ခေတ်သစ် ရှို့ချက်ကြီးကတော့ လန်ထွက်နေတာဘဲ

စစ်ကောင်စီက ရန်ကုန်-မဲဆောက် အရေးပေါ် လေယာဉ်ပျံသန်းမှုကို ဖျက်သိမ်းလိုက်သော်လည်း MNA လေကြောင်းလိုင်းမှ လေယာဉ်များကို မဲဆောက်သို့ အချိန်မရွေး ပျံသန်းနိုင်ရန် အသင့်ပြင်ခိုင်း

■ ဧပြီလ ၇ ရက်နေ့ ညပိုင်း မဲဆောက်-ရန်ကုန် MNA လေယာဉ်ပျံသန်းမှုကို လေတပ်မှ အရာရှိဟောင်း ပိုင်းလော့ ၂ ဦးကို တာဝန်ယူ မောင်းနှင်ပျံသန်းခဲ့

ရန်ကုန်၊ ဧပြီ ၈

စစ်ကောင်စီက မဲဆောက်-ရန်ကုန် အရေးပေါ် လေယာဉ်ပျံသန်းမှုကို ဖျက်သိမ်းလိုက်သော်လည်း မြန်မာအမျိုး သားလေကြောင်းလိုင်း MNA မှ လေယာဉ်များကို အချိန်မရွေး မဲဆောက်သို့ လူများ ရွှေ့ပြောင်းနိုင်ရေး ပျံသန်းနိုင်ရန် အသင့်ပြင်ခိုင်းထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ ဧပြီလ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် MNA လေယာဉ် ATR 72-600 သည် မဲဆောက်မြို့သို့ ပျံသန်းရန် လေတပ်အရာရှိဟောင်း လေယာဉ်မှူးများက အဆင်သင့် လေယာဉ်ကွင်းထဲတွင် စောင့်ဆိုင်းခဲ့ကြကြောင်း၊ မွန်းလွဲ ပိုင်းတွင် စစ်ကောင်စီက ရန်ကုန်-မဲဆောက် အသွားအပြန် အရေးပေါ် လေယာဉ်ပျံသန်းမှုကို ဖျက်သိမ်းသည်ဟု အကြောင်းကြားလာကြောင်း၊ သို့ရာတွင် MNA မှ လေယာဉ်တချို့ကို မဲဆောက်မြို့အထိ အရေးပေါ် ပျံသန်းနိုင်ရေး Standby စီစဉ်ထားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

“ဒီနေ့ မနက် ၁၀နာရီ ရန်ကုန်ကနေ မဲဆောက်အထိ လေယာဉ်တက်ဖို့ အားလုံးပြင်ထားပေမယ့် ဖျက်သိမ်းဖို့ အမိန့်ကျပါတယ်။ ဒါပေမယ့် အမြဲတမ်း မဲဆောက်ကို ချက်ချင်း အရေးပေါ် ပျံသန်းနိုင်မယ့် လေယာဉ်တစ်စီးကို အဆင်သင့် Stanby ပြင်ထားဖို့ ညွှန်ကြားချက်ကြပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ဧပြီလ ၇ ရက်နေ့ ရန်ကုန်-မဲဆောက် အသွားအပြန် MNA လေယာဉ် ခရီးစဉ်ကို လေတပ်မှ အရာရှိဟောင်း လေယာဉ်မှူး ၂ ဦးဖြစ်သော ကပ္ပတိန် မျိုးမင်းသန်း( လေတပ်အရာရှိဟောင်း)၊ ကပ္ပတိန်ဝင်းခိုင်ဌေး(လေတပ်အရာရှိဟောင်း) တို့က လေယာဉ်ကို မောင်းနှင်ခဲ့ကြပြီး လေယာဉ်မောင်နှင့် လေယာဉ်မယ်များအဖြစ် SK ခွန်ဆိုင်းဂျာ၊ ထွဋ်အောင်ရှိုင်းတို့က လိုက်ပါခဲ့ကြကြောင်း သိရှိရသည်။

“မနေ့ညက မဲဆောက်-ရန်ကုန် ပျံသန်းခဲ့ကြတဲ့ လေယာဉ်မှူး ၂ ဦးစလုံးက စစ်တက္ကသိုလ်ကျောင်းဆင်း၊ လေတပ်အရာရှိဟောင်းတွေဖြစ်ပါတယ်။ လေယာဉ်မောင် ထွဋ်အောင်ရှိုင်းဆိုတာကလည်း လေယာဉ်မောင်ချုပ်ရဲ့တူတော်စပ်ပါတယ်။ စစ်တပ်က သူတို့ယုံကြည်စိတ်ချရတဲ့သူများကိုသာ Operations အတွက် လုပ်စေပါတယ်။

နောက်တစ်ခုက ခေတ်သစ်မှာ သတင်းတွေ ဓာတ်ပုံတွေ တက်တာနဲ့ပတ်သက်ပြီး MNA က ဘယ်လိုထွက်သွားသ လဲဆိုတာ စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်နေပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ၃ ရက်တာ ရန်ကုန်-မဲဆောက် လေယာဉ် အထူးခရီးစဉ်ပျံသန်းပြီး ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ထုတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *