ရုပ်သံကိုသာ ရှိုးလိုက်တော့…နေပြည်တော်သို့ ဦးတည်တော့မည်ဆိုတဲ့အတိုင်း ကိုကြီးနေမျိုးဇင် ကတော့ နပတ အနီး ကိုယ်ထင်ပြီဗျာ

အောက်ဆုံးတွင် ရုပ်သံဖိုင်ပါသည်

ရုပ်သံကိုသာ ရှိုးလိုက်တော့…နေပြည်တော်သို့ ဦးတည်တော့မည်ဆိုတဲ့အတိုင်း ကိုကြီးနေမျိုးဇင် ကတော့ နပတ အနီး ကိုယ်ထင်ပြီဗျာ

မြို့သိမ်းတိုက်ပွဲများထက် စစ်ကောင်စီ၏ အသဲနှလုံး နေပြည်တော်ထိုးဖောက်နိုင်ရေး လုပ်သွားမည်ဟု KNUအသိပေး

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့်မြို့သိမ်းတိုက်ပွဲများထက် စစ်ကောင်စီ၏ အရှိုက်ဖြစ်သည့် နေပြည်တော်ကို ထိုးဖောက်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောကြားသည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယခု ၂၀၂၄ နှစ်ဆန်းပိုင်းအတွင်း KNU တပ်မဟာ(၁) သထုံခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊တပ်မဟာ(၆) ဒူးပလာယာခရိုင် ရှေ့တန်းစစ်မြေပြင်များသို့ သွားရောက်ခဲ့မှု ခရီးစဉ်နှင့်ပတ်သက်ပြီး KNU ပြည်သူ့ဆက်ဆံရေးဌာနကမေးမြန်းချက်များကို ယနေ့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပဒိုစောတောနီးအနေဖြင့် မြေပြင်အခြေအနေများ သိရှိနိုင်ရန် မြဝတီမြို့အနီး လက်ခက်တောင် နေရာအပါအဝင် တပ်မဟာ(၆)ဒေသ၊ နေပြည်တော်နှင့်နီးသည့် တပ်မဟာ(၃)နှင့် တပ်မဟာ(၁)နယ်မြေများသို့ သွားရောက်ခဲ့ရာ တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးထားနိုင်ပြီး စစ်ကောင်စီက ခွာစစ်၊ ခံစစ် အနေအထား သာရှိတော့သည်ဟု ပြောပြသည်။

၂၀၂၃ ဇူလိုင်က သိမ်းယူခဲ့သည့် တပ်မဟာ(၆) လက်ခက်တောင်ဒေသ၊ မြဝတီမြို့မှ ကြိုဆိုပါ၏ ဆိုသည့်ဆိုင်းဘုတ်အထိ ရောက်ရှိခဲ့ကြောင်း၊ အာရှလမ်းမကြီး တစ်ခုလုံးထိန်းချုပ်ထားနိုင်ကြောင်း ၊ တပ်မဟာ(၃) မုန်း၊ ကျောက်ကြီး၊ ရွှေကျင် အပြင် စစ်တောင်းမြစ် အနောက်ဘက်ကမ်းကို ဖြတ်ကူးလာပြီး မဒေါက် ရထားလမ်းနှင့်မနီးမဝေးနေရာအထိ ရောက်ခဲ့ကြောင်း၊ နှစ်ရက်အတွင်း ရွာပေါင်း ၆၀ကျော်ကို သွားရောက်ခဲ့ကြောင်းရှင်းပြသည်။

“နယ်မြေစိုးမိုးမှု အပိုင်းမှာတော့ မြို့ကိုတော့ မလိုအပ်ဘဲနဲ့ ကျနော်တို့ အသေမခံနိုင်ဘူး။ ပြောရမယ်ဆိုရင် ရှေ့ဆက်ရမယ့် ခရီးက အများကြီးရှိသေးတယ်။ အဲဒါကြောင့်မို့လို့ ဒီကာလမှာ နယ်မြေတွေကို ဘယ်လောက်အထိ ထိန်းချုပ်နိုင်လဲဆိုတာ ပြောချင်တာ။” ဟု ပဒိုစောတောနီးက ပြောသည်။

ဇန်နဝါရီ နောက်ဆုံးပတ်တွင် တပ်မဟာ(၁) နယ်မြေ သို့ရောက်ရှိ ခဲ့ပြီး ဘားအံမြို့နယ် ၊ သထုံမြို့နယ်၊ ကျိုက်ထို စသည့် ဒေသများ၌ KNU ဘက်ကနယ်မြေစိုးမိုးမှု အားကောင်းပြီး စစ်ကောင်စီ အနေအထားမှာ စခန်းအပြင် လုံးဝထွက်မရသည့် အခြေအနေဖြစ်ကြောင်း၊ လမ်းများကို ဖျက်ဆီးပြီးခံစစ်ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်း ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ခွာစစ်၊ခံစစ်ကို ပြင်ဆင်နေပြီး နောက်ဆုံးတွင် နေပြည်တော်ကို ခံကတုတ်အဖြစ် ပြင်ဆင်နေသည်ကို မြင်ရကြောင်း ပြောသည်။

စစ်ကောင်စီတပ်များက နေရာများကို စွန့်ခွာသွားပါက အသိသာဆုံး အချက်မှာ နေအိမ်များကို မီးရှို့ခဲ့ကြောင်း၊ မြေမြှုပ်မိုင်းများ လည်းထောင်ထားခဲ့ကြောင်း ပြောပြပြီး မြေမြှုပ်မိုင်းပြဿနာသည် ဖြေရှင်းရမည့် ကိစ္စရပ်တစ်ခုဖြစ်သည်ဟုဆိုသည်။

“ဆိုလိုတာက မစားရတဲ့ အမဲသဲနဲ့ ပတ်တယ်ဆိုတာက နေရာတစ်ခုတည်းမှာမဟုတ်ဘူး နေရာတော်တော်များများမှာ သူတို့က လုပ်သွားခဲ့တယ်။အဲဒါကြောင့် မြို့တွေကို သူတို့က ပြောလည်းပြောခဲ့ပြီးပြီ။ မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဟာ မင်းတို့ ဘယ်လောက်ပဲ သိမ်းနိုင် သိမ်းနိုင်

ငါတို့က မင်းတို့ အုပ်ချုပ်လို့မရအောင် လုပ်ပစ်မှာပဲဆိုတာ သူတို့ ပြောတာ ပြောတဲ့အတိုင်းလည်း လုပ်တယ်လေ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒီကနေ့ ဒီကာလမှာမြို့သိမ်းတာ သိပ်ပြီးတော့ အာရုံမလာဘူး။ အာရုံသိပ်ထည့်ထားမယ်ဆိုရင် ရတာနဲ့ လုံးဝမတန်ဘူး။ ဥပမာ မုန်းမှာရော၊ ဇရပ်ကြီးမှာရော”ဟု ပဒိုစောတောနီးက ပြောသည်။

သို့ရာတွင် လိုအပ်ရင် လိုအပ်သလို ဝင်ရောက်တိုက်ခိုက်သွားမည်ဖြစ်ပြီး နေပြည်တော်ကို မည်သို့ ထိုးဖောက်ရမည်ကိုစဉ်းစားရမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

“ဒီအချိန်မှာတော့ ဒါတွေ(မြို့သိမ်း)ကို သိပ်စဉ်းစားမှာ မဟုတ်ဘူး။ ဒါပေမယ့် စစ်ရေးအရလိုလာတဲ့ဟာကတော့ ကျနော်တို့ တပ်မှူး တပ်ဗိုလ်တွေက ဒါစဉ်းစားမှာပဲ။ ကိုယ့်အထိအခိုက် နည်းတဲ့အလုပ်ကို ကိုယ်ကိုယ်တိုင်လုပ်မယ်။ နောက်ပြီးတော့ အသဲနှလုံးရှိတဲ့နေရာ အရှိုက်ရှိတဲ့နေရာ သူ့ရဲ့ အကယ့်အညှာ ရှိတဲ့နေရာကိုကျနော်တို့ ဖောက်မှာပဲ”ဟု ပဒိုစောတောနီးက ပြောသည်။

ထိုသို့ ထိုးဖောက်ရာ၌ KNU၏ အားတစ်ခုတည်းသာမက KNU အဖွဲ့ထံ ရောက်လာသည့် လူငယ်များနှင့်အတူ လုပ်ရမည့် အလုပ်များကို သေသေသပ်သပ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

လက်ရှိတွင် နယ်မြေများစွာ လက်ထဲရောက်လာ ၍ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင် ရန် လိုအပ်ချက်များစွာ ရှိနေကြောင်း ပညာရေး၊ ကျန်းမာရေး ပိုင်းဆိုင်ရာများနှင့်ပတ်သက်ပြီး အလေးထား စဉ်းစားလုပ်ကိုင်နေရကြောင်း ပြောသည်။

စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ပါက ဖြစ်ပေါ် လာမည့် စစ်ဘေးရှောင်အရေးကို ရှောင်လွှဲ၍ မရကြောင်း၊ သို့ရာတွင် ပြတ်သားစွာပင် စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

“လက်ရှိကာလမှာ နောက်ဆုံးစာရင်း ဇယား ၂၀၂၄ ဇန်နဝါရီ လကုန်အထိ ချုပ်လိုက်တော့ ၇၆၄၀၀၀ ကျော်ဖြစ်သွားပြီ”ဟု ၎င်းက ကရင် ဒေသ တစ်ခုတည်း၏ စစ်ရှောင် အခြေအနေကို ပြောပြသည်။

ထိုသို့ စစ်ရှောင်ဦးရေ များပြားရခြင်းမှာ စစ်ကောင်စီက လက်နက်ကြီးမျာဖြင့် ကျေးရွာများသို့ ပစ်ခတ်နေခြင်းကြောင့် ဖြစ်ကြောင်း၊ တိုက်ပွဲမဖြစ်ဘဲ ပစ်ခတ်နေကြောင်း၊ အရပ်သားသေဆုံးထိခိုက်မှုများ နေ့စဉ်နှင့်အမျှ ရှိနေကြောင်း အသိပေးသည်။

(ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – EPA)

ရုပ္သံကိုသာ ရႈိးလိုက္ေတာ့…ေနျပည္ေတာ္သို႔ ဦးတည္ေတာ့မည္ဆိုတဲ့အတိုင္း ကိုၾကီးေနမ်ိဳးဇင္ ကေတာ့ နပတ အနီး ကိုယ္ထင္ျပီဗ်ာ

ၿမိဳ႕သိမ္းတိုက္ပြဲမ်ားထက္ စစ္ေကာင္စီ၏ အသဲႏွလုံး ေနျပည္ေတာ္ထိုးေဖာက္ႏိုင္ေရး လုပ္သြားမည္ဟု KNUအသိေပး

ထားျမတ္/People’s Spring

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) အေနျဖင့္ၿမိဳ႕သိမ္းတိုက္ပြဲမ်ားထက္ စစ္ေကာင္စီ၏ အရႈိက္ျဖစ္သည့္ ေနျပည္ေတာ္ကို ထိုးေဖာက္ႏိုင္ေရး အတြက္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း KNU ေျပာေရးဆိုခြင့္ရွိသူ ပဒိုေစာေတာနီးကေျပာၾကားသည္။

KNU ေျပာေရးဆိုခြင့္ရွိသူ ပဒိုေစာေတာနီးက ယခု ၂၀၂၄ ႏွစ္ဆန္းပိုင္းအတြင္း KNU တပ္မဟာ(၁) သထုံခ႐ိုင္၊ တပ္မဟာ(၃) ေညာင္ေလးပင္ခ႐ိုင္၊တပ္မဟာ(၆) ဒူးပလာယာခ႐ိုင္ ေရွ႕တန္းစစ္ေျမျပင္မ်ားသို႔ သြားေရာက္ခဲ့မႈ ခရီးစဥ္ႏွင့္ပတ္သက္ၿပီး KNU ျပည္သူ႔ဆက္ဆံေရးဌာနကေမးျမန္းခ်က္မ်ားကို ယေန႔ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ပဒိုေစာေတာနီးအေနျဖင့္ ေျမျပင္အေျခအေနမ်ား သိရွိႏိုင္ရန္ ျမဝတီၿမိဳ႕အနီး လက္ခက္ေတာင္ ေနရာအပါအဝင္ တပ္မဟာ(၆)ေဒသ၊ ေနျပည္ေတာ္ႏွင့္နီးသည့္ တပ္မဟာ(၃)ႏွင့္ တပ္မဟာ(၁)နယ္ေျမမ်ားသို႔ သြားေရာက္ခဲ့ရာ ေတာ္လွန္ေရးတပ္မ်ားက နယ္ေျမစိုးမိုးထားႏိုင္ၿပီး စစ္ေကာင္စီက ခြာစစ္၊ ခံစစ္ အေနအထား သာရွိေတာ့သည္ဟု ေျပာျပသည္။

၂၀၂၃ ဇူလိုင္က သိမ္းယူခဲ့သည့္ တပ္မဟာ(၆) လက္ခက္ေတာင္ေဒသ၊ ျမဝတီၿမိဳ႕မွ ႀကိဳဆိုပါ၏ ဆိုသည့္ဆိုင္းဘုတ္အထိ ေရာက္ရွိခဲ့ေၾကာင္း၊ အာရွလမ္းမႀကီး တစ္ခုလုံးထိန္းခ်ဳပ္ထားႏိုင္ေၾကာင္း ၊ တပ္မဟာ(၃) မုန္း၊ ေက်ာက္ႀကီး၊ ေ႐ႊက်င္ အျပင္ စစ္ေတာင္းျမစ္ အေနာက္ဘက္ကမ္းကို ျဖတ္ကူးလာၿပီး မေဒါက္ ရထားလမ္းႏွင့္မနီးမေဝးေနရာအထိ ေရာက္ခဲ့ေၾကာင္း၊ ႏွစ္ရက္အတြင္း ႐ြာေပါင္း ၆၀ေက်ာ္ကို သြားေရာက္ခဲ့ေၾကာင္းရွင္းျပသည္။

“နယ္ေျမစိုးမိုးမႈ အပိုင္းမွာေတာ့ ၿမိဳ႕ကိုေတာ့ မလိုအပ္ဘဲနဲ႔ က်ေနာ္တို႔ အေသမခံႏိုင္ဘူး။ ေျပာရမယ္ဆိုရင္ ေရွ႕ဆက္ရမယ့္ ခရီးက အမ်ားႀကီးရွိေသးတယ္။ အဲဒါေၾကာင့္မို႔လို႔ ဒီကာလမွာ နယ္ေျမေတြကို ဘယ္ေလာက္အထိ ထိန္းခ်ဳပ္ႏိုင္လဲဆိုတာ ေျပာခ်င္တာ။” ဟု ပဒိုေစာေတာနီးက ေျပာသည္။

ဇန္နဝါရီ ေနာက္ဆုံးပတ္တြင္ တပ္မဟာ(၁) နယ္ေျမ သို႔ေရာက္ရွိ ခဲ့ၿပီး ဘားအံၿမိဳ႕နယ္ ၊ သထုံၿမိဳ႕နယ္၊ က်ိဳက္ထို စသည့္ ေဒသမ်ား၌ KNU ဘက္ကနယ္ေျမစိုးမိုးမႈ အားေကာင္းၿပီး စစ္ေကာင္စီ အေနအထားမွာ စခန္းအျပင္ လုံးဝထြက္မရသည့္ အေျခအေနျဖစ္ေၾကာင္း၊ လမ္းမ်ားကို ဖ်က္ဆီးၿပီးခံစစ္ျပင္ဆင္မႈမ်ားလုပ္ေဆာင္ေနေၾကာင္း ရွင္းျပသည္။

လက္ရွိတြင္ စစ္ေကာင္စီအေနျဖင့္ ခြာစစ္၊ခံစစ္ကို ျပင္ဆင္ေနၿပီး ေနာက္ဆုံးတြင္ ေနျပည္ေတာ္ကို ခံကတုတ္အျဖစ္ ျပင္ဆင္ေနသည္ကို ျမင္ရေၾကာင္း ေျပာသည္။

စစ္ေကာင္စီတပ္မ်ားက ေနရာမ်ားကို စြန႔္ခြာသြားပါက အသိသာဆုံး အခ်က္မွာ ေနအိမ္မ်ားကို မီးရႈိ႕ခဲ့ေၾကာင္း၊ ေျမျမႇဳပ္မိုင္းမ်ား လည္းေထာင္ထားခဲ့ေၾကာင္း ေျပာျပၿပီး ေျမျမႇဳပ္မိုင္းျပႆနာသည္ ေျဖရွင္းရမည့္ ကိစၥရပ္တစ္ခုျဖစ္သည္ဟုဆိုသည္။

“ဆိုလိုတာက မစားရတဲ့ အမဲသဲနဲ႔ ပတ္တယ္ဆိုတာက ေနရာတစ္ခုတည္းမွာမဟုတ္ဘူး ေနရာေတာ္ေတာ္မ်ားမ်ားမွာ သူတို႔က လုပ္သြားခဲ့တယ္။အဲဒါေၾကာင့္ ၿမိဳ႕ေတြကို သူတို႔က ေျပာလည္းေျပာခဲ့ၿပီးၿပီ။ ေျမာက္ပိုင္းမွာ ျဖစ္ခဲ့တဲ့ ဟာ မင္းတို႔ ဘယ္ေလာက္ပဲ သိမ္းႏိုင္ သိမ္းႏိုင္

ငါတို႔က မင္းတို႔ အုပ္ခ်ဳပ္လို႔မရေအာင္ လုပ္ပစ္မွာပဲဆိုတာ သူတို႔ ေျပာတာ ေျပာတဲ့အတိုင္းလည္း လုပ္တယ္ေလ။ အဲဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ ဒီကေန႔ ဒီကာလမွာၿမိဳ႕သိမ္းတာ သိပ္ၿပီးေတာ့ အာ႐ုံမလာဘူး။ အာ႐ုံသိပ္ထည့္ထားမယ္ဆိုရင္ ရတာနဲ႔ လုံးဝမတန္ဘူး။ ဥပမာ မုန္းမွာေရာ၊ ဇရပ္ႀကီးမွာေရာ”ဟု ပဒိုေစာေတာနီးက ေျပာသည္။

သို႔ရာတြင္ လိုအပ္ရင္ လိုအပ္သလို ဝင္ေရာက္တိုက္ခိုက္သြားမည္ျဖစ္ၿပီး ေနျပည္ေတာ္ကို မည္သို႔ ထိုးေဖာက္ရမည္ကိုစဥ္းစားရမည္ျဖစ္သည္ဟု ၎ကဆိုသည္။

“ဒီအခ်ိန္မွာေတာ့ ဒါေတြ(ၿမိဳ႕သိမ္း)ကို သိပ္စဥ္းစားမွာ မဟုတ္ဘူး။ ဒါေပမယ့္ စစ္ေရးအရလိုလာတဲ့ဟာကေတာ့ က်ေနာ္တို႔ တပ္မႉး တပ္ဗိုလ္ေတြက ဒါစဥ္းစားမွာပဲ။ ကိုယ့္အထိအခိုက္ နည္းတဲ့အလုပ္ကို ကိုယ္ကိုယ္တိုင္လုပ္မယ္။ ေနာက္ၿပီးေတာ့ အသဲႏွလုံးရွိတဲ့ေနရာ အရႈိက္ရွိတဲ့ေနရာ သူ႔ရဲ႕ အကယ့္အညႇာ ရွိတဲ့ေနရာကိုက်ေနာ္တို႔ ေဖာက္မွာပဲ”ဟု ပဒိုေစာေတာနီးက ေျပာသည္။

ထိုသို႔ ထိုးေဖာက္ရာ၌ KNU၏ အားတစ္ခုတည္းသာမက KNU အဖြဲ႕ထံ ေရာက္လာသည့္ လူငယ္မ်ားႏွင့္အတူ လုပ္ရမည့္ အလုပ္မ်ားကို ေသေသသပ္သပ္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။

လက္ရွိတြင္ နယ္ေျမမ်ားစြာ လက္ထဲေရာက္လာ ၍ ျပည္သူ႔ဝန္ေဆာင္မႈ လုပ္ငန္းမ်ား လုပ္ေဆာင္ ရန္ လိုအပ္ခ်က္မ်ားစြာ ရွိေနေၾကာင္း ပညာေရး၊ က်န္းမာေရး ပိုင္းဆိုင္ရာမ်ားႏွင့္ပတ္သက္ၿပီး အေလးထား စဥ္းစားလုပ္ကိုင္ေနရေၾကာင္း ေျပာသည္။

စစ္ေကာင္စီကို ျပန္လည္တိုက္ခိုက္ပါက ျဖစ္ေပၚ လာမည့္ စစ္ေဘးေရွာင္အေရးကို ေရွာင္လႊဲ၍ မရေၾကာင္း၊ သို႔ရာတြင္ ျပတ္သားစြာပင္ စစ္ေကာင္စီကို တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း ပဒိုေစာေတာနီးက ေျပာသည္။

“လက္ရွိကာလမွာ ေနာက္ဆုံးစာရင္း ဇယား ၂၀၂၄ ဇန္နဝါရီ လကုန္အထိ ခ်ဳပ္လိုက္ေတာ့ ၇၆၄၀၀၀ ေက်ာ္ျဖစ္သြားၿပီ”ဟု ၎က ကရင္ ေဒသ တစ္ခုတည္း၏ စစ္ေရွာင္ အေျခအေနကို ေျပာျပသည္။

ထိုသို႔ စစ္ေရွာင္ဦးေရ မ်ားျပားရျခင္းမွာ စစ္ေကာင္စီက လက္နက္ႀကီးမ်ာျဖင့္ ေက်း႐ြာမ်ားသို႔ ပစ္ခတ္ေနျခင္းေၾကာင့္ ျဖစ္ေၾကာင္း၊ တိုက္ပြဲမျဖစ္ဘဲ ပစ္ခတ္ေနေၾကာင္း၊ အရပ္သားေသဆုံးထိခိုက္မႈမ်ား ေန႔စဥ္ႏွင့္အမွ် ရွိေနေၾကာင္း အသိေပးသည္။

(ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)မွ ရဲေဘာ္မ်ားအား ေတြ႕ရစဥ္။ ဓာတ္ပုံ – EPA)

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *