လိုင်းမဆင်းနဲ့အုံး ဆို့အောက်သွားပြန်ပီ

ဖားကန့်မြို့နယ်၊ တာမခန် ရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းကို မီးရှို့ရှင်းလင်း၊ လက်နက်များ သိမ်းဆည်းရရှိ

ဖေဖော်ဝါရီ ၂၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန် ရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းကို မီးရှို့ရှင်းလင်းကာ ခမရ ၁၁၉ စခန်းကုန်းကို ဆက်လက် တိုက်ခိုက်နေကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တာမခန် ရဲစခန်းကို KIA ၊ PDF ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ရဲစခန်းကို မီးရှို့ရှင်းကာ အကြမ်းဖက် စစ်တပ် စခန်းကို ဆက်လက် တိုက်ခိုက်နေကြောင်း သိရသည်

” ဒီနေ့ နံနက် ၈ နာရီမှာ တာမခန် ရဲစခန်းကို သိမ်းပိုက်ပြီး ရှင်းလင်း မီးရှို့ လိုက်ပြီ။ ကျန်ရှိနေတဲ့ စစ်တပ်စခန်းကို ဆက်လက်တိုက်ခိုက်နေတယ်။ လက်နက်တွေလည်းရပါတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်

အဆိုပါ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၉ စခန်းကုန်းနှင့် ရဲစခန်းတို့ကို KIA ၊ PDF ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်မှ

စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ကလည်း လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဖေဖော်ဝါရီ ၂၇






Author: admin

Leave a Reply

Your email address will not be published. Required fields are marked *