မနက်စာ အဆာပြေ ရခိုင်ပြည်နယ် ၊ မွှင်းခါး ပွဲ (၆၀) စားလိုက်ပါအုံး

ရမ်းဗြဲသို့ ရဟတ်ယာဉ်ဖြင့် စစ်ကူပို့သည့် စစ်ကြောင်းကို AA တိုက်ခိုက်၍ စစ်သား ၆၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိ

source-နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၆/၂၀၂၄

တိုက်ပွဲများပြင်းထန်နေသာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့သို့ ရဟတ်ယာဉ် ၄ စီးဖြင့် စစ်ကူလာပို့သော စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA) က ဝင်တိုက်ခိုက်၍ စစ်ကောင်စီတပ်သား ၆၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင့် ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီ ၂၅ ရက်နေ့ သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် ရဟတ်ယာဉ် (၄) စီးဖြင့် စစ်ကူများလာရောက်ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းစစ်ကူအင်အားမှာ စုစုပေါင်းအင်အား (၁၂၀) ခန့်ရှိ ပြီး ရဟတ်ယာဉ် (၄) စီးဖြင့် (၇) ကြိမ်တိုင်တိုင် စစ်ကူချပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းစစ်ကူ စစ်ကြောင်းကို ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်ချေမှုန်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၀) ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက် ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း ဆက်လက်ဖော်ပြထားသည်။

အဆိုပါ စစ်ကူ စစ်ကြောင်းမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့ဖြစ်ပြီး ၎င်းတပ်ရင်းနှစ်ရင်းမှ လက်ကျန်အင်အားများကို ပူးပေါင်းထားခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

စစ်ကောင်စီသည် ရမ်းဗြဲမြို့အား လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကို နေ့တိုင်း ပြုလုပ်လျက် ရှိသောကြောင့် ရမ်းဗြဲတစ်မြို့လုံးရှိ လူနေအိမ်၊ တိုက်တာအဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သာသနိက အဆောက်အအုံများမှာ အားလုံးနီးပါး ပျက်စီးခဲ့ရပြီးဖြစ်သည်ဟု သိရသည်။

ရက္ခိုင်ဒေသအတွင်း၌ ပေါက်တောမြို့ ပြီးလျှင် ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အပျက်အစီးအများဆုံးမြို့ဖြစ်ကြောင်း၊ တစ်နည်း စစ်ကောင်စီ၏ အယုတ်မာဆုံးသော ဖက်ဆစ်လုပ်ရပ်များဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ တိုက်ပွဲအတွင်း ရန်သူ့အလောင်းမြောက်မြားစွာနှင့်အတူ ရန်သူ့လက်နက်ခဲယမ်းပစ္စည်း အများအပြားကို မိမိတို့မှ သိမ်းဆည်းရမိခဲ့ပြီး ရန်သူ၏ တစ်နေ့လုံးနီးပါး တောက်လျှောက် မရပ်မနား လေကြောင်းမှ အကြိမ်ပေါင်းများစွာတိုက်ခိုက်နေသည့်ကြားမှ အဆိုပါရန်သူ့စစ်ကြောင်းကို ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပုံစာ- ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ရမ်းဗြဲမြို့သို့ စစ်ကူပို့လာသော အင်အား (၁၂၀) ခန့်ပါ ရန်သူ့ စစ်ကြောင်းအား ရက္ခိုင့်တပ်တော်မှ ချေမှုန်းတိုက်ခိုက်စဉ်တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ထံမှ ရက္ခိုင့်တပ်တော် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *