ကန့်ဘလူပျူတွေ ကုန်ပြန်ပီ အဟိ

ကန့်ဘလူတောင်ပိုင်းတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ အများအပြား သေဆုံးခဲ့၊ စစ်တပ်ဘက်မှ ခန့်မှန်းခြေ ၄၀ ဦးဝန်းကျင် ထိခိုက်သေဆုံးနိုင်ဟုဆို

ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ဘက်အခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြားသေဆုံးကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA မှတာဝန်ရှိသူတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကန့်ဘလူတောင်ဘက်အခြမ်းရှိ ကျေးရွာများဖြစ်သည့် ထောက်ရှာအိုင် ဆူးတပ်၊ မင်းဘာ လက်ထုပ်ကုန်း၊ ကြာဘတ်ကံ ၊ မောင်းတိုင်၊ ရှမ်းတပ်၊ သပြေသာ ၊မဲသည်စသည့် ကျေးရွာ များကို ဇန်နဝါရီ လကုန်ပိုင်းမှစတင်၍ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း PLA မှ တာဝန်ရှိသူကပြောသည်။

ဖေဖော်ဝါရီလ ၇ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၁၅၀ခန့်ဖြင့် မဲသည်ရွာမှ အနောက်တောင် ဘက်သို့ စစ်ကြောင်းထွက်လာရာ အင်တောပေါက် ၊မင်းဘာ လက်ထုပ်ကုန်းကြားတွင်

ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA၊ ကန့်ဘလူ စွန်ရဲ အဖွဲ့၊ နယ်မြေခံ တော်လှန်ရေးအင်အားစု များနှင့် ထိတွေ့ မှုဖြစ်ပွားခဲ့ကာ ၁ နာရီခန့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ အများအပြားသေဆုံးခဲ့ပြီး အလောင်းများကို မင်းဘာ၊လက်ထုပ်ကုန်းဘက် သို့ လှည်းများဖြင့် သယ် ယူသွားကြောင်း ပြည်သူ့လွတ် မြောက်ရေးတပ်မတော် PLA မှတာဝန်ရှိသူတစ်ဦးကပြောသည်။

“ရန်သူ့ဘက်က အထိခိုက်အကျအဆုံးများတယ် ခန့်မှန်းခြေ ၄၀ ကနေ ၅၀ကြားလောက်ရှိတယ်။ အလောင်းတွေ ကို မင်းဘာ၊လက်ထုပ်ကုန်းဘက်ကို လှည်းနဲ့ သယ်သွားတယ်”ဟု PLA မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

ယင်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က ပစ်ခတ်သော ၄၀ မမ ကျည် ထိမှန်ပြီး PLA ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာ ရ၍ ဆေးကုသမှု ခန့် ယူလျက်ရှိကြောင်း၊ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
ကန႔္ဘလူေတာင္ပိုင္းတြင္ တိုက္ပြဲ ျပင္းထန္စြာ ျဖစ္ခဲ့ၿပီး အၾကမ္းဖက္စစ္တပ္ဘက္မွ အမ်ားအျပား ေသဆုံးခဲ့၊ စစ္တပ္ဘက္မွ ခန႔္မွန္းေၿခ ၄၀ ဦးဝန္းက်င္ ထိခိုက္ေသဆုံးနိုင္ဟုဆို

ေဖေဖာ္ဝါရီ ၉

စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္ေတာင္ဘက္အျခမ္းရွိ ေက်းရြာမ်ားသို႔ စစ္ေၾကာင္းထိုးလာသည့္ အၾကမ္းဖက္စစ္တပ္ႏွင့္ ေတာ္လွန္ေရးအင္အားစုမ်ားအၾကား တိုက္ပြဲျပင္းထန္စြာျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္မွ အမ်ားအျပားေသဆုံးေၾကာင္း ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ PLA မွတာဝန္ရွိသူတစ္ဦးကေျပာသည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္က ကန႔္ဘလူေတာင္ဘက္အျခမ္းရွိ ေက်းရြာမ်ားျဖစ္သည့္ ေထာက္ရွာအိုင္ ဆူးတပ္၊ မင္းဘာ လက္ထုပ္ကုန္း၊ ၾကာဘတ္ကံ ၊ ေမာင္းတိုင္၊ ရွမ္းတပ္၊ သေျပသာ ၊မဲသည္စသည့္ ေက်းရြာ မ်ားကို ဇန္နဝါရီ လကုန္ပိုင္းမွစတင္၍ စစ္ေၾကာင္းထိုးေနျခင္းျဖစ္ေၾကာင္း PLA မွ တာဝန္ရွိသူကေျပာသည္။

ေဖေဖာ္ဝါရီလ ၇ နံနက္ပိုင္းတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မွ အင္အား ၁၅၀ခန႔္ျဖင့္ မဲသည္ရြာမွ အေနာက္ေတာင္ ဘက္သို႔ စစ္ေၾကာင္းထြက္လာရာ အင္ေတာေပါက္ ၊မင္းဘာ လက္ထုပ္ကုန္းၾကားတြင္

ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ PLA၊ ကန္႔ဘလူ စြန္ရဲ အဖြဲ႕၊ နယ္ေျမခံ ေတာ္လွန္ေရးအင္အားစု မ်ားႏွင့္ ထိေတြ႕ မႈျဖစ္ပြားခဲ့ကာ ၁ နာရီခန႔္ တိုက္ပြဲျပင္းထန္စြာျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းတိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီဘက္မွ အမ်ားအျပားေသဆုံးခဲ့ၿပီး အေလာင္းမ်ားကို မင္းဘာ၊လက္ထုပ္ကုန္းဘက္ သို႔ လွည္းမ်ားျဖင့္ သယ္ ယူသြားေၾကာင္း ျပည္သူ႔လြတ္ ေျမာက္ေရးတပ္မေတာ္ PLA မွတာဝန္ရွိသူတစ္ဦးကေျပာသည္။

“ရန္သူ႔ဘက္က အထိခိုက္အက်အဆုံးမ်ားတယ္ ခန္႔မွန္းေၿခ ၄၀ ကေန ၅၀ၾကားေလာက္ရွိတယ္။ အေလာင္းေတြ ကို မင္းဘာ၊လက္ထုပ္ကုန္းဘက္ကို လွည္းနဲ႔ သယ္သြားတယ္”ဟု PLA မွတာဝန္ရွိသူ တစ္ဦးကေျပာသည္။

ယင္းတိုက္ပြဲအတြင္း စစ္တပ္ဘက္က ပစ္ခတ္ေသာ ၄၀ မမ က်ည္ ထိမွန္ၿပီး PLA ရဲေဘာ္တစ္ေယာက္ ထိခိုက္ဒဏ္ရာ ရ၍ ေဆးကုသမႈ ခန္႔ ယူလ်က္ရွိေၾကာင္း၊ အသက္အႏၲရာယ္ မစိုးရိမ္ရေၾကာင္း သိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *