ဒါမျိုး ဖြစ်နေရမှာ ကြာပြီလေ ! မိုက်တာကြီး ကြိုက်တာကြီးဆိုတာ

ဒါမျိုး ဖြစ်နေရမှာ ကြာပြီလေ !

မိုက်တာကြီး ကြိုက်တာကြီးဆိုတာ ပြောပြမတတ် စကားလုံးရှားလို့ ကိုယ်၌ အသွေးသားထဲအထိ စိမ့်ဝင် ကျေနပ်မိသလို မအလ စကစတွေနဲ့ ခရိုနီပြာတွေ ရူးခါစေမည့် လုပ်ဆောင်မှုမျိုးတွေ လက်တွေ့ ထိရောက်အောင် လုပ်ဆောင်ပြမှ ဒီပွဲက ပြီးပြတ်စွာ နိုင်မယ်ဆိုတာ သိရင် ဆက်လျက်ပြီး မအလနဲ့ ပူးပေါင်း လုပ်စား ခရိုနီတွေကို ရန်ငါပြတ် ၈ှင်းလင်းကြဘို့ ဗျ-င်းချိန်တန်ပြီဆိုတာ ပြောပါရစေ ဒါမှ တကယ် တော်လှန်ရေး ထိရောက်စွာ အောင်မြင်မယ်ဆိုတာ သိပါ ရဲဘော်နဲ့ NUG မှ တာဝန်ရှိ လူကြီးမင်းများရေ

” ပဲခူးရိုးမ ဧရိယာထဲနေ တရားမဝင်သစ်ခိုးထုတ်သူတွေကို ၁၀ ရက်အတွင်း ထွက်ခွာဖို့ ရိုးမစွမ်းအားတပ်ပေါင်းစု သတိပေး အဆိုပါလုပ်ငန်းတွေအနေနဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၈ ရက်အတွင်း ထွက်သွားရမှာဖြစ်ပြီး မလိုက်နာပါက လုပ်ငန်းလုပ်ကိုင်နေသူတွေနဲ့ ပက်သက်သူအားလုံးကို သု-တ်-သင်ရှ-င်း-လင်းသွားမယ်လို့ဆို ” တော်လှန်ရေးဟာ ယခုလို ပြတ်သားစွာ လုပ်ဆောင်မှ ရန်သူကို ရန်သူလိုကျင့် ရန်ငါပြတ်မှ အမြန်အောင်မယ်ဆိုတာ သိပါ !

ပဲခူးရိုးမ ဧရိယာထဲနေ တရားမဝင်သစ်ခိုးထုတ်သူတွေကို ၁၀ ရက်အတွင်း ထွက်ခွာဖို့ ရိုးမစွမ်းအားတပ်ပေါင်းစု သတိပေး

ပဲခူးတိုင်း၊ ဖြူး၊ ကျောက်တံခါးနဲ့ ညောင်လေးပင်မြို့နယ်အပိုင် ပဲခူးရိုးမဧရိယာအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ တရားမဝင်သစ်ခိုးထုတ်နေတဲ့ ခရိုနီကုမ္ပဏီတွေ၊ သစ်ဝိုင်းစက် လုပ်ကိုင်သူတွေ၊ စိတ်ကြွဆေး (WY) ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းတွေအနေနဲ့ ၁၀ ရက်အတွင်း ပိတ်သိမ်းပြီး ထွက်သွားကြဖို့ ရိုးမစွမ်းအား ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက သတိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါလုပ်ငန်းတွေအနေနဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၈ ရက်အတွင်း ထွက်သွားရမှာဖြစ်ပြီး မလိုက်နာပါက လုပ်ငန်းလုပ်ကိုင်နေသူတွေနဲ့ ပက်သက်သူအားလုံးကို သုတ်သင်ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။ “သစ်သမားတွေက လမ်းတွေဖောက်တယ်၊ သူတို့ဖောက်တဲ့လမ်းကနေ စစ်ကြောင်းက တက်တက်လာပြီး ရွာတွေကိုမီးရှို့တာခဏခဏလုပ်တယ်။ စစ်ရှောင်ပြည်သူတွေရဲ့ လုံခြုံရေးစိုးရိမ်ရတာကြောင့် ထုတ်ပြန်ချက်ကို ထုတ်ခဲ့တာပါ။”လို့ ရိုးမစစ်ကြောင်း(၂)၊ ၃၇၀၁ တပ်ရင်း (၁)နဲ့ နီးစပ်သူတဦးကပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပက်သက်ပြီး သစ်သမားတွေဆီအသိပေးထားကာ နေ့စဉ် ကားအစီးရေရာနဲ့ချီကာ သစ်သယ်ယူပို့ဆောင်ပေးနေတဲ့ ၁၀ ဘီး၊ ၁၂ ဘီးကားတွေနဲ့ ထွန်စက်သမားတွေကိုလည်း ဆက်လက်မလုပ်ကိုင်ဖို့ သတိပေးထားတယ်လို့ ဆိုပါတယ်။ သစ်ထုတ်လုပ်သူ ခရိုနီတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကြီးအကျယ်ထုတ်လုပ်လာကြတာ ဖြစ်ပြီး ကျွန်းသစ်တွေကိုအဓိကထုတ်လာကြကာ စစ်ကောင်စီကို ဆပ်ကြေးပေးစာချုပ်ထားတာ ကြောင့် တော်လှန်ရေးအဖွဲ့တွေကို ဂရုမစိုက်သလို ဖြစ်နေတယ်လို့ ရိုးမစစ်ကြောင်း(၂)၊ ၃၇၀၁ တပ်ရင်း (၁)နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပဲခူးရိုးဧရိယာအတွင်းမှာ သစ်ခွဲစက် ၃၀ ဝန်းကျင်လောက်ရှိပြီး ဖြူးဘက်ကနေ ဒိုက်ဦးမြို့နယ်အထိကို တနေ့ တန်ချိန်တရာဝန်းကျင်လောက် ခိုးထုတ်နေကြတယ်လို့ သူကဆက်ပြောပါတယ်။ သစ်ခိုးထုတ်သူတွေဟာ ဖြူးမြို့နယ်ဂိတ်တွေဖြစ်တဲ့ ၁၃၁ အုန်းတွင်းဂိတ်၊ ၉၉မိုင် ၄ ဖာလုံ ၁၁၃ ဖြူးဂိတ်၊ မြို့ကျောင်းလမ်းခွဲတို့မှာ ဂိတ်ထိုင်ပြီးပိုက်ဆံကောက်နေတဲ့ စစ်တပ်ဂိတ်တွေကို ငွေပေးဖြတ်သန်းကာ မြဝတီဘက်ကိုပို့ကြပြီး တခေါက်ကို ဆယ်ဘီးကားတစီး ၂၇ သိန်း၊ ဖောကားတစီး ၁၅ သိန်းပေးသွင်းကြတာလို့ ဆိုပါတယ်။

ဒါ့အပြင် သစ်သယ်ယူပေးနေသူ သစ်သမားတွေဟာ ဆေးသမားအများစုဖြစ်ပြီး သစ်ထုတ်လုပ်သူ ခရိုနီတွေဟာလည်း သစ်တွေနဲ့ စိတ်ကြွဆေး(WY)တွေပါ ရောင်းချဖြန့်ဖြူးနေပါတယ်။ တောင်ငူနယ်ဘက်မှာလည်း စိတ်ကြွဆေးထုတ်လုပ်နေတာတွေရှိတယ်လို့သိရပြီး ပဲခူးရိုးမအတွင်းကနေ သစ်ခိုးထုတ်နေသူတွေကို လည်း မနှစ်က တောင်ငူခရိုင်နဲ့ ပဲခူးခရိုင်တို့ကနေ စာထုတ်ပြီး တားဆီးခဲ့ပါတယ်။

ယခုအခါမှာတော့ စစ်ရှောင်တွေရဲ့လုံခြုံရေးအခြေအနေစိုးရိမ်လာရတာကြောင့် ဒီထုတ်ပြန်ချက်ကို ထပ်မံထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။ ပဲခူးရိုးမဧရိယာအတွင်းမှာ အိမ်ထောင်စု ၅၀၀ ကျော်စစ်ရှောင်နေကြရပြီး သာယာဝတီခရိုင်အတွင်းက စစ်ရှောင်တွေ ပိုများပါတယ်။ ၂၀၂၂ ခုနှစ်ကတည်းက စစ်ရှောင်နေကြရတာဖြစ်ပြီး ၂၀၂၃ ခုနှစ်အကုန် ၂၀၂၄ အစမှာတော့ ကျောက်တံတားနဲ့ ကျောက်ကြီးတို့ကစစ်ရှောင်တွေထပ်မံရောက်ရှိလာကြကာ စားရေးသောက်ရေး အခက်အခဲရှိနေပြီး သူတို့ကိုတော့ တော်လှန်ရေးအဖွဲ့တွေကပဲ စောင့်ရှောက်ကျွေးမွေးထားရတယ်လို့ သိရပါတယ်။

သတင်း – ကိုချမ်း၊ စာတည်း – လင်း

မြေလတ်အသံ

ဒါမ်ိဳး ျဖစ္ေနရမွာ ၾကာၿပီေလ !

မိုက္တာႀကီး ႀကိဳက္တာႀကီးဆိုတာ ေျပာျပမတတ္ စကားလုံးရွားလို႔ ကိုယ္၌ အေသြးသားထဲအထိ စိမ့္ဝင္ ေက်နပ္မိသလို မအလ စကစေတြနဲ႔ ခ႐ိုနီျပာေတြ ႐ူးခါေစမည့္ လုပ္ေဆာင္မႈမ်ိဳးေတြ လက္ေတြ႕ ထိေရာက္ေအာင္ လုပ္ေဆာင္ျပမွ ဒီပြဲက ၿပီးျပတ္စြာ ႏိုင္မယ္ဆိုတာ သိရင္ ဆက္လ်က္ၿပီး မအလနဲ႔ ပူးေပါင္း လုပ္စား ခ႐ိုနီေတြကို ရန္ငါျပတ္ ၈ွင္းလင္းၾကဘို႔ ဗ်-င္းခ်ိန္တန္ၿပီဆိုတာ ေျပာပါရေစ ဒါမွ တကယ္ ေတာ္လွန္ေရး ထိေရာက္စြာ ေအာင္ျမင္မယ္ဆိုတာ သိပါ ရဲေဘာ္နဲ႔ NUG မွ တာဝန္ရွိ လူႀကီးမင္းမ်ားေရ

” ပဲခူး႐ိုးမ ဧရိယာထဲေန တရားမဝင္သစ္ခိုးထုတ္သူေတြကို ၁၀ ရက္အတြင္း ထြက္ခြာဖို႔ ႐ိုးမစြမ္းအားတပ္ေပါင္းစု သတိေပး အဆိုပါလုပ္ငန္းေတြအေနနဲ႔ ေဖေဖာ္ဝါရီ ၁၈ ရက္ကေန ၂၈ ရက္အတြင္း ထြက္သြားရမွာျဖစ္ၿပီး မလိုက္နာပါက လုပ္ငန္းလုပ္ကိုင္ေနသူေတြနဲ႔ ပက္သက္သူအားလုံးကို သု-တ္-သင္ရွ-င္း-လင္းသြားမယ္လို႔ဆို ” ေတာ္လွန္ေရးဟာ ယခုလို ျပတ္သားစြာ လုပ္ေဆာင္မွ ရန္သူကို ရန္သူလိုက်င့္ ရန္ငါျပတ္မွ အျမန္ေအာင္မယ္ဆိုတာ သိပါ !

ပဲခူး႐ိုးမ ဧရိယာထဲေန တရားမဝင္သစ္ခိုးထုတ္သူေတြကို ၁၀ ရက္အတြင္း ထြက္ခြာဖို႔ ႐ိုးမစြမ္းအားတပ္ေပါင္းစု သတိေပး

ပဲခူးတိုင္း၊ ျဖဴး၊ ေက်ာက္တံခါးနဲ႔ ေညာင္ေလးပင္ၿမိဳ႕နယ္အပိုင္ ပဲခူး႐ိုးမဧရိယာအတြင္းမွာ စစ္ေကာင္စီလက္ေအာက္ခံ တရားမဝင္သစ္ခိုးထုတ္ေနတဲ့ ခ႐ိုနီကုမၸဏီေတြ၊ သစ္ဝိုင္းစက္ လုပ္ကိုင္သူေတြ၊ စိတ္ႂကြေဆး (WY) ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်တဲ့ လုပ္ငန္းေတြအေနနဲ႔ ၁၀ ရက္အတြင္း ပိတ္သိမ္းၿပီး ထြက္သြားၾကဖို႔ ႐ိုးမစြမ္းအား ျပည္သူ႔ကာကြယ္ေရး တပ္ေပါင္းစုက သတိေပးထုတ္ျပန္ထားပါတယ္။

အဆိုပါလုပ္ငန္းေတြအေနနဲ႔ ေဖေဖာ္ဝါရီ ၁၈ ရက္ကေန ၂၈ ရက္အတြင္း ထြက္သြားရမွာျဖစ္ၿပီး မလိုက္နာပါက လုပ္ငန္းလုပ္ကိုင္ေနသူေတြနဲ႔ ပက္သက္သူအားလုံးကို သုတ္သင္ရွင္းလင္းသြားမယ္လို႔ ဆိုပါတယ္။ “သစ္သမားေတြက လမ္းေတြေဖာက္တယ္၊ သူတို႔ေဖာက္တဲ့လမ္းကေန စစ္ေၾကာင္းက တက္တက္လာၿပီး ႐ြာေတြကိုမီးရႈိ႕တာခဏခဏလုပ္တယ္။ စစ္ေရွာင္ျပည္သူေတြရဲ႕ လုံၿခဳံေရးစိုးရိမ္ရတာေၾကာင့္ ထုတ္ျပန္ခ်က္ကို ထုတ္ခဲ့တာပါ။”လို႔ ႐ိုးမစစ္ေၾကာင္း(၂)၊ ၃၇၀၁ တပ္ရင္း (၁)နဲ႔ နီးစပ္သူတဦးကေျပာပါတယ္။

ဒီထုတ္ျပန္ခ်က္နဲ႔ပက္သက္ၿပီး သစ္သမားေတြဆီအသိေပးထားကာ ေန႔စဥ္ ကားအစီးေရရာနဲ႔ခ်ီကာ သစ္သယ္ယူပို႔ေဆာင္ေပးေနတဲ့ ၁၀ ဘီး၊ ၁၂ ဘီးကားေတြနဲ႔ ထြန္စက္သမားေတြကိုလည္း ဆက္လက္မလုပ္ကိုင္ဖို႔ သတိေပးထားတယ္လို႔ ဆိုပါတယ္။ သစ္ထုတ္လုပ္သူ ခ႐ိုနီေတြဟာ အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ အႀကီးအက်ယ္ထုတ္လုပ္လာၾကတာ ျဖစ္ၿပီး ကြၽန္းသစ္ေတြကိုအဓိကထုတ္လာၾကကာ စစ္ေကာင္စီကို ဆပ္ေၾကးေပးစာခ်ဳပ္ထားတာ ေၾကာင့္ ေတာ္လွန္ေရးအဖြဲ႕ေတြကို ဂ႐ုမစိုက္သလို ျဖစ္ေနတယ္လို႔ ႐ိုးမစစ္ေၾကာင္း(၂)၊ ၃၇၀၁ တပ္ရင္း (၁)နဲ႔ နီးစပ္သူတဦးက ေျပာပါတယ္။

ပဲခူး႐ိုးဧရိယာအတြင္းမွာ သစ္ခြဲစက္ ၃၀ ဝန္းက်င္ေလာက္ရွိၿပီး ျဖဴးဘက္ကေန ဒိုက္ဦးၿမိဳ႕နယ္အထိကို တေန႔ တန္ခ်ိန္တရာဝန္းက်င္ေလာက္ ခိုးထုတ္ေနၾကတယ္လို႔ သူကဆက္ေျပာပါတယ္။ သစ္ခိုးထုတ္သူေတြဟာ ျဖဴးၿမိဳ႕နယ္ဂိတ္ေတြျဖစ္တဲ့ ၁၃၁ အုန္းတြင္းဂိတ္၊ ၉၉မိုင္ ၄ ဖာလုံ ၁၁၃ ျဖဴးဂိတ္၊ ၿမိဳ႕ေက်ာင္းလမ္းခြဲတို႔မွာ ဂိတ္ထိုင္ၿပီးပိုက္ဆံေကာက္ေနတဲ့ စစ္တပ္ဂိတ္ေတြကို ေငြေပးျဖတ္သန္းကာ ျမဝတီဘက္ကိုပို႔ၾကၿပီး တေခါက္ကို ဆယ္ဘီးကားတစီး ၂၇ သိန္း၊ ေဖာကားတစီး ၁၅ သိန္းေပးသြင္းၾကတာလို႔ ဆိုပါတယ္။

ဒါ့အျပင္ သစ္သယ္ယူေပးေနသူ သစ္သမားေတြဟာ ေဆးသမားအမ်ားစုျဖစ္ၿပီး သစ္ထုတ္လုပ္သူ ခ႐ိုနီေတြဟာလည္း သစ္ေတြနဲ႔ စိတ္ႂကြေဆး(WY)ေတြပါ ေရာင္းခ်ျဖန႔္ျဖဴးေနပါတယ္။ ေတာင္ငူနယ္ဘက္မွာလည္း စိတ္ႂကြေဆးထုတ္လုပ္ေနတာေတြရွိတယ္လို႔သိရၿပီး ပဲခူး႐ိုးမအတြင္းကေန သစ္ခိုးထုတ္ေနသူေတြကို လည္း မႏွစ္က ေတာင္ငူခ႐ိုင္နဲ႔ ပဲခူးခ႐ိုင္တို႔ကေန စာထုတ္ၿပီး တားဆီးခဲ့ပါတယ္။

ယခုအခါမွာေတာ့ စစ္ေရွာင္ေတြရဲ႕လုံၿခဳံေရးအေျခအေနစိုးရိမ္လာရတာေၾကာင့္ ဒီထုတ္ျပန္ခ်က္ကို ထပ္မံထုတ္ျပန္ခဲ့တာလို႔ ဆိုပါတယ္။ ပဲခူး႐ိုးမဧရိယာအတြင္းမွာ အိမ္ေထာင္စု ၅၀၀ ေက်ာ္စစ္ေရွာင္ေနၾကရၿပီး သာယာဝတီခ႐ိုင္အတြင္းက စစ္ေရွာင္ေတြ ပိုမ်ားပါတယ္။ ၂၀၂၂ ခုႏွစ္ကတည္းက စစ္ေရွာင္ေနၾကရတာျဖစ္ၿပီး ၂၀၂၃ ခုႏွစ္အကုန္ ၂၀၂၄ အစမွာေတာ့ ေက်ာက္တံတားနဲ႔ ေက်ာက္ႀကီးတို႔ကစစ္ေရွာင္ေတြထပ္မံေရာက္ရွိလာၾကကာ စားေရးေသာက္ေရး အခက္အခဲရွိေနၿပီး သူတို႔ကိုေတာ့ ေတာ္လွန္ေရးအဖြဲ႕ေတြကပဲ ေစာင့္ေရွာက္ေကြၽးေမြးထားရတယ္လို႔ သိရပါတယ္။

သတင္း – ကိုခ်မ္း၊ စာတည္း – လင္း

ေျမလတ္အသံ

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *