ရွှေရန်ကုန် စောစီး အုံးးးး

မင်္ဂလာဒုံစစ်ဆေးရုံ၏ လုံခြုံရေးစစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မြောက်ဥက္ကလာနှင့်တောင်ဒဂုံတို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား

ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်း၊ အမှတ် ၁ ကုတင် ၁၀၀၀ မင်္ဂလာဒုံစစ်ဆေးရုံရှေ့တွင် လုံခြုံရေးယူထားသော စစ်တပ်ကို ယနေ့ နံနက်အစောပိုင်းတွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ၊ အမှတ် ၁ ကုတင် ၁၀၀၀ စစ်ဆေးရုံ၊ အထူးကုစင်တာရှေ့တွင်

လုံခြုံရေးယူထားသော စစ်တပ် ဂိတ်တဲကို ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံး ၁ လုံးပေါက်ကွဲပြီး ကျန် ၁ လုံးမှာ ပေါက်ကွဲခြင်းမရှိကြောင်း ရဲဘော် ပန်ဒါက ပြောသည်။

မင်္ဂလာဒုံစစ်ဆေးရုံအနီး နေထိုင်သူ ပြည်သူတစ်ဦးက “အခုမနက် ၅ နာရီ ၁၀ မိနစ် အချိန် ဗုံးပေါက်ကွဲသံ အတော် ကို ကျယ်ပါတယ်။ ခဏနေတော့ စစ်ကားတချို့နဲ့ ရဲကားတွေ ရောက်လာတာတွေ့ရတယ်။ စစ်ဆေးမှုတွေ လုပ်တာထင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညပိုင်း မြောက်ဥက္ကလာနှင့်တောင်ဒဂုံတို့တွင် ဗုံးများပေါက်ကွဲကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“မြောက်ဥက္ကလာ၊ ဇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ည ၈ နာရီနဲ့ ည ၈ နာရီ ၈ မိနစ်မှာ ဗုံးပေါက်သံ ၂ ချက် ဆက် တိုက်ပဲကြားရတယ်။ အတော်ကိုအသံက ကျယ်တာ။ ခဏနေတော့ မြောက်ဥက္ကလာအ၀ိုင်းဘက်တွေ၊ လမ်းဆုံဘက်တွေ၊ အုတ်ပုံဆိပ်အနီး ၄၃၅ ၊ ၄၃၆ တပ်တွေရှေ့မှာ စစ်ခွေးတွေ ကားတွေ၊ လိုင်းကားတွေကို စစ်တာတွေ့ရတယ်”ဟု မြောက်ဥက္ကလာပတွင် နေထိုင်သူ တက္ကစီသမားတစ်ဦးက ရှင်းပြသည်။

အလားတူ ယမန်နေ့ ညပိုင်း ည ၈ နာရီနှင့် ည ၁၁ နာရီ ၃၀ မိနစ်အချိန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီက အသစ်ဖွင့်လှစ်ထားသော ရဟတ်ယာဉ်ပါ ဆင်းသက်နိုင်သည့် မင်္ဂလာဒုံ စစ်ဆေးရုံ အမှတ် ကုတင် ၁၀၀၀ အထူးကုစင်တာ။

မဂၤလာဒုံစစ္ေဆး႐ုံ၏ လုံျခဳံေရးစစ္တပ္ကို ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္၊ ေျမာက္ဥကၠလာႏွင့္ေတာင္ဒဂုံတို႔တြင္လည္း ဗုံးေပါက္ကြဲမႈမ်ား ျဖစ္ပြား

ေဖေဖာ္ဝါရီ ၂၆

ရန္ကုန္တိုင္း၊ အမွတ္ ၁ ကုတင္ ၁၀၀၀ မဂၤလာဒုံစစ္ေဆး႐ုံေရွ႕တြင္ လုံျခဳံေရးယူထားေသာ စစ္တပ္ကို ယေန႔ နံနက္အေစာပိုင္းတြင္ ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္ခဲ့ေၾကာင္း Dark Shadow တပ္ဖြဲ႕မွ ရဲေဘာ္ပန္ဒါက ေျပာဆိုသည္။

ယေန႔ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔ နံနက္ ၅ နာရီ ၁၀ မိနစ္အခ်ိန္ ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္ ၊ အမွတ္ ၁ ကုတင္ ၁၀၀၀ စစ္ေဆး႐ုံ၊ အထူးကုစင္တာေရွ႕တြင္

လုံျခဳံေရးယူထားေသာ စစ္တပ္ ဂိတ္တဲကို ဒ႐ုန္းျဖင့္ ဗုံး ၂ လုံးက်ဲခ်တိုက္ခိုက္ခဲ့ေၾကာင္း၊ ဗုံး ၁ လုံးေပါက္ကြဲၿပီး က်န္ ၁ လုံးမွာ ေပါက္ကြဲျခင္းမရွိေၾကာင္း ရဲေဘာ္ ပန္ဒါက ေျပာသည္။

မဂၤလာဒုံစစ္ေဆး႐ုံအနီး ေနထိုင္သူ ျပည္သူတစ္ဦးက “အခုမနက္ ၅ နာရီ ၁၀ မိနစ္ အခ်ိန္ ဗုံးေပါက္ကြဲသံ အေတာ္ ကို က်ယ္ပါတယ္။ ခဏေနေတာ့ စစ္ကားတခ်ိဳ႕နဲ႔ ရဲကားေတြ ေရာက္လာတာေတြ႕ရတယ္။ စစ္ေဆးမႈေတြ လုပ္တာထင္ပါတယ္” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။

အလားတူ ယမန္ေန႔ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ ညပိုင္း ေျမာက္ဥကၠလာႏွင့္ေတာင္ဒဂုံတို႔တြင္ ဗုံးမ်ားေပါက္ကြဲေၾကာင္း ေဒသျပည္သူမ်ားက ေျပာဆိုသည္။

“ေျမာက္ဥကၠလာ၊ ဇ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ည ၈ နာရီနဲ႔ ည ၈ နာရီ ၈ မိနစ္မွာ ဗုံးေပါက္သံ ၂ ခ်က္ ဆက္ တိုက္ပဲၾကားရတယ္။ အေတာ္ကိုအသံက က်ယ္တာ။ ခဏေနေတာ့ ေျမာက္ဥကၠလာအ၀ိုင္းဘက္ေတြ၊ လမ္းဆုံဘက္ေတြ၊ အုတ္ပုံဆိပ္အနီး ၄၃၅ ၊ ၄၃၆ တပ္ေတြေရွ႕မွာ စစ္ေခြးေတြ ကားေတြ၊ လိုင္းကားေတြကို စစ္တာေတြ႕ရတယ္”ဟု ေျမာက္ဥကၠလာပတြင္ ေနထိုင္သူ တကၠစီသမားတစ္ဦးက ရွင္းျပသည္။

အလားတူ ယမန္ေန႔ ညပိုင္း ည ၈ နာရီႏွင့္ ည ၁၁ နာရီ ၃၀ မိနစ္အခ်ိန္ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္တြင္ ဗုံးေပါက္ကြဲမႈ ၂ ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- စစ္ေကာင္စီက အသစ္ဖြင့္လွစ္ထားေသာ ရဟတ္ယာဥ္ပါ ဆင္းသက္နိုင္သည့္ မဂၤလာဒုံ စစ္ေဆး႐ုံ အမွတ္ ကုတင္ ၁၀၀၀ အထူးကုစင္တာ။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *