လိုင်းမဆင်းနဲ့အုံးအမျိုးတို့ နောက်တမျို့ ဆို့အောက်သွားပြန်ပြီ

ရခိုင်ပြည်နယ်၏ ရှေးဟောင်းအ‌မွေအနှစ်မြို့တော် မြောက်ဦးကို AA ရယူနိုင်

ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၉ ရက်

ရခိုင်ပြည်နယ်၏ ရှေးဟောင်းအမွေအနှစ် မြို့တော်ဖြစ်သည့် မြောက်ဦးမြို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့တွင် တစ်ခုတည်းသာ ကျန်ရှိတော့သည့် စစ်ကောင်စီ၏ ရဲတပ်ရင်း(၃၁)ကို ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) က အပြီးတိုင် တိုက်ခိုက်ပြီးနောက် မြောက်ဦးမြို့ကို ထိန်းချုပ်နိုင်လိုက်ခြင်းဖြစ်ကြောင်း မဟာမိတ် အဖွဲ့ကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်မှစ၍ ၁၀ ရက်တာတိုက်ခိုက်ပြီးနောက် မြောက်ဦးမြို့ကို AA က သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများဖြစ်သည့် မြောက်ဦး ခမရ-၅၄၀ ကို ဇန်နဝါရီ ၃၀ ရက်တွင်လည်းကောင်း၊ ခမရ-၃၇၇ကို ဖေဖော်ဝါရီ ၇ ရက်တွင်

လည်းကောင်း၊ ခမရ-၃၇၈ကို ဖေဖော်ဝါရီ ၅ ရက်တွင် လည်းကောင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်နေ့က နောက်ဆုံးကျန်ရှိသည့် ရဲတပ်ရင်း (၃၁) ကိုတိုက်ခိုက်ပြီး မြောက်ဦးမြို့ကို ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း ကျောက်တော်မြို့ရှိ အမှတ်(၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၉) ကို အပြီးတိုင်တိုက်ခိုက်ပြီး ကျောက်တော်မြို့ကို သိမ်းယူ ခဲ့ရာ ယခုမြောက်ဦးကို သိမ်းသည့်အချိန်ထက် ၁ရက်သာကွာပြီး ဖေဖော်ဝါရီ ၈ ရက် နေ့တွင် မြောက်ဦးမြို့ကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ဝင်ဘာ ၁၃ရက်မှ စတင်ခဲ့သည့် ရခိုင်ပြည်နယ်ရှိ စစ်‌ကောင်စီနှင့် AA ၏ တိုက်ပွဲများ အတွင်း AA က ပလက်ဝ၊ ဆမီး၊ ပေါက်တော၊ မင်းပြား၊ တောင်ပြိုလက်ဝဲ၊ ကျောက်တော်နှင့် မြောက်ဦး မြို့ပေါင်း (၇) မြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
‌ေ
ရက္ခိုင့်တပ်တော် (AA)က လက်ရှိတွင်လည်း ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များရှိ စစ်ကောင်စီ၏ တပ်စခန်းများကို အပြင်းအထန်ထိုးစစ်ဆင် တိုက် ခိုက် လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီဘက် ကလည်း AA ထိုးစစ်ဆင်နေသည့်နယ်မြေများကို ရေကြောင်းမှ လက်နက်ကြီးဖြင့်ပစ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျောက်တော်မြို့ကို AAသိမ်းယူရန်တိုက်ခိုက်နေသည့် ဖေဖော်ဝါရီ ၆ရက်ကလည်း စစ်ကောင်စီက Navy နှစ်စီးဖြင့် လက်နက်ကြီးပစ်ကူနှင့် စစ်အင်အားထောက်ပို့ရန် လာရောက်ခဲ့သော်လည်း AA ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ နောက် ကြောင်း ပြန်လှည့်သွားရပြီး ဖေဖော်ဝါရီ ၇ ရက်နေ့က ကျောက်တော်မြို့ကို စွန့်ခွာပြေးသည့် စစ်ကောင်စီတပ်ဖွဲ့များပါသည့် Navy နှစ်စီးကို AA က ပစ်ခတ်နှစ်မြှုပ် ပစ်ခဲ့ကြောင်း သိရသည်။

မြေပြင်ထိုးစစ်နှင့် ရေကြောင်းပစ်ကူများကို အသုံးချနိုင်စွမ်းမရှိတော့သည့် စစ်ကောင်စီ သည် တိုက်ပွဲများအတွင်း အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှုများကို တွင်တွင်ကြီး အသုံးပြုလျက်ရှိကြောင်း သိရသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *