားပါတယ်။ ဒီနေ့တော့ အပြတ်သိမ်းလိုက်ပြီလို့ သိရပါတယ်” ဟု ပြောကြားသည်။

စစ်ကောင်စီလော်ဘီတစ်ဦးကလည်း “တဗဟ ၉ အောင်မြင်စွာဆုတ်ခွာပါပြီ”ဟု သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။ကမ်းနီးရွာအနီးရှိ စစ်ကောင်စီ၏ အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီ ၁၇ရက်ကနေစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေသည့် မင်းပြားတိုင်းဗဟို(၉) မှ ဒရုန်းဖြင့် အနီးအနားရှိ မေလွမ်းရွာကို ဖေဖော်ဝါရီ ၂၅ ရက် ညအချိန် ကလည်းဒရုန်းဖြင့် လာရောက်ပစ်ခတ်၍ ရွာသားတစ်ဦး ဒဏ်ရာရရှိပြီး အိမ် ၆ လုံး ပျက်စီးသွားကြောင်းသိရသည်။

လေ့ကျင့်ရေးသင်တန်းကျောင်းသည် မင်းပြားမြို့ရှိ ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရန် နောက်ဆုံးကျန်ရှိနေသေးသော လေ့ကျင့်ရေးသင်တန်းကျောင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လက်နက်ချအညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကို ဆက်လက် သိမ်းပိုက်ရယူရေးကိစ္စရပ်များကို တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

မင်းပြားမြိုရှိ ခမရ (၃၈၀)၊ ခမရ (၃၇၉) နှင့် ခမရ (၅၄၁) တို့ရှိကိုလည်း ရက္ခိုင့်တပ်တော်(AA)မှ ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းနှင့်ဖေဖော်ဝါရီလဆန်းပိုင်းအတွင်းက သိမ်းပိုက်ထားပြီဖြစ်သည်။

မင်းပြားမြို့နယ်ရှိ နောက်ဆုံးလက်ကျန် တိုင်းဗဟို (၉) အေအေလက်ထဲ ကျရောက်သွားပြီ ဖြစ်သဖြင့် မြောက်ဦးခရိုင်သည် စစ်ကောင်စီများကင်းရှင်းသွားပြီဖြစ်သည်။( NN-11)

ဘဂၤလားျပန္ေတြ ႀကိဳဖို႔ အယ္ဘ လင္ပ်ံ အဆင္သင့္ျပင္ထားေပးပါေတာ့

မင္းျပားၿမိဳ႕ တိုင္းဗဟို(၉) ေလ့က်င့္ေရး သင္တန္းေက်ာင္းကို ရကၡိဳင့္တပ္ေတာ္ အၿပီးသတ္သိမ္းပိုက္

“ ေျမာက္ဦးခ႐ိုင္တစ္ခုလုံး စစ္ေကာင္စီလက္လြတ္ခဲ့ရၿပီ”

နိရၪၥရာ၊ ေဖေဖာ္ဝါရီ ၂၆/၂၀၂၄

ရခိုင္ျပည္၊ မင္းျပားၿမိဳ႕နယ္၊ ကမ္းနီး႐ြာအနီးရွိ စစ္ေကာင္စီ၏ အမွတ္(၉)တိုင္းဗဟိုေလ့က်င့္ေရး သင္တန္းေက်ာင္းကို ရကၡိဳင့္တပ္ေတာ္(AA)က အၿပီးသတ္ သိမ္းပိုက္ႏိုင္ခဲ့ၿပီဟုသတင္းရရွိသည္။

မင္းျပား အမွတ္ (၉) တိုင္းဗဟိုေလ့က်င့္ေရး သင္တန္းေက်ာင္းကို ယေန႔ ေဖေဖာ္ဝါရီ ၂၆ရက္ ေန႔လယ္ ၁နာရီခန႔္ကေန အၿပီးသတ္သိမ္းပိုက္ရရွိထားၿပီဟု ရကၡိဳင့္တပ္ေတာ္ႏွင့္နီးစပ္သည့္ မင္းျပား ေဒသခံတစ္ဦးက နိရၪၥရာသတင္းဌာနကိုေျပာသည္။

” ဒီေန႔ေန႔ခင္းေလာက္က က်ေနာ္တို႔႐ြာဖက္ကိုလာတဲ့ ကိုယ့္တပ္ေတာ္ကဗိုလ္ေတြနဲ႔ေတြ႕ေတာ့ သူတို႔ကရၿပီလို႔ ေျပာခဲ့တယ္။ က်ေနာ္တို႔လည္းတကယ္ဝမ္းသာတယ္” ဟုေျပာသည္။

ယင္းအျပင္ အမွတ္(၉)တိုင္းဗဟိုေလ့က်င့္ေရးသင္တန္းေက်ာင္းမွ စစ္ေကာင္စီ ၂၀၀ခန႔္ ထြက္ေျပးလြတ္ေျမာက္သည့္ သတင္းမ်ားၾကားေနရသည္ဟု ၎ကေျပာသည္။

” စစ္သား ၂၀၀ေက်ာ္ေလာက္ ထြက္ေျပးတယ္လို႔ေျပာတယ္။ ဘယ္ကိုထြက္ေျပးလဲဆိုတာ က်ေနာ္တို႔လည္း မသိရေသးပါဘူး” ဟုေျပာသည္။
တိုင္းဗဟို (၉) သင္တန္းေက်ာင္းအနီးရွိ ေမလြမ္း႐ြာသားတစ္ဦးကလည္း တိုင္းဗဟို (၉) အား ရကၡိဳင့္တပ္ေတာ္က ယေန႔တြင္ အၿပီးသတ္ သိမ္းပိုက္လိုက္ၿပီဟု နိရၪၥရာသတင္းဌာနသို႔ ေျပာသည္။

“ မေန႔ညကတည္းက စစ္တပ္က လက္နက္ခ်သူခ်၊ ထြက္ေျပးသူထြက္ေျပး အဲသလို ၾကားပါတယ္။ ဒီေန႔ေတာ့ အျပတ္သိမ္းလိုက္ၿပီလို႔ သိရပါတယ္” ဟု ေျပာၾကားသည္။

စစ္ေကာင္စီေလာ္ဘီတစ္ဦးကလည္း “တဗဟ ၉ ေအာင္ျမင္စြာဆုတ္ခြာပါၿပီ”ဟု သူ၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားထားသည္။ကမ္းနီး႐ြာအနီးရွိ စစ္ေကာင္စီ၏ အမွတ္(၉)တိုင္းဗဟိုေလ့က်င့္ေရးသင္တန္းေက်ာင္းကို ရကၡိဳင့္တပ္ေတာ္(AA)က ေဖေဖာ္ဝါရီ ၁၇ရက္ကေနစတင္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

တိုက္ပြဲျဖစ္ပြားေနသည့္ မင္းျပားတိုင္းဗဟို(၉) မွ ဒ႐ုန္းျဖင့္ အနီးအနားရွိ ေမလြမ္း႐ြာကို ေဖေဖာ္ဝါရီ ၂၅ ရက္ ညအခ်ိန္ ကလည္းဒ႐ုန္းျဖင့္ လာေရာက္ပစ္ခတ္၍ ႐ြာသားတစ္ဦး ဒဏ္ရာရရွိၿပီး အိမ္ ၆ လုံး ပ်က္စီးသြားေၾကာင္းသိရသည္။

ေလ့က်င့္ေရးသင္တန္းေက်ာင္းသည္ မင္းျပားၿမိဳ႕ရွိ ရကၡိဳင့္တပ္ေတာ္မွ သိမ္းပိုက္ရန္ ေနာက္ဆုံးက်န္ရွိေနေသးေသာ ေလ့က်င့္ေရးသင္တန္းေက်ာင္းျဖစ္သည္ဟု ရကၡိဳင့္တပ္ေတာ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔အျပင္ လက္နက္ခ်အညံ့မခံေသးေသာ က်န္ရွိေနေသးသည့္ စခန္းမ်ားကို ဆက္လက္ သိမ္းပိုက္ရယူေရးကိစၥရပ္မ်ားကို တစိုက္မတ္မတ္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ထားသည္။

မင္းျပားၿမိဳရွိ ခမရ (၃၈၀)၊ ခမရ (၃၇၉) ႏွင့္ ခမရ (၅၄၁) တို႔ရွိကိုလည္း ရကၡိဳင့္တပ္ေတာ္(AA)မွ ၿပီးခဲ့သည့္ ဇန္နဝါရီလကုန္ပိုင္းႏွင့္ေဖေဖာ္ဝါရီလဆန္းပိုင္းအတြင္းက သိမ္းပိုက္ထားၿပီျဖစ္သည္။

မင္းျပားၿမိဳ႕နယ္ရွိ ေနာက္ဆုံးလက္က်န္ တိုင္းဗဟို (၉) ေအေအလက္ထဲ က်ေရာက္သြားၿပီ ျဖစ္သျဖင့္ ေျမာက္ဦးခ႐ိုင္သည္ စစ္ေကာင္စီမ်ားကင္းရွင္းသြားၿပီျဖစ္သည္။( NN-11)

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *