နိုင်မြင်း မှား လောင်းမိ၍ အနဲ ရတက်မအေး ဖြစ်ရပြီ

နိုင်မြင်း မှား လောင်းမိ၍ အိန္ဒိယ ရတက်မအေး ဖြစ်ရ

ပလက်ဝ နှင့် နိုင်ငံ အနောက်ခြမ်းရှိ မြို့ အတော်များများ ရက္ခိုင် တပ်တော် လက်တွင်း သက်ဆင်းသွားရမှု နှင့် အတူ အိန္ဒိယမှ ရင်းနှီး မြုပ်နှံထားသော စစ်တွေ ဆိပ်ကမ်း အတွက်လည်း စိုးရိမ်ပူပန် လာနေရပြီ ဖြစ်သည်ဟု ဟိန္ဒူနစ်စတန် တိုင်းမ် သတင်းစာ တွင် ရေးသားထားသည်။
အိန္ဒိယ ကောင်စစ်ဝန် ရုံး ရှိနေသည့် စစ်တွေအား ဝင်ထွက် နိုင်သည့် ကုန်းလမ်း၊ ရေလမ်း အား ဖြတ်တောက်ထားပြီး ဖြစ်သည်။

ပြီးခဲ့သည့် အပတ် အတွင်း စစ်တွေ နှင့် ကီလိုမီတာ ၃၀ အကွာတွင် ရှိသည့် ပုဏ္ဍားကျွန်း မြို့ ရဲစခန်းအား ရက္ခိုင် တပ်တော်မှ ထပ်မံ သိမ်းယူ နိုင်ခဲ့သည်။စစ်တွေရှိ စစ်ကောင်စီ တပ်များအားလည်း ” လက်နက်ချရင်ချ၊ မချလျှင် ချေမှုန်း ခံရမည်” ဟု အကြောင်းကြားထားသည်ဟု သတင်းများက ဆိုသည်။

စစ်တွေ ဆိပ်ကမ်း ဖွံ့ဖြိုးရေး အတွက် အိန္ဒိယမှ ဒေါ်လာ သန်း ၁၂၀ ထုတ်ချေး ထားပြီး ဖြစ်သည်။ အိန္ဒိယ ၏ ကုလားတန် မြစ် သယ်ယူပို့ဆောင်ရေး လုပ်ငန်း စီမံချက် အတွက် လွန်စွာ အရေးပါလျက် ရှိသည်။ စစ်တွေ ဆိပ်ကမ်း အား အဆင့်မြှင့် တိုးချဲ့မှု များ ပြုလုပ်ပြီးနောက် ၂၀၂၃ မေလ တွင် ကလာကတ္တား မှ ကုန်တင် သင်္ဘောတစီး ပထမဆုံး အကြိမ် ဆိုက်ကပ်လာမှု နှင့် အတူ ရေတပ် ဗိုလ်ချုပ် တင်အောင်ဆန်း စတင် ဖွင့်လှစ်‌ ပေးခဲ့သည်။ (ပုံတွင် တွေ့နိုင်သည်)

ကုလားတန် စီမံကိန်း အတွက် ဒေါ်လာ ၄၈၄ သန်း အထိ ရင်းနှီးမြုပ်နှံရန် ရည်မှန်းထားပြီး မြန်မာအား ကလာကတ္တား ဆိပ်ကမ်း ဖြင့် ဆက်သွယ်နိုင်ရန်နှင့် မီဇိုရမ် ပြည်နယ်အား ကုန်းလမ်းဖြင့် သွားလာနိုင်ရန် အတွက် ဖြစ်သည်။ ယခု အခါ ထိုစီမံကိန်းများသည် လုံးဝ ရပ်ဆိုင်းနေပြီ ဖြစ်သည်။ ကာလကတ္တား မှ ပင်လယ်ရေလမ်း ဖြင့် ရောက်လာသော ကုန်စည်များကို အိန္ဒိယ အရှေ့မြောက် ပြည်နယ်များသို့ ကုန်းလမ်း၊ ရေလမ်း ဖြင့် ဆက်လက် သယ်ပို့ နိုင်ရန် ရည်ရွယ်သော စီမံကိန်း ဖြစ်ပြီး ၂၀၀၈ မှ စတင်ခဲ့သော်လည်း ယခုထိ ပြီးစီး နိုင်ခြင်း မရှိပဲ နှောင့်နှေး နေခဲ့သည်။

အိန္ဒိယ အစိုးရမှ ယခုလ အစောပိုင်းတွင် လုံခြုံရေး အ‌ ခြေ အနေ ဆိုးဝါးလာ‌မှု၊ ဆက်သွယ်ရေး ပြတ်တောက်နေမှု နှင့် အခြေခံ စားကုန်များ အလွန်အမင်းပြတ်လတ် လာနေသော ရခိုင်ပြည်နယ်သို့ ခရီးသွားလာခြင်း မပြုရန် သတိပေးချက် ထုတ်ပြန်ထား‌ သော်လည်း စစ်တွေရှိ အိန္ဒိယ ကောင်စစ်ဝန် ရုံးမှလည်း ရခိုင်ပြည်နယ် အတွင်း ‌၎င်း၏ နိုင်ငံသားများ ရှိမရှိ တိတိကျကျ မခန့်မှန်းနိုင် ဖြစ်နေသည်ဟု ဆိုသည်။

အိန္ဒိယ သည် အခြေအနေများကို အနီးကပ် စောင့်ကြည့်နေပြီး အရေးပေါ်က လိုအပ်သလို ဆောင်ရွက် နိုင်ရန် ပြင်ဆင်ထားသည်။ ယခု အခါ စစ်ကောင်စီသည် အိန္ဒိယ အတွက် မဟာဗျူဟာ အရ လွန်စွာ အရေး ပါနေသော အရှေ့မြောက် ပြည်နယ် နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်း၊ ချင်းနှင့် ‌ရခိုင်ပြည်နယ်များအား ထိန်းချုပ် နိုင်စွမ်း မရှိတော့သည်ကို သိရှိလာခဲ့ပြီ ဖြစ်သည်။

အိန္ဒိယ သည် ယခုအထိ မြန်မာ စစ်အာဏာသိမ်း အဖွဲ့ကိုသာ အဓိက ထိတွေ့ဆက်ဆံနေ၍ မြန်မာ နှင့် ဆက်ဆံရေးသည် ရိုက်ခတ်မှု ရှိလာနိုင်သည်ဟု မြန်မာ နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသော ရာဂျစ် ဘာတီယာ က ထောက်ပြခဲ့သည်။အိန္ဒိယ သည် စစ်ကောင်စီ အား ဖိအားပေးခြင်းသည် ၎င်းတို့အား တရုတ် နှင့် ပို၍ နီးစပ်အောင် တွန်းပို့သလို ဖြစ်မည် ဆိုသည်နှင့် အရှေ့မြောက် ဒေသ လုံခြုံရေး အတွက် မြန်မာ၏ အကူအညီ လိုအပ်သည် ဟူသော အယူအဆ ကို စွဲကိုင်ထားသည်။ ထို့အတွက် အကြမ်းဖက်မှုများ ရပ်တန့်ပြီး ဖက်ဒရယ် ဒီမိုကရေစီ စနစ် အသွင်ကူးပြောင်းရေး အတွက် အပြုသဘော ဆောင်သော ဆွေး နွေးမှု များ ပြုလုပ်ရန်သာ တိုက်တွန်းခဲ့ပြီး စစ်ကောင်စီ၏ လုပ်ရပ်များကို ဝေဖန် ရှုတ်ချခြင်းမျိုး မှ ရှောင်ကျဉ်နေခဲ့သည်။

ပလက်ဝ နှင့် စစ်‌ တွေ သည် အိန္ဒိယ အကျိုးစီးပွား အတွက် လွန်စွာ အရေးပါသော အနေအထားတွင် ရှိနေသည်ဟု အိန္ဒိယ မူဝါဒ ရေးရာ သုတေသန ဌာနမှ ကောက်ချက်ချထားသည်။ စစ်တွေမှ ရေလမ်း ဖြင့် သယ်ဆောင်လာမည့် အိန္ဒိယ ကုန်စည်များ ပလက်ဝ ဆိပ်ကမ်းတွင် ချပြီး မီဇိုရမ် သို့ ကုန်းလမ်း ခရီး ဖြင့် ဆက်လက် သယ်ဆောင်မည့် ကြားခံ မြို့လည်း ဖြစ်သည်။ စစ်တွေ တွင် တရုတ်၏ ရေနက် ဆိပ်ကမ်း စီမံကိန်း နှင့် ကျောက်ဖြူ အထူးစီးပွားရေး ဇုံများ ရှိနေ၍ စစ်တွေသည် တရုတ်တို့ နက်ရှိုင်းစွာ ပတ်သက်ရာ အရပ်လည်း ဖြစ်သည်။

ပလက်ဝ အား ယခုအခါ ရက္ခိုင်တပ်တော်မှ သိမ်းပိုက်ထားပြီး ဖြစ်၍ အိန္ဒိယ အနေဖြင့် ကုလားတန် စီမံကိန်း အသက်ဆက်နိုင်ရန် ၎င်းတို့နှင့် ဆက်သွယ် ဆောင်ရွက်ရန် လိုလာပြီဟု လည်း ထောက်ပြခဲ့သည်။ ချင်း အမျိုးသား တပ်ဦးသည် ပလက်ဝ အား ၎င်းတို့ နယ်မြေ အဖြစ် ပြောဆိုလာ၍ ရြှေလျောက် ပဋိပက္ခ ဖြစ်လာနိုင်သည့် အလားအလာ များ ရှိနေ၍ အိန္ဒိယ အတွက် အခြေအနေများ ထပ်မံရှုပ်ထွေးလာနိုင်ပေသည်။

စစ်တွေသည် အိန္ဒိယ အတွက် ရွှေ ကမ်းလွန် သဘာဝ ဓါတ်ငွေ့ တွင်းများ ထံ လက်လှမ်းမီနေ ပြန်သည့် အတွက် လက်မလွှတ်နိုင် ဖြစ်နေသည်။

ရခိုင်တွင် မြို့နယ် ၅ခုမှ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မင်းပြား အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် တိုက်ပွဲ ပြင်းထန်နေသည်ဟု သိရသည်။

တရုတ် – မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာနေရာဖြစ်သည့် ရခိုင်ပြည်နယ် တောင်ပိုင်း ရမ်းဗြဲ ကျွန်း တွင် တိုက်ပွဲ များ ပြင်းထန်နေပြီး စစ်တပ်မှ နေ့စဉ် ဗုံးလာကြဲ နေသည်ဟု သိရသည်။ မြို့ပေါ်ရှိ ပြည်သူ ၈၀,၀၀၀ ခန့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ စစ်ရှုံးပြီး စစ်မနိုင်တော့သည့် အချိန်တွင် အပြစ်မဲ့ ပြည်သူနှင့် လူငယ်များကို ဖမ်းဆီးသတ်ဖြတ် ညစ်လုံးဖြင့် မိုက်တွင်း မနက်ရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဖေဖေါ်ဝါရီ ၂၆ တွင် ၎င်း၏ တွစ်တာ စာမျက်နှာမှ တဆင့် သတိပေးလိုက်သည်။

နိုင်ငံရဲ့အစိုးရ စစ်တပ်လို့ ခံယူထားသည်ဆိုက ဂုဏ်သိက္ခာရှိရှိနဲ့ တိုက်ပွဲတွေဖော်သင့်ကြောင်း၊ ယခုလို အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် အကြမ်းဖက်၊ ဓားပြ၊ အစွန်းရောက်စစ်တပ် အဖြစ် ရောက်ရှိသွားပြီ ဖြစ်သည်ဟု မြန်မာ နောင်း သတင်းတွင် ရေးသားထားသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla Soewai

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *