ရကမှာ လူငယ်တွေ ဆက်တိုက် ဆွဲခံနေရတယ် အသွားအလာ သတိ

တောင်ဒဂုံ၊ ၁၇ ရပ်ကွက်တွင် လူငယ်တချို့ မသင်္ကာမှုဖြင့် ဖမ်းဆီးခံရ ၊ ပန်းဘဲတန်းတွင် ယမန်နေ့ညပိုင်း မှတ်ပုံတင် မပြနိုင်သည့် လူငယ် ၅ ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း (တောင်ဒဂုံ) ၁၇ ရပ်ကွက်တွင် စစ်တပ်နှင့်ရဲများက လမ်းများ ပိတ်ဆို့စစ်ဆေးစဉ် မသင်္ကာသည်ဟုဆိုကာ လူငယ် တချို့ ဖမ်းဆီးခံရကြောင်း အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူ ပြည်သူတချို့က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်ပြီး တောင်ဒဂုံ၊ ၁၇ ရပ်ကွက်အတွင်းတွင် စစ်တပ်နှင့်ရဲများက မကြာခဏဆိုသလို လာရောက်စစ်ဆေးလျက်ရှိရာ လူငယ်များ ဖမ်းဆီးခံရကြောင်း၊ တချို့ ငွေကြေး ပေး၍ ပြန်လည် လွတ်မြောက်သော် လည်း မလွတ်မြောက်သူ အများစုဖြစ်ကြောင်း၊

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း တောင်ဒဂုံ ၁၇ ရပ်ကွက် ကြက်ဒိုင်နားတွင် ညနေပိုင်း အလုပ်ပြန်လာသည့် လူငယ် ၂ ဦး ဖမ်းဆီးခံရကြောင်း သိရှိရသည်။

“တောင်ဒဂုံ ၁၇ ရပ်ကွက်မှာ ခဏ၊ ခဏ စစ်သားတွေလာပြီး ကားတွေစစ်တယ်။ ဆိုင်ကယ်တွေဖမ်းတယ်။ အဲဒါနဲ့အတူ လူငယ်တွေပါ ဖမ်းတာ။ ဖေ ဖော်ဝါရီလ ၂၃ ရက်နေ့က

တောင်ဒဂုံ ၁၇ ရပ်ကွက်ကြက်ဒိုင်နားမှာ အလုပ်ပြန်တဲ့ လူငယ် ၂ ဦးကိုဖမ်းသွားတယ်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကတော့ ညနေပိုင်း ၆နာရီလောက်ကနေ စစစ်တာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ ယမန်နေ့ ညပိုင်း ၉ နာရီအချိန် ရန်ကုန်မြို့ ပန်းဘဲတန်းမြိုနယ်၊ ကုန်သည်လမ်း နှင့် ၃၁ လမ်းထိပ်တွင် စစ်တပ်က လူငယ် ၅ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

“ဧည့်စာရင်းစစ်တယ်။ မှတ်ပုံတင်တွေစစ်တယ်။ လူငယ် ၅ ဦး လက်ဖက်ရည်ဆိုင်ဘက်ကနေ ပြန်လာတာလို့ သိရတယ်။ မှတ်ပုံတင် မပြနိုင်တာကြောင့် ဖမ်းတယ်လို့ ပြောတယ်။

မိဘတွေတော့ ညတွင်းချင်း စခန်းကို လိုက်သွားကြတယ်။ နောက်ဆက်တွဲတော့ ဘာဆက်ဖြစ်လဲ မသိရသေးဘူး” ဟု ပန်းဘဲတန်းမြို့နယ်၊ လမ်း ၃၀ တွင် နေထိုင်သူတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းကြောင်း ကြေညာပြီးနောက် လူငယ်များကို ပစ်မှတ်ထား စစ်ဆေး ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ေတာင္ဒဂုံ၊ ၁၇ ရပ္ကြက္တြင္ လူငယ္တခ်ိဳ႕ မသကၤာမႈျဖင့္ ဖမ္းဆီးခံရ ၊ ပန္းဘဲတန္းတြင္ ယမန္ေန႔ညပိုင္း မွတ္ပုံတင္ မျပနိုင္သည့္ လူငယ္ ၅ ဦး ဖမ္းဆီးခံရ

ေဖေဖာ္ဝါရီ ၂၅

ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္း (ေတာင္ဒဂုံ) ၁၇ ရပ္ကြက္တြင္ စစ္တပ္ႏွင့္ရဲမ်ားက လမ္းမ်ား ပိတ္ဆို႔စစ္ေဆးစဥ္ မသကၤာသည္ဟုဆိုကာ လူငယ္ တခ်ိဳ႕ ဖမ္းဆီးခံရေၾကာင္း အဆိုပါ ရပ္ကြက္အတြင္း ေနထိုင္သူ ျပည္သူတခ်ိဳ႕က ေျပာဆိုသည္။

ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွစတင္ၿပီး ေတာင္ဒဂုံ၊ ၁၇ ရပ္ကြက္အတြင္းတြင္ စစ္တပ္ႏွင့္ရဲမ်ားက မၾကာခဏဆိုသလို လာေရာက္စစ္ေဆးလ်က္ရွိရာ လူငယ္မ်ား ဖမ္းဆီးခံရေၾကာင္း၊ တခ်ိဳ႕ ေငြေၾကး ေပး၍ ျပန္လည္ လြတ္ေျမာက္ေသာ္ လည္း မလြတ္ေျမာက္သူ အမ်ားစုျဖစ္ေၾကာင္း၊

ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔ကလည္း ေတာင္ဒဂုံ ၁၇ ရပ္ကြက္ ၾကက္ဒိုင္နားတြင္ ညေနပိုင္း အလုပ္ျပန္လာသည့္ လူငယ္ ၂ ဦး ဖမ္းဆီးခံရေၾကာင္း သိရွိရသည္။

“ေတာင္ဒဂုံ ၁၇ ရပ္ကြက္မွာ ခဏ၊ ခဏ စစ္သားေတြလာၿပီး ကားေတြစစ္တယ္။ ဆိုင္ကယ္ေတြဖမ္းတယ္။ အဲဒါနဲ႔အတူ လူငယ္ေတြပါ ဖမ္းတာ။ ေဖ ေဖာ္ဝါရီလ ၂၃ ရက္ေန႔က

ေတာင္ဒဂုံ ၁၇ ရပ္ကြက္ၾကက္ဒိုင္နားမွာ အလုပ္ျပန္တဲ့ လူငယ္ ၂ ဦးကိုဖမ္းသြားတယ္။ ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔ကေတာ့ ညေနပိုင္း ၆နာရီေလာက္ကေန စစစ္တာ” ဟု ေဒသျပည္သူတစ္ဦးက ရွင္းျပသည္။

အလားတူ ယမန္ေန႔ ညပိုင္း ၉ နာရီအခ်ိန္ ရန္ကုန္ၿမိဳ႕ ပန္းဘဲတန္းၿမိဳနယ္၊ ကုန္သည္လမ္း ႏွင့္ ၃၁ လမ္းထိပ္တြင္ စစ္တပ္က လူငယ္ ၅ ဦးကို ဖမ္းဆီးသြားေၾကာင္း ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။

“ဧည့္စာရင္းစစ္တယ္။ မွတ္ပုံတင္ေတြစစ္တယ္။ လူငယ္ ၅ ဦး လက္ဖက္ရည္ဆိုင္ဘက္ကေန ျပန္လာတာလို႔ သိရတယ္။ မွတ္ပုံတင္ မျပနိုင္တာေၾကာင့္ ဖမ္းတယ္လို႔ ေျပာတယ္။

မိဘေတြေတာ့ ညတြင္းခ်င္း စခန္းကို လိုက္သြားၾကတယ္။ ေနာက္ဆက္တြဲေတာ့ ဘာဆက္ျဖစ္လဲ မသိရေသးဘူး” ဟု ပန္းဘဲတန္းၿမိဳ႕နယ္၊ လမ္း ၃၀ တြင္ ေနထိုင္သူတစ္ဦးက ရွင္းျပသည္။

အၾကမ္းဖက္စစ္ေကာင္စီက ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔ စစ္မႈမထမ္းမေနရ ဥပေဒကို အသက္သြင္းေၾကာင္း ေၾကညာၿပီးေနာက္ လူငယ္မ်ားကို ပစ္မွတ္ထား စစ္ေဆး ဖမ္းဆီးမႈမ်ား လုပ္ေဆာင္လာေၾကာင္း ေဒသျပည္သူမ်ားထံမွ သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *