မိထားတာတွေ ထောင်ချီနေတာဝေ့

“စစ်သုံပန်း ထောင်ချီ ဖမ်းဆီးမိထားပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားဟု AA ပြော”

ရခိုင်နှင့် ပလက်ဝဒေသတွင် ဖြစ်ပွားနေတဲ့ တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော် AA က စစ်သုံပန်း ထောင်ချီ ဖမ်းဆီးရမိထားပြီး ၎င်းတိုအား ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ  ဦးခိုင်သုခက ပြောဆိုပါတယ်

ယင်းအထဲတွင် ရာဇဝတ်မှု ကျူးလွန်ခဲ့သူများလည်း ပါဝင်ပြီး ၄င်းတိုအား အာရက္ခပြည်သူ့အစိုးရရဲ့ တရားရေးဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း

“သက်ဆိုင်ရာ ရာဇဝတ်မှုကို ကျူးလွန်သူတွေ အနေနဲ့လည်း သူတိုကိုယ်တိုင် တာဝန်ယူ၊ တာဝန်ခံမှု ရှိရမှာ ဖြစ်တယ်။ အာရက္ခ ပြည်သူ့အစိုးရက အကျူးလွန်ခံရတဲ့ ပြည်သူတွေ တရားမျှတမှု ရဖိုအတွက် အစွန်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ဆိုပါတယ်

ရခိုင်တွင် ဖြစ်ပွားနေတဲ့ တိုက်ပွဲများအတွင်း စခန်းအလိုက် ရာနှင့်ချီပြီး ရက္ခိုင့်တပ်တော်ထံ လက်နက်ချသူများ ရှိသလို စစ်ကောင်စီကို မကြိုက်၍ လက်နက်များနှင့်အတူ ထွက်ပြေးလာပြီး ပူးပေါင်းလာသူများလည်း ရှိကြောင်း

ဖမ်းဆီးခံထားရသူ သုံပန်းများအထဲတွင် ဗိုလ်မှူးချုပ် အဆင့်မှ တပ်သားအထိ ပါဝင်ပြီး အများစုမှာ အောက်ခြေစစ်သားများဖြစ်ကြောင်း

ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်ခဲ့တဲ့ ၃ လကျော် တိုက်ပွဲတွေအတွင်း စကခ (၉) အပါအဝင် တပ်ရင်း အများအပြား၊ ဗျူဟာကုန်းများ၊ စစ်စခန်းများ စုစုပေါင်း ၂၀၀ ထက်မနည်းကို

သိမ်းပိုက်ထားပြီး၊ ခရိုင် ၂ ခု (မြောက်ဦးနှင့် ပလက်ဝ ခရိုင်)၊ မြိုပေါင်း ၉ မြို (ပလက်ဝ၊ ဆမီး၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မအီနှင့် တောင်ပြိုမြို) တိုကို အပြီးသတ် သိမ်းပိုက်ခဲ့ပါတယ်

စစ်ကောင်စီက ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားတဲ့ မင်းပြား၊ ကျောက်တော်၊ ပလက်၀ မြိုနယ်တိုကို လေကြောင်းမှ လာရောက်ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေပြီး

ရခိုင်ပြည်သူများအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီက တာဝန်ယူရမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုပါတယ်

4C_TruthNews
“စစ္သုံပန္း ေထာင္ခ်ီ ဖမ္းဆီးမိထားၿပီး ေကာင္းမြန္စြာ ေစာင့္ေရွာက္ထားဟု AA ေျပာ”

ရခိုင္ႏွင့္ ပလက္ဝေဒသတြင္ ျဖစ္ပြားေနတဲ့ တိုက္ပြဲမ်ားအတြင္း ရကၡိဳင့္တပ္ေတာ္ AA က စစ္သုံပန္း ေထာင္ခ်ီ ဖမ္းဆီးရမိထားၿပီး ၎တိုအား ေကာင္းမြန္စြာ ထိန္းသိမ္းထားေၾကာင္း ရကၡိဳင့္တပ္ေတာ္ ေျပာခြင့္ရသူ  ဦးခိုင္သုခက ေျပာဆိုပါတယ္

ယင္းအထဲတြင္ ရာဇဝတ္မႈ က်ဴးလြန္ခဲ့သူမ်ားလည္း ပါဝင္ၿပီး ၄င္းတိုအား အာရကၡျပည္သူ႔အစိုးရရဲ့ တရားေရးဥပေဒႏွင့္အညီ အေရးယူသြားမည္ျဖစ္ေၾကာင္း

“သက္ဆိုင္ရာ ရာဇဝတ္မႈကို က်ဴးလြန္သူေတြ အေနနဲ႔လည္း သူတိုကိုယ္တိုင္ တာဝန္ယူ၊ တာဝန္ခံမႈ ရွိရမွာ ျဖစ္တယ္။ အာရကၡ ျပည္သူ႔အစိုးရက အက်ဴးလြန္ခံရတဲ့ ျပည္သူေတြ တရားမၽွတမႈ ရဖိုအတြက္ အစြန္းကုန္ ႀကိဳးစားသြားမွာ ျဖစ္ပါတယ္” ဟု ဆိုပါတယ္

ရခိုင္တြင္ ျဖစ္ပြားေနတဲ့ တိုက္ပြဲမ်ားအတြင္း စခန္းအလိုက္ ရာႏွင့္ခ်ီၿပီး ရကၡိဳင့္တပ္ေတာ္ထံ လက္နက္ခ်သူမ်ား ရွိသလို စစ္ေကာင္စီကို မႀကိဳက္၍ လက္နက္မ်ားႏွင့္အတူ ထြက္ေျပးလာၿပီး ပူးေပါင္းလာသူမ်ားလည္း ရွိေၾကာင္း

ဖမ္းဆီးခံထားရသူ သုံပန္းမ်ားအထဲတြင္ ဗိုလ္မႉးခ်ဳပ္ အဆင့္မွ တပ္သားအထိ ပါဝင္ၿပီး အမ်ားစုမွာ ေအာက္ေျခစစ္သားမ်ားျဖစ္ေၾကာင္း

ရကၡိဳင့္တပ္ေတာ္ AA က နိုဝင္ဘာ ၁၃ ရက္ေန႔မွာ စတင္ခဲ့တဲ့ ၃ လေက်ာ္ တိုက္ပြဲေတြအတြင္း စကခ (၉) အပါအဝင္ တပ္ရင္း အမ်ားအျပား၊ ဗ်ဴဟာကုန္းမ်ား၊ စစ္စခန္းမ်ား စုစုေပါင္း ၂၀၀ ထက္မနည္းကို

သိမ္းပိုက္ထားၿပီး၊ ခရိုင္ ၂ ခု (ေျမာက္ဦးႏွင့္ ပလက္ဝ ခရိုင္)၊ ၿမိဳေပါင္း ၉ ၿမိဳ (ပလက္ဝ၊ ဆမီး၊ ေပါက္ေတာ၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံ၊ မအီႏွင့္ ေတာင္ၿပိဳၿမိဳ) တိုကို အၿပီးသတ္ သိမ္းပိုက္ခဲ့ပါတယ္

စစ္ေကာင္စီက ရကၡိဳင့္တပ္ေတာ္ သိမ္းပိုက္ထားတဲ့ မင္းျပား၊ ေက်ာက္ေတာ္၊ ပလက္၀ ၿမိဳနယ္တိုကို ေလေၾကာင္းမွ လာေရာက္ဗုံးၾကဲ တိုက္ခိုက္မႈမ်ား လုပ္ေဆာင္လ်က္ရွိေနၿပီး

ရခိုင္ျပည္သူမ်ားအေပၚ က်ဴးလြန္ေနတဲ့ စစ္ရာဇဝတ္မႈေတြအတြက္ စစ္ေကာင္စီက တာဝန္ယူရမည္ျဖစ္ေၾကာင္း ရကၡိဳင့္တပ္ေတာ္ AA ရဲ့ ေျပာခြင့္ရသူ ဦးခိုင္သုခက ေျပာဆိုပါတယ္

4C_TruthNews

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *