ရန်ကုန်မှာ ပြန်ဆုံနေပြီ

အင်းစိန်မြို့နယ် CID မှုခင်းရဲတပ်ဖွဲ့ ရုံးအနီးတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် CID မှုခင်းရဲတပ်ဖွဲ့ရုံးအနီးတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၉ နာရီကျော်အချိန် အင်းစိန်မြို့နယ် CID မှုခင်းရဲတပ်ဖွဲ့ရုံးနှင့် အင်းစိန်ဆေးရုံအနီးတွင် ဗုံးပေါက်ကွဲသံ ၂ ကြိမ်ထွက်ပေါ်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အင်းစိန်CID မှုခင်းရဲတပ်ဖွဲ့ ရုံးရှေ့ အပါအဝင် လမ်းများအားလုံး ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“မနေ့ညပိုင်း ဗုံးပေါက်ပြီးတော့ ၁၀ မိနစ်လောက်အကြာ ည ၉ နာရီ ၃၀ လောက်မှာ စစ်တပ်နဲ့ရဲက အဲဒီနားပတ်ဝန်းကျင်တစ်ခုလုံးမှာ ဂိတ်တွေချပြီး စစ်ဆေးတာတွေလုပ်ခဲ့တယ်။ ဥပမာ-အင်းစိန်၊ မင်းကြီးလမ်း အင်းစိန်ဆေးရုံရှေ့မှာဆိုရင် အစစ် အဆေးအရမ်းကြမ်းတာ။ လူတွေကို သေနတ်တွေနဲ့ချိန်ပြီး ကားပေါ်ကနေ ဆင်းခိုင်းတယ်။ နောက်ဖုံးတွေ ဖွင့်ခိုင်းတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

တော်လှန်ရေးသတင်းရင်းမြစ်ကမူ အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို ရန်ကုန်မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် အထိအခိုက် အခြေအနေ မသိရှိရသေးကြောင်း ပြောဆိုသည်။
အင္းစိန္ၿမိဳ႕နယ္ CID မႈခင္းရဲတပ္ဖြဲ႕ ႐ုံးအနီးတြင္ ယမန္ေန႔ညပိုင္း ဗုံးေပါက္ကြဲမႈ ျဖစ္ပြား

ေဖေဖာ္ဝါရီ ၂၇

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္ CID မႈခင္းရဲတပ္ဖြဲ႕႐ုံးအနီးတြင္ ယမန္ေန႔ညပိုင္း ဗုံးေပါက္ကြဲမႈျဖစ္ပြားေၾကာင္း ေတာ္လွန္ေရးသတင္းရင္းျမစ္ႏွင့္ ေဒသျပည္သူမ်ားက ေျပာဆိုသည္။

ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔ ည ၉ နာရီေက်ာ္အခ်ိန္ အင္းစိန္ၿမိဳ႕နယ္ CID မႈခင္းရဲတပ္ဖြဲ႕႐ုံးႏွင့္ အင္းစိန္ေဆး႐ုံအနီးတြင္ ဗုံးေပါက္ကြဲသံ ၂ ႀကိမ္ထြက္ေပၚခဲ့ေၾကာင္း၊ ယင္းေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာၿပီး အင္းစိန္CID မႈခင္းရဲတပ္ဖြဲ႕ ႐ုံးေရွ႕ အပါအဝင္ လမ္းမ်ားအားလုံး ပိတ္ဆို႔ စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရွိရသည္။

“မေန႔ညပိုင္း ဗုံးေပါက္ၿပီးေတာ့ ၁၀ မိနစ္ေလာက္အၾကာ ည ၉ နာရီ ၃၀ ေလာက္မွာ စစ္တပ္နဲ႔ရဲက အဲဒီနားပတ္ဝန္းက်င္တစ္ခုလုံးမွာ ဂိတ္ေတြခ်ၿပီး စစ္ေဆးတာေတြလုပ္ခဲ့တယ္။ ဥပမာ-အင္းစိန္၊ မင္းႀကီးလမ္း အင္းစိန္ေဆး႐ုံေရွ႕မွာဆိုရင္ အစစ္ အေဆးအရမ္းၾကမ္းတာ။ လူေတြကို ေသနတ္ေတြနဲ႔ခ်ိန္ၿပီး ကားေပၚကေန ဆင္းခိုင္းတယ္။ ေနာက္ဖုံးေတြ ဖြင့္ခိုင္းတယ္” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။

ေတာ္လွန္ေရးသတင္းရင္းျမစ္ကမူ အဆိုပါ ေဖာက္ခြဲတိုက္ခိုက္မႈကို ရန္ကုန္ေျမာက္ပိုင္းခရိုင္ျပည္သူ႔ကာကြယ္ ေရးတပ္ဖြဲ႕က လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း၊ ဗုံးေပါက္ကြဲမႈေၾကာင့္ အထိအခိုက္ အေျခအေန မသိရွိရေသးေၾကာင္း ေျပာဆိုသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *