နာမည်ကသာ ”ကလေး” တဲ့ သိမ်းလိုက်ပြန်ပြီ ဂွတ်ရှယ်ကြီး

ကလေးမြို့နယ်၊ စက္ကန့်၊ ကံကြီး၊ ကံသာရွာတို့မှ စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ဖေဖော်ဝါရီ ၂၅ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်၊ ကံကြီး၊ ကံသာကျေးရွာတို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကလေး ဒကစ လက်အောက်ခံ ဗိုလ်ကြီး မင်းခန့်ဇင် ဦးဆောင်သော အကြမ်းဖက်စစ်သား အင်အား ၃၀ ခန့်ဖြင့် အခြေချ တပ်စွဲထားသည့် စက္ကန့်ရွာ၊ ကံကြီးရွာနှင့် ကံသာရွာတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၅ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းစခန်းများကို သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသည့် လက် နက် ငယ် ၁၀ လက်၊ RPG-7 ၁ လက်၊ ၆၀ မမ ပြောင်းတို ၁ လက်၊ ဗုံးမျိုးစုံ ၉ လုံး၊ 7.62 ကျည် ၃၈၈ တောင့်၊ 5.56 ကျည် ၆၄၁ တောင့် နှင့် ကျည်အိမ် ၄ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ကလေးခရိုင် မိုင်း တပ်ဖွဲ့၊ ကလေးခရိုင်/မြို့နယ် ပကဖ၊ ကလေးမြို့ပြစီမံချက် (UG) တပ်ဖွဲ့၊ VOKOK(PDF) တပ်ရင်း၊ CNDF TZ Vapual၊ RKDF၊ CDF (KKG)၊ HNB၊ GRF၊ S2UG၊ EFDF၊ TCDF၊ CDF-CDM siyin ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မြင့်မြတ် စွာကျဆုံးခဲ့ကြောင်း သိရသည်။

ကေလးၿမိဳ႕နယ္၊ စကၠန႔္၊ ကံႀကီး၊ ကံသာရြာတို႔မွ စစ္တပ္စခန္းမ်ားကို တိုက္ခိုက္သိမ္းပိုက္မႈ စစ္ဗိုလ္ ၁ ဦး အပါအဝင္ ၁၅ ဦးေသဆုံးၿပီး လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရရွိ

ေဖေဖာ္ဝါရီ ၂၅ ရက္

စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္၊ စကၠန႔္၊ ကံႀကီး၊ ကံသာေက်းရြာတို႔ရွိ အၾကမ္းဖက္စစ္ေကာင္စီတပ္ စခန္းမ်ားကို ထိုးစစ္ဆင္တိုက္ခိုက္သိမ္းပိုက္ခဲ့ရာ စစ္တပ္ဘက္မွ ဗိုလ္ႀကီးတစ္ဦး အပါအဝင္ ၁၅ ဦးေသဆုံးၿပီး လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရရွိခဲ့ေၾကာင္း အမွတ္ ၁ စစ္ေဒသက သတင္းထုတ္ျပန္သည္။

ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔မွ ၂၃ ရက္ေန႔အထိ ကေလး ဒကစ လက္ေအာက္ခံ ဗိုလ္ႀကီး မင္းခန႔္ဇင္ ဦးေဆာင္ေသာ အၾကမ္းဖက္စစ္သား အင္အား ၃၀ ခန႔္ျဖင့္ အေျခခ် တပ္စြဲထားသည့္ စကၠန႔္ရြာ၊ ကံႀကီးရြာႏွင့္ ကံသာရြာတို႔ကို ဝင္ေရာက္တိုက္ခိုက္ခဲ့ ရာ ဗိုလ္ႀကီး ၁ ဦးအပါအဝင္ ၁၅ ဦး ေသဆုံးၿပီး ၁၀ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ယင္းစခန္းမ်ားကို သိမ္းပိုက္မႈအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ား အသုံးျပဳသည့္ လက္ နက္ ငယ္ ၁၀ လက္၊ RPG-7 ၁ လက္၊ ၆၀ မမ ေျပာင္းတို ၁ လက္၊ ဗုံးမ်ိဳးစုံ ၉ လုံး၊ 7.62 က်ည္ ၃၈၈ ေတာင့္၊ 5.56 က်ည္ ၆၄၁ ေတာင့္ ႏွင့္ က်ည္အိမ္ ၄ ခု သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ တိုက္ခိုက္မႈကို ကေလးခရိုင္ တပ္ရင္းမ်ား၊ အထူးလႈပ္ရွား တပ္ရင္းမ်ား၊ ကေလးခရိုင္ မိုင္း တပ္ဖြဲ႕၊ ကေလးခရိုင္/ၿမိဳ႕နယ္ ပကဖ၊ ကေလးၿမိဳ႕ျပစီမံခ်က္ (UG) တပ္ဖြဲ႕၊ VOKOK(PDF) တပ္ရင္း၊ CNDF TZ Vapual၊ RKDF၊ CDF (KKG)၊ HNB၊ GRF၊ S2UG၊ EFDF၊ TCDF၊ CDF-CDM siyin ပူးေပါင္းအဖြဲ႕တို႔ ပူးေပါင္းကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ ၂ ဦး ျမင့္ျမတ္ စြာက်ဆုံးခဲ့ေၾကာင္း သိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *