သိမ်းလိုက်တော့ကွားးး

ဆင်ဘိုမြို့အနီး ခလရ(၁၄၁)စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီ၏ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်ရေးအတွက်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များကထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA တပ်ရင်း(၅)နယ်မြေရှိ အဆိုပါ စစ်ကောင်စီတပ်ရင်းကို ဖေဖော်ဝါရီ ၂၄ရက် နံနက်၇နာရီမှ စတင်ပြီး KIAနှင့် KPDF ပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်

တိုက်ပွဲဖြစ်ပွားရာနေရာဘက် မြစ်ကြီးနား လေတပ်မှ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်လာကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်

တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ ဆင်ဘိုမြို့နေ ပြည်သူများ လုံခြုံရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အသိပေးသည်

“ခလရ(၁၄၁)ကို တိုက်ခိုက်နေတာဟုတ်တယ်။ မသိမ်းနိုင်သေးဘူး”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဖေဖော်ဝါရီ ၂၄ရက်ညပိုင်းတွင် ပြောပြသည်။

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဆင်ဘိုတွင် တိုက်ပွဲဆက်ရှိနေသည်ဟု ယနေ့ ဖေဖော်ဝါရီ ၂၅ရက် နံနက်တွင် ပြောသည်။

ဆင်ဘိုမြို့ကို KIA ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၀ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ မြို့ကို ထိုစဉ်ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားခဲ့သည်။

မြို့အနီးရှိ ခလရ(၁၄၁)တပ်ရင်းကိုလည်း ထိုစဉ်က ပထမအကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်း၌ တိုက်ပွဲခေတ္တပြန်ငြိမ်သွားပြီး ယမန်နေ့တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ကာ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ဆင္ဘိုၿမိဳ႕အနီး ခလရ(၁၄၁)စခန္းသိမ္းတိုက္ပြဲ ျပင္းထန္

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕နယ္ ဆင္ဘိုၿမိဳ႕အနီးရွိ စစ္ေကာင္စီ၏ ခလရ(၁၄၁) တပ္ရင္း သိမ္းပိုက္နိုင္ေရးအတြက္

ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA)ႏွင့္ ပူးေပါင္းတပ္မ်ားကထပ္မံထိုးစစ္ဆင္တိုက္ခိုက္ခဲ့ရာ တိုက္ပြဲျပင္းထန္ခဲ့ဟု KIA သတင္းျပန္ၾကားေရးဌာနက ေဖာ္ျပသည္။

KIA တပ္ရင္း(၅)နယ္ေျမရွိ အဆိုပါ စစ္ေကာင္စီတပ္ရင္းကို ေဖေဖာ္ဝါရီ ၂၄ရက္ နံနက္၇နာရီမွ စတင္ၿပီး KIAႏွင့္ KPDF ပူးေပါင္းတပ္က ျပန္လည္ထိုးစစ္ဆင္ခဲ့ရာ ႏွစ္ဖက္တိုက္ပြဲျပင္းထန္ခဲ့သည္ဟု ဆိုသည္

တိုက္ပြဲျဖစ္ပြားရာေနရာဘက္ ျမစ္ႀကီးနား ေလတပ္မွ တိုက္ေလယာဥ္ျဖင့္ တိုက္ခိုက္လာေၾကာင္း KIA သတင္းျပန္ၾကားေရးက ေဖာ္ျပသည္

တိုက္ပြဲျပင္းထန္ေနၿပီး စစ္ေကာင္စီဘက္က လက္နက္ႀကီးျဖင့္ ရမ္းသမ္းပစ္ခတ္ေန၍ ဆင္ဘိုၿမိဳ႕ေန ျပည္သူမ်ား လုံျခဳံရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနရသည္ဟု အသိေပးသည္

“ခလရ(၁၄၁)ကို တိုက္ခိုက္ေနတာဟုတ္တယ္။ မသိမ္းနိုင္ေသးဘူး”ဟု ကခ်င္စစ္ေရးသတင္းရင္းျမစ္တစ္ဦးက ေဖေဖာ္ဝါရီ ၂၄ရက္ညပိုင္းတြင္ ေျပာျပသည္။

အျခားစစ္ေရးသတင္းရင္းျမစ္တစ္ဦးကလည္း ဆင္ဘိုတြင္ တိုက္ပြဲဆက္ရွိေနသည္ဟု ယေန႔ ေဖေဖာ္ဝါရီ ၂၅ရက္ နံနက္တြင္ ေျပာသည္။

ဆင္ဘိုၿမိဳ႕ကို KIA ပူးေပါင္းတပ္က ေဖေဖာ္ဝါရီ ၁၀ရက္တြင္ ထိုးစစ္ဆင္ခဲ့ရာ ၿမိဳ႕ကို ထိုစဥ္ကတည္းက သိမ္းပိုက္ထိန္းခ်ဳပ္ထားခဲ့သည္။

ၿမိဳ႕အနီးရွိ ခလရ(၁၄၁)တပ္ရင္းကိုလည္း ထိုစဥ္က ပထမအႀကိမ္ ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ေသာ္လည္း ေနာက္ပိုင္း၌ တိုက္ပြဲေခတၱျပန္ၿငိမ္သြားၿပီး ယမန္ေန႔တြင္ ျပန္လည္ထိုးစစ္ဆင္ တိုက္ခိုက္ကာ စစ္ေကာင္စီတပ္စခန္းကို သိမ္းပိုက္နိုင္ရန္ ႀကိဳးပမ္းေနျခင္းျဖစ္သည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *