ဒီလိုအချိန်မှာ ဒီလိုဇောင်းထရဲ့တဲ့ သတ္တိကိုတော့ကြိုက်တယ်ကွာ ဒါပေမဲ့ သိပ်တော့ကြာ မယ်မထင်ဘူး

ပဲခူးမြို့နယ်၊ ကမ်းမြင့်ကျေးရွာတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အဝေးရောက် လူငယ်များကို အုပ်ချုပ်ရေးမှူးထွန်းလင်းက ပြန်ခေါ်ခိုင်း၊ ထွက်ပြေးလျှင် ကျန်ရစ်သူများကို ထောင်ချမည်ဟု ခြိမ်းခြောက်

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ကမ်းမြင့်ကျေးရွာတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အဝေးရောက် လူငယ်များကို အုပ်ချုပ်ရေးမှူးထွန်းလင်းက ပြန်ခေါ်ခိုင်းနေကြောင်း ကျေးရွာမှ ပြည်သူများက ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်အစောပိုင်းတွင် အိမ်ထောင်စုစာရင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူး ထွန်းလင်းက တောင်းခံပြီး စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ်အရေအတွက် ၁၀၀ ဝန်းကျင်ရှိကြောင်း၊

အိမ်ခြေ ၆၀၀ ကျော်ရှိသော ကမ်းမြင့်ကျေးရွာမှ စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ်အားလုံးသည် ကျေးရွာသို့ ပြန်လာရမည်ဖြစ်ပြီး စစ်မှုထမ်းရန်အတွက် မဖြစ်မနေ လက်မှတ်ထိုးရမည်ဖြစ်ကြောင်း၊ အကယ်၍ စစ်မှုမထမ်းဘဲ ထွက်ပြေးပါက ကျန်ရစ်သူ မိသားစုကို ထောင်ဒဏ် ၃ နှစ် ချမှတ်နိုင်သည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရသည်

“ရွာလူကြီး ထွန်းလင်းက အိမ်ခြေ ၆၀၀ ကျော်မှာ လူငယ်အရေအတွက် ၁၀၀ ကျော်ရှိတယ်။ အဲဒီလူငယ်တွေကို အဝေးရောက်နေရင်လည်း ရအောင်ပြန်ခေါ်ပေးရမယ်လို့ပြောတယ်။

မနက်ဖြန် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ရွာမှာ အစည်းအဝေးခေါပြီး မိဘတွေကို လက်မှတ်ထိုးခိုင်းမယ်။ စစ်မှုထမ်းရမှာ ထွက်ပြေးရင် ဖြစ်ဖြစ်၊ အ ဆက် အသွယ်မလုပ်ရင် ဖြစ်ဖြစ် ကျန်ခဲ့တဲ့မိသားစုဝင်ကို ထောင်ဒဏ် ၃ နှစ်ချမှတ်မယ်လို့ ခြိမ်းခြောက်တယ်” ဟု ကမ်းမြင့်ကျေးရွာမှ ပြည်သူတစ်ဦးက ပြောဆိုသည်

ကမ်းမြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ထွန်းလင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူး တက်လုပ်သူဖြစ်ပြီး စစ်တပ်အတွက် သတင်းပို့ခြင်း၊ စစ်တပ်က ခိုင်းစေမှုများကို အားတက်သရော လုပ် ဆောင်ပေးခြင်း၊ ပြည်သူ့စစ်နှင့်တပ်သားစုဆောင်းမှုများကို စိတ်ပါ လက်ပါ ကူညီနေသူဖြစ်ကြောင်း သိရှိရသည်။

ပဲခူးၿမိဳ႕နယ္၊ ကမ္းျမင့္ေက်းရြာတြင္ စစ္မႈထမ္းရန္ အက်ဳံးဝင္သည့္ အေဝးေရာက္ လူငယ္မ်ားကို အုပ္ခ်ဳပ္ေရးမႉးထြန္းလင္းက ျပန္ေခၚခိုင္း၊ ထြက္ေျပးလၽွင္ က်န္ရစ္သူမ်ားကို ေထာင္ခ်မည္ဟု ၿခိမ္းေျခာက္

ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕နယ္၊ ကမ္းျမင့္ေက်းရြာတြင္ စစ္မႈထမ္းရန္ အက်ဳံးဝင္သည့္ အေဝးေရာက္ လူငယ္မ်ားကို အုပ္ခ်ဳပ္ေရးမႉးထြန္းလင္းက ျပန္ေခၚခိုင္းေနေၾကာင္း ေက်းရြာမွ ျပည္သူမ်ားက ေျပာဆိုသည္။

ယေန႔ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ နံနက္အေစာပိုင္းတြင္ အိမ္ေထာင္စုစာရင္းမ်ားကို ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ထြန္းလင္းက ေတာင္းခံၿပီး စစ္မႈထမ္းရန္ အက်ဳံးဝင္ေသာ လူငယ္အေရအတြက္ ၁၀၀ ဝန္းက်င္ရွိေၾကာင္း၊

အိမ္ေၿခ ၆၀၀ ေက်ာ္ရွိေသာ ကမ္းျမင့္ေက်းရြာမွ စစ္မႈထမ္းရန္ အက်ဳံးဝင္ေသာ လူငယ္အားလုံးသည္ ေက်းရြာသို႔ ျပန္လာရမည္ျဖစ္ၿပီး စစ္မႈထမ္းရန္အတြက္ မျဖစ္မေန လက္မွတ္ထိုးရမည္ျဖစ္ေၾကာင္း၊ အကယ္၍ စစ္မႈမထမ္းဘဲ ထြက္ေျပးပါက က်န္ရစ္သူ မိသားစုကို ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္နိုင္သည္ဟု ၿခိမ္းေျခာက္ေျပာဆိုေၾကာင္း သိရွိရသည္

“ရြာလူႀကီး ထြန္းလင္းက အိမ္ေၿခ ၆၀၀ ေက်ာ္မွာ လူငယ္အေရအတြက္ ၁၀၀ ေက်ာ္ရွိတယ္။ အဲဒီလူငယ္ေတြကို အေဝးေရာက္ေနရင္လည္း ရေအာင္ျပန္ေခၚေပးရမယ္လို႔ေျပာတယ္။

မနက္ျဖန္ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔မွာ ရြာမွာ အစည္းအေဝးေခါၿပီး မိဘေတြကို လက္မွတ္ထိုးခိုင္းမယ္။ စစ္မႈထမ္းရမွာ ထြက္ေျပးရင္ ျဖစ္ျဖစ္၊ အ ဆက္ အသြယ္မလုပ္ရင္ ျဖစ္ျဖစ္ က်န္ခဲ့တဲ့မိသားစုဝင္ကို ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္မယ္လို႔ ၿခိမ္းေျခာက္တယ္” ဟု ကမ္းျမင့္ေက်းရြာမွ ျပည္သူတစ္ဦးက ေျပာဆိုသည္

ကမ္းျမင့္ ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ထြန္းလင္းသည္ ၂၀၂၁ ခုႏွစ္ စစ္အာဏာ သိမ္းၿပီးေနာက္ပိုင္း ေက်းရြာအုပ္ခ်ဳပ္ေရးမႉး တက္လုပ္သူျဖစ္ၿပီး စစ္တပ္အတြက္ သတင္းပို႔ျခင္း၊ စစ္တပ္က ခိုင္းေစမႈမ်ားကို အားတက္သေရာ လုပ္ ေဆာင္ေပးျခင္း၊ ျပည္သူ႔စစ္ႏွင့္တပ္သားစုေဆာင္းမႈမ်ားကို စိတ္ပါ လက္ပါ ကူညီေနသူျဖစ္ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *