ခရီးသွားတွေကို စိတ်အနှောင့်အယှက်ပေးနေတဲ့ မြို့ဝင်စစ်ဆေးရေးဂိတ်ကို ဗျင်းပီ

ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ ပေါင်းတည်တွင် စစ် ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ အကြမ်းဖက်စစ်တပ် စစ်ရေးဂိတ်ကို ဒရုန်း၊ လက် နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ၆ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန် ရေး အင်အားစု – KRF ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ ပူးပေါင်းတပ်စွဲထား သည့် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်း၊ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးပြီး ၃ ဦးမှာ ဆေးရုံသို့ သယ်ဆောင်သွားစဉ် လမ်းခုလတ်၌ သေဆုံး သွားကြောင်းသိရသည်။

ထို့အပြင် အကြမ်းဖက်စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ် သား၊ ရဲများ၏ အနီး၌ ဈေးရောင်းချနေသော ဈေးသည်တစ်ဦးလည်း ဂုတ်ပိုးရှပ်ထိဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း ၊ ဈေးသည်ပြည်သူထိခိုက်ခဲ့မှုအပေါ် လွန်စွာမှ စိတ်မကောင်းဖြစ်မိပြီး မိဘပြည်သူများအနေဖြင့် အ ကြမ်း ဖက်စစ်သား၊ ရဲများနှင့်နီးကပ်စွာ နေထိုင်ဆက်ဆံခြင်း၊ ရောင်းဝယ်ဖောက်ကားဖြင့် မပြုကြရန် ထပ်တောင်းသတိပေးပါကြောင်း KRF က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF နှင့် ကျိုက်ထိုမြေို့နယ် ပကဖ တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF အနေဖြင့် စစ်အာဏာရှင် စနစ်ကျဆုံးသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တို့ကို အသက်ပေးကာ ကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်၊ နစ်နာ၊ ပျက်စီး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများ ပြုလုပ်ခြင်း အလျဉ်းမရှိပါကြောင်း အသိပေးထားသည်။

အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်၊သစ်ပုတ်အုပ်စု၊လက်ပံခုန်ရွာအနောက်ဘက် နတ်ရေတွင်းရွာတောင်ဘက် ထန်းပင်ကွင်းတွင် စစ်တပ်စစ်ကြောင်းကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်- ၃၆၀၁ PPDF တပ်ရင်း၊ စနိုက်ပါအဖွဲ့နှင့်တပ်ခွဲ ၁ တို့က ပစ် ခတ်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ၃၆၀၁ PPDF တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က သေဆုံးစစ်သားအလောင်းကို လက်ပံခုန်ရွာမှ နေအိမ်များနှင့်အတူ ရော၍ မီးရှို့သွားကြောင်း၊ ယင်းနောက် စစ်တပ်က တော်လှန်ရေးအဖွဲ့များကို လက်နက်ကြီး၊လက်နက်ငယ်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- မုပ္ပလင်စစ်ဆေးရေးဂိတ်။ (ပုံအဟောင်းဖြစ်ပါသည်။)

က်ိဳက္ထို၊ မုပၸလင္လမ္းဆုံရွိ စစ္ေဆးေရးဂိတ္ကို တိုက္ခိုက္မႈ စစ္သား ၆ ဦးေသဆုံး၊ ေပါင္းတည္တြင္ စစ္ ေၾကာင္းကို စႏိုက္ပါျဖင့္ ပစ္ခတ္မႈ စစ္သား ၁ ဦးေသဆုံး

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၄

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ မုပၸလင္လမ္းဆုံရွိ အၾကမ္းဖက္စစ္တပ္ စစ္ေရးဂိတ္ကို ဒ႐ုန္း၊ လက္ နက္ႀကီး ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္ဖြဲ႕ ၆ ဦးေသဆုံးခဲ့ေၾကာင္း က်ိဳက္ထိုေတာ္လွန္ ေရး အင္အားစု – KRF ထံမွ သိရသည္။

ယမန္ေန႔ ေဖေဖာ္ဝါရီလ ၂၃ ရက္ နံနက္ ၁၁ နာရီခန႔္က အၾကမ္းဖက္စစ္သား၊ ရဲ ပူးေပါင္းတပ္စြဲထား သည့္ က်ိဳက္ထိုၿမိဳ႕နယ္၊ မုပၸလင္လမ္းဆုံရွိ စစ္ေဆးေရးဂိတ္ကို ေတာ္လွန္ေရး ပူးေပါင္းတပ္ဖြဲ႕မွ ဒ႐ုန္း၊ ၆၀ မမ၊ ၄၀ မမ လက္နက္ႀကီးမ်ားျဖင့္ ဗုံးက်ဲ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၃ ဦး ေနရာမွာပင္ ပြဲခ်င္းၿပီးေသဆုံးၿပီး ၃ ဦးမွာ ေဆး႐ုံသို႔ သယ္ေဆာင္သြားစဥ္ လမ္းခုလတ္၌ ေသဆုံး သြားေၾကာင္းသိရသည္။

ထို႔အျပင္ အၾကမ္းဖက္စစ္သား ၃ ဦး အျပင္းအထန္ ဒဏ္ရာရရွိခဲ့ၿပီး အၾကမ္းဖက္စစ္ သား၊ ရဲမ်ား၏ အနီး၌ ေဈးေရာင္းခ်ေနေသာ ေဈးသည္တစ္ဦးလည္း ဂုတ္ပိုးရွပ္ထိဒဏ္ရာ မစိုးရိမ္ရ ရရွိခဲ့ေၾကာင္း ၊ ေဈးသည္ျပည္သူထိခိုက္ခဲ့မႈအေပၚ လြန္စြာမွ စိတ္မေကာင္းျဖစ္မိၿပီး မိဘျပည္သူမ်ားအေနျဖင့္ အ ၾကမ္း ဖက္စစ္သား၊ ရဲမ်ားႏွင့္နီးကပ္စြာ ေနထိုင္ဆက္ဆံျခင္း၊ ေရာင္းဝယ္ေဖာက္ကားျဖင့္ မျပဳၾကရန္ ထပ္ေတာင္းသတိေပးပါေၾကာင္း KRF က ထုတ္ျပန္ထားသည္။

အဆိုပါတိုက္ခိုက္မႈကို က်ိဳက္ထိုေတာ္လွန္ေရးအင္အားစု – KRF ႏွင့္ က်ိဳက္ထိုေၿမိဳ႕နယ္ ပကဖ တို႔ ပူးေပါင္းကာတိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္မ်ား အထိအခိုက္မရွိ ေအာင္ျမင္စြာဆုတ္ ခြာႏိုင္ခဲ့ေၾကာင္း သိရသည္။

က်ိဳက္ထိုေတာ္လွန္ေရးအင္အားစု – KRF အေနျဖင့္ စစ္အာဏာရွင္ စနစ္က်ဆုံးသည္အထိ ဆက္ လက္တိုက္ပြဲဝင္သြားမည္ျဖစ္ၿပီး ျပည္သူလူထု၏ အသက္အိုးအိမ္ စည္းစိမ္တို႔ကို အသက္ေပးကာ ကြယ္ေစာင့္ေရွာက္သြားမည္ျဖစ္ေၾကာင္း၊ ျပည္သူလူထုအေပၚ တစ္စုံတစ္ရာ ထိခိုက္၊ နစ္နာ၊ ပ်က္စီး ေစမည့္ ေဖာက္ခြဲမႈ၊ ပစ္ခတ္မႈမ်ား ျပဳလုပ္ျခင္း အလ်ဥ္းမရွိပါေၾကာင္း အသိေပးထားသည္။

အလားတူ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔ နံနက္ ၁၁ နာရီ ၃၀ မိနစ္အခ်ိန္ ပဲခူးတိုင္း၊ျပည္ခ႐ိုင္၊ေပါင္းတည္ၿမိဳ႕နယ္၊သစ္ပုတ္အုပ္စု၊လက္ပံခုန္႐ြာအေနာက္ဘက္ နတ္ေရတြင္း႐ြာေတာင္ဘက္ ထန္းပင္ကြင္းတြင္ စစ္တပ္စစ္ေၾကာင္းကို ျပည္ခ႐ိုင္ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္- ၃၆၀၁ PPDF တပ္ရင္း၊ စႏိုက္ပါအဖြဲ႕ႏွင့္တပ္ခြဲ ၁ တို႔က ပစ္ ခတ္ရာ စစ္သား ၁ ဦးေသဆုံးၿပီး ၁ ဦးဒဏ္ရာရရွိေၾကာင္း ၃၆၀၁ PPDF တပ္ရင္းမွ ျပန္ၾကားေရးတာဝန္ခံက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

စစ္တပ္က ေသဆုံးစစ္သားအေလာင္းကို လက္ပံခုန္႐ြာမွ ေနအိမ္မ်ားႏွင့္အတူ ေရာ၍ မီးရႈိ႕သြားေၾကာင္း၊ ယင္းေနာက္ စစ္တပ္က ေတာ္လွန္ေရးအဖြဲ႕မ်ားကို လက္နက္ႀကီး၊လက္နက္ငယ္မ်ိဳးစုံျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေသာ္လည္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား အထိအခိုက္မရွိေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- မုပၸလင္စစ္ေဆးေရးဂိတ္။ (ပုံအေဟာင္းျဖစ္ပါသည္။)

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *