ဒီနေ့ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်ကို ၁၀၇ မမမိုးတွေရွာတဲ့ ရုပ်သံ ထွက်ပေါ်လာပီ

ပြင်ဦးလွင် DSA တိုက်ခိုက်ခံရ (ရုပ်သံ)

▪︎နေပြည်တော်အားPDFများဒရုန်းဖြင့်တိုက်ခိုက်ပြီး ၄ ရက်အကြာတွင် DSA ကို မန္တလေးတိုင်းပကဖ တိုက်ခိုက်ခဲ့ခြင်းဖြစ်

-အောင်ဇေယျ/People’s Spring

မန္တလေးတိုင်း(ပကဖ)က ယနေ့ ( ဧပြီလ ၈)နံနက်အစောပိုင်းတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီ၏ စစ်တက္ကသိုလ် (DSA) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်သည်။

စစ်တက္ကသိုလ် (DSA) ကို ၁၀၇ မမ ရှော့တိုက်ဒုံး (၅) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများနေထိုင်သည့် အဆောင်အနီးသို့ (၄) လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေး ဖော်ပြထားသည်။

PDF များက နေပြည်တော်ရှိ စစ်ရုံးချုပ်၊နေပြည်တော်လေတပ်နှင့်အာဏာသိမ်းခေါင်းဆောင်အိမ်တို့ကို ဒရုန်းဖြင့်ဧပြီ ၄ ရက်တွင်တိုက်ခိုက်ပြီး လေးရက်အကြာတွင်စစ်အုပ်စု၏ အဓိကဗိုလ်သင်တန်းကျောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မနက်လေးနာရီလောက် အသံကြားတယ်ပြောတယ်။ နီးတဲ့သူတွေကတော့ မြေကြီးတွေတောင်တုန်တယ်ပြောတယ်။ အပျက်အစီးအထိအခိုက်တော့မသိရသေးဘူး။ DSAနောက်ကျော ကျောက်တောင်နဲ့ပွေးတောင်ဘက် စစ်ကြောင်းထိုးနေတယ်ပြောတယ်။”ဟု ပြင်ဦးလွင်ဒေသခံတစ်ဦးက ပြောသည်။

အမှတ် (၁) စစ်ဒေသကလည်း DSA ကို ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်သောရုပ်သံမှတ်တမ်းကိုလည်းထုတ်ပြန်လာသည်။၁ မီနစ်ကြာသောရုပ်သံမှတ်တမ်းတွင် DSA ကို ပကဖ ရဲဘော်များက ရှော့တိုက်ဒုံးဖြင့် ၃ ချက်ပစ်ခတ်နေသည်ကိုတွေ့ရသည်။PDF၊ အမှတ် (၁) စစ်ဒေသအောက်တွင် မန္တလေးတိုင်း ၊စစ်ကိုင်းတိုင်း၊မကွေးတိုင်း နှင့် ရှမ်းပြည်နယ်တို့ပါဝင်သည်။

ရုပ်သံ-အမှတ်(၁) စစ်ဒေသ

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *