FW ရဲ့ ကိုယ်ပိုင်ဒီဇိုင်းအသစ်နဲ့ ဒရုန်းတွေ အောင်မြင်စွာနဲ့ ပွဲကနေကြပါပြီ

“ငါးကြင်းဆီနဲ့ ငါးကြင်းကြော်”

“စကစ ဒရုန်းတွေနဲ့ စကစ အသီးအနှံတွေကို သုံးပြီး စကစကုန်းတွေကို ပြန်ဝုန်းရမှာ ဘယ်လောက် ပျော်စရာကောင်းသလဲ ညီနောင်ရောင်းရင်းတိုရေ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ပြီးရင် တာလဘောဟင်းနဲ့ ကြိတ်လိုကောင်းပြီ”

~Federal Wings မှ ရဲဘော်များ~

သင်္ဃန်းညီနောင်ရှိ စစ်ရှုးကောင်စီရဲ့ တပ်ရင်း ဌာနချုပ် (၃) ခုနဲ့ ဗျူဟာကုန်း တစ်ခုလုံးကို သိမ်းပိုက်ကာ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းပိုက်ရရှိပြီးနောက်-

စစ်ရှုးကောင်စီထံက သိမ်းဆည်းရရှိထားတဲ့ ဗုံးသီးတွေကို အသုံးပြုကာ ပြန်လည်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း KNLA ပူးပေါင်းတပ်တွေနဲ့အတူ တိုက်ပွဲဝင်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲက အသိပေး ထုတ်ပြန်ထားပါတယ်။

 

FW ရဲ့ ကိုယ်ပိုင်ဒီဇိုင်းအသစ်နဲ့ ဒရုန်းတွေ အောင်မြင်စွာနဲ့ ပွဲကနေကြပါပြီ

တိုက်ပွဲအတွေ့အကြုံတွေ မြေပြင်လိုအပ်ချက်တွေနဲ့ ပြုလွယ်ပြင်လွယ်မှုတွေကိုပေါင်းစပ်ပြီး လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်မဲ့အနေအထားကို FW R&D အဖွဲ့တွေက ကိုယ်တိုင်ဒီဇိုင်းရေးဆွဲပြီး ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်

ယခုကိုယ်ပိုင်ဒီဇိုင်းသစ်ဟာ တည်ဆောက်မှုပုံစံရိုးရှင်းပြီး တပ်ဆင်ရမြန်ဆန်လွယ်ကူတဲ့အပြင် ပါဝင်တဲ့အစိတ်အပိုင်းတွေနည်းပါးသွားတာကြောင့် ယခင်ကိုယ်ထည်များထက် ၂၅% ခန့် ပိုမိုပေါ့ပါးပါတယ်

လမ်းပန်းခက်ခဲတဲ့ဒေသတွေမှာ ကျောပိုးပြီးသယ်ဆောင်သွားလို့ရအောင် ဒီဇိုင်းထုတ်ထားပါတယ်ယခင်ကတော့ FW ဟာ စိုက်ပျိုးရေးသုံးဒရုန်းကိုယ်ထည်တွေကို မှာယူပြီး တိုက်ပွဲမှာအသုံးပြုဖို့ ထပ်ပိုးပြင်ဆင်ခဲ့ကြပါတယ်

ဒီလိုထပ်ပိုးပြင်ဆင်ရာမှာ မလိုအပ်တဲ့ထပ်တိုးအလေးချိန်တွေ များပြားခဲ့ရပြီး ဒရုန်းတစ်စင်းဆီကရသင့်တဲ့စွမ်းရည်ကို အပြည့်အဝအသုံးမချနိုင် ဖြစ်ခဲ့ကြပါတယ်

ယခု ကိုယ်ပိုင်ဒီဇိုင်းအသစ်မှာ အဲ့ဒီအားနည်းချက်တွေအကုန်လုံးကို ပြင်ဆင်လိုက်နိုင်ပါပြီ FW ဒရုန်းတွေရဲ့ ဆင့်ကဲ့တိုးတက်လာမှုတွေကို ပုံတွေမှာ ပြထားပေးပါတယ်

ကျွန်တော်တို့တွေ အမြဲကြိုးစားနေပါတယ်ဒီလိုကြိုးစားအားထုတ်မှုတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ နည်းပညာကိုအားပြုပြီး မြေပြင်ရဲဘော်တွေရဲ့အသက်ကို အတတ်နိုင်ဆုံးချွေတာဖို့နဲ့ ပြည်သူလူထုကိုမထိခိုက်စေဘဲ ရန်သူကို တိတိကျကျတိုက်ခိုက်နိုင်ဖို့ပါ ကျွန်တော်တို့တွေ လိုင်းပေါ်မှာ ကာလအတန်ကြာငြိမ်နေခဲ့ကြပေမဲ့ နောက်ကွယ်မှာတော့ အလုပ်တွေဆက်တိုက်လုပ်နေခဲ့ကြပါတယ်

ပွဲတွေဆက်တိုက်ကရတဲ့အတွက် ဒီဇိုင်းအသစ်ဒရုန်းတစ်စင်းပျက်ကျပြီး စကစလက်ထဲရောက်ရှိပြီးဖြစ်တာကြောင့် လျှို့ဝှက်အဆင့်အတန်းကနေ လျှော့ချပြီး သတင်းထုတ်ပြန်ခြင်းဖြစ်ပါတယ်

FederalWings

 

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *