ထိုင်း ဝန်ကြီးချုပ် ကိုယ်တိုင် သတိပေးပြီ

ထိုင်း ဝန်ကြီးချုပ် ကိုယ်တိုင် သတိပေးပြီ

ထိုင်း ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်မှ နိုင်ငံ တွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသား များ အရေးယူ ခံရမည်ဟု သတိပေးလိုက်ပြီ ဖြစ်သည်။

လူငယ်များအား ဧပြီလမှစ၍ မဖြစ် မနေ စစ်မှုထမ်းရမည်ဟု အမိန့်ထုတ်လာခြင်းကြောင့် ရန်ကုန်ရှိ ထိုင်း သံရုံးရှေ့တွင် မြင်မကောင်းအောင် လူတန်းရှေကြီး ဖြစ်လာနေသည်ကို စိုးရိမ်မကင်း ဖြစ်လာ၍ထုတ်ဖေါ် ပြောဆိုလာခြင်းပင် ဖြစ်သည်။

ယင်း ပြဿနာ နှင့် စပ်လျှင်းပြီး ထိုင်း လုံခြုံရေး အေဂျင်စီ များ နှင့် ‌ဆွေးနွေး တိုင်ပင်ခဲ့ပြီး ဖြစ်သည်ဟုလည်း ဆိုသည်။ထိုအတိုင်းဆိုက မကြာမီ အတော အတွင်း ထိုင်းနိုင်ငံ တွင် စံပြ အနေဖြင့် လူဖမ်းပွဲကြီး စတင်လာဖို့ ရှိသည်ဟု ယုံကြည်ရပေသည်။ယခုပင် ထိုင်းနယ်စပ်တွင် ဆက်တိုက်ဆိုသလို တရားမဝင် ဝင်ရောက်လာသည့် မြန်မာ များအားပိတ်ဆို့ ဖမ်းဆီးနေသည်ဟု DVB. သတင်းက ဆိုသည်။

သာဗီဆင် မှ ယခု ရောက်လာကြမည့် မြန်မာ များသည် အလုပ်အကိုင် ရှာဖွေကြမည့် လူများ မဟုတ်ပဲ စစ်မှုထမ်းရမည့် အရေး ရှောင်ရှားလို၍ ထွက်ပြေးလာကြသူများသာ ဖြစ်၍ အလုပ်အကိုင် ဆုံးရှုံးရမည့် အရေး စိုးရိမ်စရာ မရှိဟုလည်း ၎င်း၏ နိုင်ငံသားများ အား နှစ်သိမ့်ခဲ့ပြန်သည်။ထိုင်း နိုင်ငံ၏ အလုပ်လက်မဲ့ နှုန်းသည် လက်ရှိတွင် တစ်ရာ နှုန်းပင် မရှိ၍ အိမ်နီးခြင်း နိုင်ငံများမှ အလုပ်သမား အများအပြား လိုအပ်နေကြောင်းနှင့် အလုပ်လုပ်မည့် လူများသည် ချမှတ်ထားသော စည်းမျဉ်း များနှင့် အညီ အလုပ်လုပ်ခွင့် ရယူရန် လိုသည်ဟု ဆိုသည်။

ထိုင်း နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးချက်အရ တရားဝင် လာရောက်ရန် ရှိနေသည့် အလုပ်သမားများပါ စစ်မှုထမ်းရမည့် အထဲ ပါနေ၍ အချို့ လုပ်ငန်း များတွင် အလုပ်သမား ပြတ်လပ်မည့် အရေး ကြုံရနိုင်သည်ဟု သတိပေးမှုများ ထွက်ပေါ်လာခဲ့သည်။ထိုင်း နိုင်ငံသားများ မလုပ်လိုသည့် ညစ်ပတ်၊ အန္တရာယ်များပြီး ပင်ပန်းသော အလုပ်များ ဖြစ်သည့် 3D ခေါ် Dirty, Difficult, Dangerous ဆိုသည့် အောက်ခြေ သိမ်း အလုပ်များ အတွက် အိမ်နီးချင်း နိုင်ငံများ မှ အလုပ်သမားများ လိုအပ်နေသည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

ထိုင်းလူငယ်များကတော့ cash, condo, car (3C) အတွက် မျှော်မှန်း လုပ်ကိုင် နေကြပြီ ဖြစ်သည်။ရန်ကုန် ရှိ ထိုင်းသံရုံး မှ ပြီးခဲ့သည့် ကြာသပတေးနေ့မှစ၍ တရက်လျှင် လျောက်လွှာ ၄၀၀ သာ လက်ခံတော့မည်ဟု ဖေ့စ်ဘုတ်မှ တဆင့် ကြေငြာချက် ထုတ်ပြန်လာခဲ့သည်။ အလည်အပတ် အဖြစ် နှစ်ပတ်ကြာ လာရောက်ပါက ဗီဇာ လျှောက်ရန် မလိုဟုလည်း သံရုံးက ဆိုသည်။

ယခုတဖန် ဖေဖေါ်ဝါရီ ၂၂ ရက်နေ့မှစ၍ ဗီဇာ ရက်ချိန်းအား အွန်လိုင်း တိုကင် စနစ်ဖြင့် တရက်လျှင် ၂၀၀ နှုန်း လက်ခံ ဆောင်ရွက်သွားမည်ဟု ထိုင်းသံရုံးမှ ကြေငြာချက် ထုတ်ပြန်လိုက်ကြောင်း DVB သတင်းတွင် ပါရှိလာခဲ့ပြန်သည်။လက်ရှိ ထိုင်းတွင် ရွှေ့ပြောင်း အလုပ်သမား အဖြစ် တရားဝင် မှတ်ပုံတင် လုပ်ကိုင်နေသည့် မြန်မာ ၂.၁ သန်း ရှိနေပြီ ဖြစ်သည်။

နိုင်ငံကူးလက်မှတ် လျှောက်ထားသူ များပြားလွန်းသဖြင့် လာမည့်ဩဂုတ်လအထိ ကြိုတင် Online Booking လုပ်ထားသူများ ဩဂုတ်လအထိ ပြည့်နှက်နေပြီး၊ ရန်ကုန်တွင် တစ်နေ့လျှင် ၂၇၀၀ ဦးနှုန်း နိုင်ငံကူးလက်မှတ် လျှောက်ခွင့်ပြုမည်ဟု ‌သိရကြောင်း ခေတ်သစ် သတင်း တွင် ပါရှိလာသည်။

စစ်ကောင်စီ ကတော့ ဘယ်သူသေသေ ငတေမာ လျင် ပြီးရော ဆိုသူများ ဖြစ်၍ ထိုသို့ ဖြစ်ပျက်နေမှု များကို ရှက်ရကောင်းမှန်းပင် စဉ်းစားမိကြမည့် သူများ မဟုတ်ပေ။‌၎င်းတို့ စဉ်းစားနေသည်က လက်ရှိ အင်အား နှင့် နေပြည်တော်သို့ ချီတက်လာမည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကို မြေပြင်ထိုးစစ်ဆင် တန်ပြန် ချေမှုန်းသွားမည်၊

တဖက်တွင်လည်း ၎င်းတို့ နယ်မြေ များ မှ ရှေ့တက်လာမည် မဟုတ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူများ နှင့် ထိန်းထားမည်၊ လိုအပ်သည့် လူအင်အား ရလာသည်နှင့် လူလှိုင်းလုံးတက် စစ်ဆင်ရေးများဖြင့် ၎င်းတို့လက်ထဲမှ နယ်မြေများကို ပြန်သိမ်းယူမည် ဟူ၍ ဖြစ်သည်။

ပြည်သူများ အနေဖြင့် မိမိတို့ နိုင်ငံသား လူငယ်များ အနာဂတ် ပျောက်ကာ တိုင်းတပါး ကျွန် ဖြစ်ရတော့မည့် အရေး တွေ့နေရပြီ ဖြစ်၍ စစ်အာဏာရူး များ အား အမြန်ဆုံး ဖယ်ရှားနိုင်ရေး အတွက် အတတ်နိုင်‌ဆုံး ဝိုင်းဝန်း ပံ့ပိုးကြမှသာ ဖြစ်ပေတော့မည်။

ပြည်သူများ၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

ထိုင္း ဝန္ႀကီးခ်ဳပ္ ကိုယ္တိုင္ သတိေပးၿပီ

ထိုင္း ဝန္ႀကီးခ်ဳပ္ ဆရက္သာ သာဗီဆင္မွ ႏိုင္ငံ တြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျမန္မာ ႏိုင္ငံသား မ်ား အေရးယူ ခံရမည္ဟု သတိေပးလိုက္ၿပီ ျဖစ္သည္။

