လမ်းပေါ်မှာ ပျူဇိုးလေးတွေ ရှော

ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူရွာမှ ထွက်လာသော စစ်သား၊ ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

ဖေဖော်ဝါရီ ၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူရွာမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှေ့ပြေး ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးကပြောကြား သည်။

ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၁ နာရီအချိန် ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူစောထီး ကျေးရွာမှ အိမ်စီးကားတစ်စီး၊ ရှေ့ပြေးဆိုင်ကယ်တစ်စီးဖြင့် ပခုက္ကူ-ရေစကြိုလမ်းအတိုင်း ထွက်လာ သော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို

အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှေ့ပြေးဆိုင်ပေါ်မှ စစ်သားတစ်ဦး၊ ပျူစောထီးတစ်ဦးကို အသေပစ်ခတ်နိုင်ခဲ့ပြီး ကားပေါ်မှ စစ်ကောင်စီတပ်သားများမှာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။

“ဆင်ချောင်းကနေ ပခုက္ကူဘက်ထွက်ဖို့ထင်တယ်၊ ဆင်ချောင်းပျူရွာအနီးမှာ ပစ်ခတ်ခဲ့တာ၊ နောက် က ကားတစ်စီးနဲ့ ရှေ့ကဆိုင်ကယ်တစ်စီးနဲ့ ထွက်လာတာ၊ ဆိုင်ကယ်နဲ့နှစ်ယောက်ကို အသေပစ်ခတ် နိုင်ခဲ့တယ်၊ နှစ်ယောက်လုံးသေတယ်၊ အဲဒီနှစ်ယောက်ကိုင်တဲ့လက်နက်တွေတော့ သိမ်းဆည်းနိုင်ခဲ့ တယ်၊

ကျန်တဲ့ ၅ ယောက်ကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတာ၊ ကားကတော့ ကျန်နေခဲ့တယ်၊ ကျနော်တို့လည်း ဆင်ချောင်းပျူရွာနဲ့ နီးတော့ဘာမှလုပ်လို့မရဘူး၊ ဂန်းကောက်ပြီးတခါတည်းပြန် ဆုတ်လာခဲ့လိုက်ရတာ၊ ကားကိုတော့ ဒီအတိုင်းထားခဲ့လိုက်ရတယ်” ဟု ရေစကြိုပကဖမှ တာဝန်ရှိ သူ တစ်ဦးက ပြောကြား သည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ကိုင်ဆောင်သော G3 သေနတ် တစ်လက်နှင့် ကာဘိုင်သေနတ် တစ်လက်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် ပကဖ၊ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ နှင့် Southern Yesagyo PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ေရစႀကိဳၿမိဳ႕နယ္၊ ဆင္ေခ်ာင္းပ်ဴရြာမွ ထြက္လာေသာ စစ္သား၊ ပ်ဴေစာထီးမ်ားကို ပစ္ခတ္တိုက္ခိုက္မႈ ၂ ဦးေသဆုံးၿပီး ေသနတ္ ၂ လက္သိမ္းဆည္းရရွိ

ေဖေဖာ္ဝါရီ ၉

မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္၊ ဆင္ေခ်ာင္းပ်ဴရြာမွ ထြက္လာေသာ အၾကမ္းဖက္စစ္သား၊ ပ်ဴေစာထီး မ်ားကို အနီးကပ္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ေရွ႕ေျပး ၂ ဦးေသဆုံးၿပီး ေသနတ္ ၂ လက္သိမ္းဆည္းရရွိခဲ့ ေၾကာင္း ေရစႀကိဳပကဖမွ တာဝန္ရွိသူတစ္ဦးကေျပာၾကား သည္။

ယေန႔ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔ နံနက္ ၁၁ နာရီအခ်ိန္ ေရစႀကိဳၿမိဳ႕နယ္၊ ဆင္ေခ်ာင္းပ်ဴေစာထီး ေက်းရြာမွ အိမ္စီးကားတစ္စီး၊ ေရွ႕ေျပးဆိုင္ကယ္တစ္စီးျဖင့္ ပခုကၠဴ-ေရစႀကိဳလမ္းအတိုင္း ထြက္လာ ေသာ အၾကမ္းဖက္စစ္သား၊ ပ်ဴေစာထီးမ်ားကို

အနီးကပ္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ေရွ႕ေျပးဆိုင္ေပၚမွ စစ္သားတစ္ဦး၊ ပ်ဴေစာထီးတစ္ဦးကို အေသပစ္ခတ္နိုင္ခဲ့ၿပီး ကားေပၚမွ စစ္ေကာင္စီတပ္သားမ်ားမွာ ဒဏ္ရာမ်ားျဖင့္ ထြက္ေျပးသြားေၾကာင္း သိရသည္။

“ဆင္ေခ်ာင္းကေန ပခုကၠဴဘက္ထြက္ဖို႔ထင္တယ္၊ ဆင္ေခ်ာင္းပ်ဴရြာအနီးမွာ ပစ္ခတ္ခဲ့တာ၊ ေနာက္ က ကားတစ္စီးနဲ႔ ေရွ႕ကဆိုင္ကယ္တစ္စီးနဲ႔ ထြက္လာတာ၊ ဆိုင္ကယ္နဲ႔ႏွစ္ေယာက္ကို အေသပစ္ခတ္ နိုင္ခဲ့တယ္၊ ႏွစ္ေယာက္လုံးေသတယ္၊ အဲဒီႏွစ္ေယာက္ကိုင္တဲ့လက္နက္ေတြေတာ့ သိမ္းဆည္းနိုင္ခဲ့ တယ္၊

က်န္တဲ့ ၅ ေယာက္ကေတာ့ ဒဏ္ရာေတြနဲ႔ ထြက္ေျပးသြားတာ၊ ကားကေတာ့ က်န္ေနခဲ့တယ္၊ က်ေနာ္တို႔လည္း ဆင္ေခ်ာင္းပ်ဴရြာနဲ႔ နီးေတာ့ဘာမွလုပ္လို႔မရဘူး၊ ဂန္းေကာက္ၿပီးတခါတည္းျပန္ ဆုတ္လာခဲ့လိုက္ရတာ၊ ကားကိုေတာ့ ဒီအတိုင္းထားခဲ့လိုက္ရတယ္” ဟု ေရစႀကိဳပကဖမွ တာဝန္ရွိ သူ တစ္ဦးက ေျပာၾကား သည္။

ထိုသို႔ တိုက္ခိုက္မႈအတြင္း စစ္ေကာင္စီတပ္သားမ်ား ကိုင္ေဆာင္ေသာ G3 ေသနတ္ တစ္လက္ႏွင့္ ကာဘိုင္ေသနတ္ တစ္လက္တို႔ကို သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ တိုက္ခိုက္မႈကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ – ေရစႀကိဳၿမိဳ႕နယ္ ပကဖ၊ ပခုကၠဴၿမိဳ႕နယ္ ပကဖ တပ္ခြဲ ၂ ႏွင့္ Southern Yesagyo PDF တို႔ပူးေပါင္းကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ဝင္မ်ား အထိအခိုက္မရွိ ျပန္လည္ ဆုတ္ခြာနိုင္ခဲ့ေၾကာင္း သိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *