
စွန့်ပစ်ပစ္စည်းကပေးတဲ့ သဘာဝမြေသြဇာ
အားလုံးနီးပါး ဒီနာမည်ကိုရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ သို့ပေမယ့်တဲ့ သူများအတွက် အသုံးဝင်ရန်အလို့ငှါ ဖော်ပြလိုက်ပါတယ်။
ဒီမြေသြဇာကတော့ မြင်နေကျ အခဲပုံစံမဟုတ်ပဲ အရည်ပုံစံဖြစ်ပါတယ်။ လုပ်ပုံလုပ်နည်းကတော့ ရိုးရှင်းပါတယ်ခင်ဗျာ။
လိုအပ်သောပါဝင်ပစ္စည်းများ
– လက်ဖက်ခြောက်နု (သစ်စိမ်းဆွေး)
– ကြက်ဥ/ဘဲဥခွံ
– ငှက်ပျောခွံ
– ပဲသီး (ဘယ်အမျိုးအစားမဆို အသုံးပြုနိူင်ပါတယ်။ ဒါပေမယ့် အစိုဖြစ်ရပါမယ်)
– ဆန်ဆေးရည်
ပထမဦးစွာ ခွက်တစ်ခုထဲသို့ ကြက်ဥခွံများကို လက်ဖြင့်ကြိတ်ချေပါ။ ငှက်ပျောခွံများကို ကတ်ကြေးဖြင့် ညှပ်၍ထည့်ရပါမယ်။ ထို့နောက် ပဲသီးများကို ညှပ်၍ထည့်ပါ။ နောက်ဆုံး အဆင့်အနေနဲ့ လက်ဖက်နုခြောက်နဲ့အတူ ဆန်ဆေးရည်တို့ကို ရော၍ထည့်ပါ။ အဖုံးကို လုံအောင်ပိတ်၍ (၃) ရက်ခန့်ထားပါ။ ခွက်တစ်ခုထဲသို့ အရည်စစ်၍ထည့်ပါ။ ထို့နောက် မိမိလိုချင်သော ပြင်းအားအချိုးကို ရွေးချယ်၍ ရေနှင့်ရောကာ အပင်ကိုကျွေးပါ ။
ပန်းပွင့်သောအပင်များနှင့် အလှစိုက်သစ်ခွပင်များအတွက် အဟာရရည်တစ်ခုဖြစ်သလို၊ သဘာဝအာဟာရမြေသြဇာတစ်ခုလည်းဖြစ်ပါတယ်။ နှုန်းထားကတော့ ပန်းပွင့်အပင်ကို တစ်ပတ်လျှင် (၂ကြိမ်-၄ကြိမ်) အထိ ကျွေးနိူင်ပြီး၊ အသီးအရွက်စားအပင်ကိုတော့ တစ်ပတ်လျှင် (၄ကြိမ်-၅ကြိမ်) အထိကျွေးနိူင်ပါတယ်
ကဲ ဩဂဲနစ် (organic) ခြံငယ် စစ်စစ်ဖြစ်ချင်တဲ့သူတွေ လက်တွေ့စမ်းပြီး အသုံးပြုလိုက်ကြရအောင်လား။
စြန္႔ပစ္ပစၥည္းကေပးတဲ့ သဘာဝေျမၾသဇာ
အားလုံးနီးပါး ဒီနာမည္ကိုရင္းႏွီးၿပီးသားျဖစ္ပါလိမ့္မယ္။ သို႔ေပမယ့္တဲ့ သူမ်ားအတြက္ အသုံးဝင္ရန္အလို႔ငွါ ေဖာ္ျပလိုက္ပါတယ္။
ဒီေျမၾသဇာကေတာ့ ျမင္ေနက် အခဲပုံစံမဟုတ္ပဲ အရည္ပုံစံျဖစ္ပါတယ္။ လုပ္ပုံလုပ္နည္းကေတာ့ ႐ိုးရွင္းပါတယ္ခင္ဗ်ာ။
လိုအပ္ေသာပါဝင္ပစၥည္းမ်ား
– လက္ဖက္ေျခာက္ႏု (သစ္စိမ္းေဆြး)
– ၾကက္ဥ/ဘဲဥခြံ
– ငွက္ေပ်ာခြံ
– ပဲသီး (ဘယ္အမ်ိဳးအစားမဆို အသုံးျပဳႏိူင္ပါတယ္။ ဒါေပမယ့္ အစိုျဖစ္ရပါမယ္)
– ဆန္ေဆးရည္
ပထမဦးစြာ ခြက္တစ္ခုထဲသို႔ ၾကက္ဥခြံမ်ားကို လက္ျဖင့္ႀကိတ္ေခ်ပါ။ ငွက္ေပ်ာခြံမ်ားကို ကတ္ေၾကးျဖင့္ ညႇပ္၍ထည့္ရပါမယ္။ ထို႔ေနာက္ ပဲသီးမ်ားကို ညႇပ္၍ထည့္ပါ။ ေနာက္ဆုံး အဆင့္အေနနဲ႔ လက္ဖက္ႏုေျခာက္နဲ႔အတူ ဆန္ေဆးရည္တို႔ကို ေရာ၍ထည့္ပါ။ အဖုံးကို လုံေအာင္ပိတ္၍ (၃) ရက္ခန္႔ထားပါ။ ခြက္တစ္ခုထဲသို႔ အရည္စစ္၍ထည့္ပါ။ ထို႔ေနာက္ မိမိလိုခ်င္ေသာ ျပင္းအားအခ်ိဳးကို ေ႐ြးခ်ယ္၍ ေရႏွင့္ေရာကာ အပင္ကိုေကြၽးပါ ။
ပန္းပြင့္ေသာအပင္မ်ားႏွင့္ အလွစိုက္သစ္ခြပင္မ်ားအတြက္ အဟာရရည္တစ္ခုျဖစ္သလို၊ သဘာဝအာဟာရေျမၾသဇာတစ္ခုလည္းျဖစ္ပါတယ္။ ႏႈန္းထားကေတာ့ ပန္းပြင့္အပင္ကို တစ္ပတ္လွ်င္ (၂ႀကိမ္-၄ႀကိမ္) အထိ ေကြၽးႏိူင္ၿပီး၊ အသီးအ႐ြက္စားအပင္ကိုေတာ့ တစ္ပတ္လွ်င္ (၄ႀကိမ္-၅ႀကိမ္) အထိေကြၽးႏိူင္ပါတယ္
ကဲ ဩဂဲနစ္ (organic) ၿခံငယ္ စစ္စစ္ျဖစ္ခ်င္တဲ့သူေတြ လက္ေတြ႕စမ္းၿပီး အသုံးျပဳလိုက္ၾကရေအာင္လား။
Leave a Reply