လူငယ္မ်ားအား ဧၿပီလမွစ၍ မျဖစ္ မေန စစ္မႈထမ္းရမည္ဟု အမိန႔္ထုတ္လာျခင္းေၾကာင့္ ရန္ကုန္ရွိ ထိုင္း သံ႐ုံးေရွ႕တြင္ ျမင္မေကာင္းေအာင္ လူတန္းေရွႀကီး ျဖစ္လာေနသည္ကို စိုးရိမ္မကင္း ျဖစ္လာ၍ထုတ္ေဖၚ ေျပာဆိုလာျခင္းပင္ ျဖစ္သည္။

ယင္း ျပႆနာ ႏွင့္ စပ္လွ်င္းၿပီး ထိုင္း လုံၿခဳံေရး ေအဂ်င္စီ မ်ား ႏွင့္ ‌ေဆြးေႏြး တိုင္ပင္ခဲ့ၿပီး ျဖစ္သည္ဟုလည္း ဆိုသည္။ထိုအတိုင္းဆိုက မၾကာမီ အေတာ အတြင္း ထိုင္းႏိုင္ငံ တြင္ စံျပ အေနျဖင့္ လူဖမ္းပြဲႀကီး စတင္လာဖို႔ ရွိသည္ဟု ယုံၾကည္ရေပသည္။ယခုပင္ ထိုင္းနယ္စပ္တြင္ ဆက္တိုက္ဆိုသလို တရားမဝင္ ဝင္ေရာက္လာသည့္ ျမန္မာ မ်ားအားပိတ္ဆို႔ ဖမ္းဆီးေနသည္ဟု DVB. သတင္းက ဆိုသည္။

သာဗီဆင္ မွ ယခု ေရာက္လာၾကမည့္ ျမန္မာ မ်ားသည္ အလုပ္အကိုင္ ရွာေဖြၾကမည့္ လူမ်ား မဟုတ္ပဲ စစ္မႈထမ္းရမည့္ အေရး ေရွာင္ရွားလို၍ ထြက္ေျပးလာၾကသူမ်ားသာ ျဖစ္၍ အလုပ္အကိုင္ ဆုံးရႈံးရမည့္ အေရး စိုးရိမ္စရာ မရွိဟုလည္း ၎၏ ႏိုင္ငံသားမ်ား အား ႏွစ္သိမ့္ခဲ့ျပန္သည္။ထိုင္း ႏိုင္ငံ၏ အလုပ္လက္မဲ့ ႏႈန္းသည္ လက္ရွိတြင္ တစ္ရာ ႏႈန္းပင္ မရွိ၍ အိမ္နီးျခင္း ႏိုင္ငံမ်ားမွ အလုပ္သမား အမ်ားအျပား လိုအပ္ေနေၾကာင္းႏွင့္ အလုပ္လုပ္မည့္ လူမ်ားသည္ ခ်မွတ္ထားေသာ စည္းမ်ဥ္း မ်ားႏွင့္ အညီ အလုပ္လုပ္ခြင့္ ရယူရန္ လိုသည္ဟု ဆိုသည္။

ထိုင္း ႏွင့္ နားလည္မႈ စာခြၽန္လႊာ လက္မွတ္ေရးထိုးခ်က္အရ တရားဝင္ လာေရာက္ရန္ ရွိေနသည့္ အလုပ္သမားမ်ားပါ စစ္မႈထမ္းရမည့္ အထဲ ပါေန၍ အခ်ိဳ႕ လုပ္ငန္း မ်ားတြင္ အလုပ္သမား ျပတ္လပ္မည့္ အေရး ႀကဳံရႏိုင္သည္ဟု သတိေပးမႈမ်ား ထြက္ေပၚလာခဲ့သည္။ထိုင္း ႏိုင္ငံသားမ်ား မလုပ္လိုသည့္ ညစ္ပတ္၊ အႏၲရာယ္မ်ားၿပီး ပင္ပန္းေသာ အလုပ္မ်ား ျဖစ္သည့္ 3D ေခၚ Dirty, Difficult, Dangerous ဆိုသည့္ ေအာက္ေျခ သိမ္း အလုပ္မ်ား အတြက္ အိမ္နီးခ်င္း ႏိုင္ငံမ်ား မွ အလုပ္သမားမ်ား လိုအပ္ေနသည္ဟု ဘန္ေကာက္ပို႔စ္ သတင္းစာတြင္ ေရးသားထားသည္။

ထိုင္းလူငယ္မ်ားကေတာ့ cash, condo, car (3C) အတြက္ ေမွ်ာ္မွန္း လုပ္ကိုင္ ေနၾကၿပီ ျဖစ္သည္။ရန္ကုန္ ရွိ ထိုင္းသံ႐ုံး မွ ၿပီးခဲ့သည့္ ၾကာသပေတးေန႔မွစ၍ တရက္လွ်င္ ေလ်ာက္လႊာ ၄၀၀ သာ လက္ခံေတာ့မည္ဟု ေဖ့စ္ဘုတ္မွ တဆင့္ ေၾကျငာခ်က္ ထုတ္ျပန္လာခဲ့သည္။ အလည္အပတ္ အျဖစ္ ႏွစ္ပတ္ၾကာ လာေရာက္ပါက ဗီဇာ ေလွ်ာက္ရန္ မလိုဟုလည္း သံ႐ုံးက ဆိုသည္။

ယခုတဖန္ ေဖေဖၚဝါရီ ၂၂ ရက္ေန႔မွစ၍ ဗီဇာ ရက္ခ်ိန္းအား အြန္လိုင္း တိုကင္ စနစ္ျဖင့္ တရက္လွ်င္ ၂၀၀ ႏႈန္း လက္ခံ ေဆာင္႐ြက္သြားမည္ဟု ထိုင္းသံ႐ုံးမွ ေၾကျငာခ်က္ ထုတ္ျပန္လိုက္ေၾကာင္း DVB သတင္းတြင္ ပါရွိလာခဲ့ျပန္သည္။လက္ရွိ ထိုင္းတြင္ ေ႐ႊ႕ေျပာင္း အလုပ္သမား အျဖစ္ တရားဝင္ မွတ္ပုံတင္ လုပ္ကိုင္ေနသည့္ ျမန္မာ ၂.၁ သန္း ရွိေနၿပီ ျဖစ္သည္။

ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားသူ မ်ားျပားလြန္းသျဖင့္ လာမည့္ဩဂုတ္လအထိ ႀကိဳတင္ Online Booking လုပ္ထားသူမ်ား ဩဂုတ္လအထိ ျပည့္ႏွက္ေနၿပီး၊ ရန္ကုန္တြင္ တစ္ေန႔လွ်င္ ၂၇၀၀ ဦးႏႈန္း ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ခြင့္ျပဳမည္ဟု ‌သိရေၾကာင္း ေခတ္သစ္ သတင္း တြင္ ပါရွိလာသည္။

စစ္ေကာင္စီ ကေတာ့ ဘယ္သူေသေသ ငေတမာ လ်င္ ၿပီးေရာ ဆိုသူမ်ား ျဖစ္၍ ထိုသို႔ ျဖစ္ပ်က္ေနမႈ မ်ားကို ရွက္ရေကာင္းမွန္းပင္ စဥ္းစားမိၾကမည့္ သူမ်ား မဟုတ္ေပ။‌၎တို႔ စဥ္းစားေနသည္က လက္ရွိ အင္အား ႏွင့္ ေနျပည္ေတာ္သို႔ ခ်ီတက္လာမည့္ ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕မ်ားကို ေျမျပင္ထိုးစစ္ဆင္ တန္ျပန္ ေခ်မႈန္းသြားမည္၊

တဖက္တြင္လည္း ၎တို႔ နယ္ေျမ မ်ား မွ ေရွ႕တက္လာမည္ မဟုတ္သည့္ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕မ်ားကို ေလေၾကာင္း ႏွင့္ လက္နက္ႀကီး ပစ္ကူမ်ား ႏွင့္ ထိန္းထားမည္၊ လိုအပ္သည့္ လူအင္အား ရလာသည္ႏွင့္ လူလႈိင္းလုံးတက္ စစ္ဆင္ေရးမ်ားျဖင့္ ၎တို႔လက္ထဲမွ နယ္ေျမမ်ားကို ျပန္သိမ္းယူမည္ ဟူ၍ ျဖစ္သည္။

ျပည္သူမ်ား အေနျဖင့္ မိမိတို႔ ႏိုင္ငံသား လူငယ္မ်ား အနာဂတ္ ေပ်ာက္ကာ တိုင္းတပါး ကြၽန္ ျဖစ္ရေတာ့မည့္ အေရး ေတြ႕ေနရၿပီ ျဖစ္၍ စစ္အာဏာ႐ူး မ်ား အား အျမန္ဆုံး ဖယ္ရွားႏိုင္ေရး အတြက္ အတတ္ႏိုင္‌ဆုံး ဝိုင္းဝန္း ပံ့ပိုးၾကမွသာ ျဖစ္ေပေတာ့မည္။

ျပည္သူမ်ား၏ ခုခံ တြန္းလွန္စစ္ မုခ် ေအာင္ရမည္!!!

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *