နှစ်ချီပြီးကိုက်နေတဲ့ သွား ၃ ရက်နဲ့ အမြစ်ပြတ်သွားတာ အံ့သြစရာပါဗျာ

နှစ်ချီပြီးကိုက်နေတဲ့ သွား ၃ ရက်နဲ့ အမြစ်ပြတ်သွားတာ အံ့သြစရာပါဗျာ

ကြိုတင်ဝန်ခံပါရစေ။ ကျုပ်က ဆရာဝန်မဟုတ်ဘူး။ဝေတနာရှင်ဗျ။ကိုယ့်ရောဂါ ကိုယ့်ဝေတနာကို ကိုယ့်ဖာသာ

မှန်းကု ရမ်းကု ဒေါက်တာရမ်းကုလုပ်ရင်းရရှိလာတဲ့အကျိုးကို မျှဝေလိုက်တာ။

ဒီလိုဗျ(၂၀၁၇ )ခုနှစ်မှာ ကျုပ်အံသွားတစ်ချောင်းလှုတ်ပြီး မခံမရပ်ကိုက်လွန်းလို့

ဆရာဝန်သွားပြတယ် ။ဆရာဝန်ကသွားရဲ့တန်ဖိုးကိုသိတော့ မနုတ်စေချင်ဘူး စားဆေးပေးပြီးထိန်းလိုက်တယ်။သက်သာသွားတယ်။ဒါပေမယ့်

သွားရဲ့ဘေးမှာဖုကလေးလိုဖြစ်ပြီးပြီတည်လာတယ်။ဆရာဝန်ထပ်ပြ ဆေးထပ်ပေး ဒီလိုနဲ့ပဲသံသရာလည်နေတာပေါ့။ပြီတည်တဲ့အခါ သွားဖုံးတင်းပြီး နေထိုင်ရခက်ပေမယ့်

ညှစ်ထုတ်လိုက်လို့ပြီထွက်သွားရင် တစ်ပါတ်လောက်နေထိုင်လို့ကောင်းသွားပြန်ရော။ပြီးရင်ပြန်ထွက်။ဆေးကတော့ မနက်တစ်ကြိမ် ညတစ်ကြိမ်နေ့တိုင်းသောက်လာလိုက်တာ

၂၀၁၇မှ၂၀၁၉ခုနှစ်ခုချိန်ထိပဲ။နှစ်နှစ်ပြည့်တော့မယ်။နှစ်ချီကြာလာတော့ ကင်ဆာဘာညာလန့်လာပြီလေ။ရန်ကုန်ရောက်တော့

သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့ဆက်ပြတယ်။ဆရာဝန်က ဓါတ်မှန်ရိုက်စစ်ဆေး အဖြေက ကင်ဆာမဖြစ်သေးဘူးဆိုတော့ စိတ်အေးပြီမို့ဆက်ကုပေါ့။သက်သာသလိုရှိပေမယ့်

အနာပြီထွက်တာတော့ ထုံးစံအတိုင်းပဲ။တင်းပြီလေ။ လူကခတ်ရွတ်ရွတ်ဆိုတော့တွေ့သမျှ လမ်းဘေးအရွက်တွေခူး အရည်ထွက်အောင်ကြိတ် အနာထဲထည့်ပေါ့။

တမာရွက်တွေဝါး။တမာခေါက်ငုံ။ဆားရေငုံ မရပါဘူး။တစ်နေ့ ဖုန်းပွတ်ရင်းကျောက်ချဉ်အာနိသင်အကြောင်းပင်စိမ်းရွက်နဲ့ သံပုရာသီးအကြောင်းရေးထားတာလေးတွေ့လို့

ဖတ်ကြည့်ရင်းအကြံပေါ်လာတာနဲ့ထုံးစံအတိုင်း စမ်းသတ်တာပေါ့။(သွားနဲ့ပါတ်သက်တာတော့မပါပါဘူး)အဲဒီမှာ ကြက်ကန်းဆန်အိုးတိုးတော့တာပဲဗျို့တစ်ကယ်အံ့သြစရာပါနှစ်နဲ့ချီခံစားနေရတဲ့ရောဂါ နှစ်ရက်သုံးရက်အတွင်း

အစအနမကျန် ပျောက်ကင်းသွားတယ်။ဆိုရင် ခင်ဗျားတို့ယုံမလားအံ့သြမလား။ကျုပ် ဘယ်လိုခံစားရမလဲ စဉ်းစားသာကြည့်တော့။ယိုင်နဲ့နေတဲ့သွားလည်း ပြန်ခိုင်သွားပြီလေ။ဒါကြောင့်အရမ်းဝမ်းသာလွန်းလို့

အသက် ၆၀ ကျော် ၇၀ ကိုယ့်လိုသင်္ဂျိုင်းခြေတစ်လှန်းရောက်နေတဲ့ ဘဝတူတွေအတွက်စိတ်ဒါဏ်ရာတစ်ချို့သက်သာစေရန် စေတနာနဲ့ဝေမျှလိုက်တယ်။

ကုသနည်း

၁။ကျောက်ချဉ် နှစ်ရာတန်တစ်ထုပ်ဝယ်ပြီး အမှုန့်ကြိတ် အဲ့ဒီအမှုန့်ကို အနာရှိတဲ့ဒါဏ်ရာထဲထည့်။ တစ်နေ့နှစ်ကြိမ်။

၂။ပင်စိမ်းပင်တစ်ရာဖိုးဝယ် ငငြုပ်ဆုံသန့်သန့်နဲ့ထောင်း။ သံပုရာသီးတစ်လုံးမှညှစ်လို့ရတဲ့အရည်နဲ့ပင်စိမ်းရောသမ ပြီးလျှင်တစ်နေ့သုံးကြိမ်ထည့် ဒါပဲ။

ဘဝတူများဝေတနာပျောက်၍လိုရာခရီးရောက်ကြပါစေ။(အများသိအောင်ရှယ်ပေးကြပါ)
ခရက်ဒစ်

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *