ဆီဆိုင်မှာတဲ့ အိပ်နေကြတာများပိုးလို့ပက်လက် 🌿🍀🌸👇🌸🍀🌿

ဆီဆိုင်မြို့နယ် ဝိန်းကောင်ရွာတိုက်ပွဲ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် အကျအဆုံးများ

မဲခေါင်၊ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ရွာအနီးမှာ ဖေဖော် ဝါရီလ ၈ ရက် ညနေ ၃ နာရီက လူမျိုးပေါင်းစုံ

ဖယ်ဒရယ်ဒီမိုကရေစီတပ်ပေါင်းစုတပ် (လပဖဒ) နဲ့ PNO ပအိုဝ်းပြည်သူ့စစ်တွေ ၁ နာရီ ကျော် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


အဲ့ဒီ့ တိုက်ပွဲမှာစစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဟာ အကျအဆုံးများစွာနဲ့ ဆုတ်ခွာသွားခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီး သေနတ်အတို ၃ လက်အပါ သေနတ် ၁၂ လက်နဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အလောင်းတွေရလိုက်ပြီး (လပဖဒ) ဘက်မှ

ရဲဘော်အချို့ ဒါဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီကျေးရွာဟာ ဆီဆိုင်မြို့အနောက်ဘက် ၅ မိုင်အကွာ သဘက်ချောင်းတစ်ဖက်ကမ်းမှာ တည်ရှိပြီး PNO တွေ အခြေပြုရာ ဒေသလို့ သိရပါတယ်။

MK-012

မဲခေါင်၊ ဖေဖော်ဝါရီ ၉







MK-012

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *