ကောင်းလိုက်တဲ့ ရာဇသံ ပဲ

မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ သေချာပေါက် စစ်ရှုံးနေပြီဖြစ်ပြီး အပြစ်မဲ့ ပြည်သူနှင့်လူငယ်များကို ဖမ်းဆီးသတ်ဖြတ် မိုက်တွင်းမနက်ရန် AA စစ်ဦးစီးချုပ် သတိပေး

ဖေဖော်ဝါရီ ၂၆

အကြမ်းဖက် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ စစ်ရှုံးပြီး စစ်မနိုင်တော့သည့်အချိန်တွင် အပြစ်မဲ့ ပြည်သူနှင့်လူငယ်များကို ဖမ်းဆီးသတ်ဖြတ်ညစပ် မိုက်တွင်း မနက်ရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သတိပေး လိုက်သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သူ၏ တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ထိုသို့ သတိပေးလိုက်ခြင်းဖြစ်သည်။

“ခင်ဗျားတို့ရဲ့စစ်ပညာနဲ့ကြိုးစားမှု့ကိုလေးစားပါတယ်။ဒါပယ်မဲ့ လူကြီးမင်းတို့က သေချာပေါက်ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်းပီသအောင်ကြိုးစားခြင်းကသာ သင်တို့ရဲ့တစ်ခုတည်းသောအကောင်းဆုံးရွေးချယ်စရာဖြစ်ပါလိမ့်မည်” ဟု AA စစ်ဦးစီးချုပ်က ရေးသားထားသည်။

ထို့ပြင် “တပ်အချင်းချင်း တိုက်မနိုင်လို့ ဘာလက်နက်မှ မရှိတဲ့ အပြစ်မဲ့ ပြည်သူလငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီး သတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီး လက်နက်အားကိုး မိုက်တွင်း နက်နေဦးမယ်ဆိုရင်

မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ခင်ဗျားတို့ရဲ့ ရှင်ကျန်ခဲ့မယ့် သားသမီးမြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထားခဲ့သင့်ပါတယ်”ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆက်လက် သတိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် ရခိုင်ပြည်နယ်တွင် အကြီးအကျယ် စစ်ရှုံးနိမ့်နေချိန် ရခိုင်ပြည်သူများကို ဖမ်းဆီးမှုများ၊ လေယာဉ်စီးခရီးသည်များကို ဖမ်းဆီးထားခြင်း၊ အဝေးပြေးကားပေါ်မှ ရခိုင်သွားမည့် ပြည်သူနှင့်လူငယ်များကို ဖမ်းဆီး စစ်ဆေးခြင်းများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
မင္းေအာင္လွိုင္ႏွင့္ ဗိုလ္ခ်ဳပ္ႀကီးမ်ား ေသခ်ာေပါက္ စစ္ရႈံးေနၿပီျဖစ္ၿပီး အျပစ္မဲ့ ျပည္သူႏွင့္လူငယ္မ်ားကို ဖမ္းဆီးသတ္ျဖတ္ မိုက္တြင္းမနက္ရန္ AA စစ္ဦးစီးခ်ဳပ္ သတိေပး

ေဖေဖာ္ဝါရီ ၂၆

အၾကမ္းဖက္ မင္းေအာင္လွိုင္ႏွင့္ ဗိုလ္ခ်ဳပ္ႀကီးမ်ား စစ္ရႈံးၿပီး စစ္မနိုင္ေတာ့သည့္အခ်ိန္တြင္ အျပစ္မဲ့ ျပည္သူႏွင့္လူငယ္မ်ားကို ဖမ္းဆီးသတ္ျဖတ္ညစပ္ မိုက္တြင္း မနက္ရန္ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္နိုင္က သတိေပး လိုက္သည္။

AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္နိုင္က သူ၏ တြစ္တာလူမႈကြန္ရက္မွတစ္ဆင့္ ထိုသို႔ သတိေပးလိုက္ျခင္းျဖစ္သည္။

“ခင္ဗ်ားတို႔ရဲ့စစ္ပညာနဲ႔ႀကိဳးစားမႈ႔ကိုေလးစားပါတယ္။ဒါပယ္မဲ့ လူႀကီးမင္းတို႔က ေသခ်ာေပါက္ရႈံးေနၿပီျဖစ္လို႔ အရႈံးသမားေကာင္းပီသေအာင္ႀကိဳးစားျခင္းကသာ သင္တို႔ရဲ့တစ္ခုတည္းေသာအေကာင္းဆုံးေရြးခ်ယ္စရာျဖစ္ပါလိမ့္မည္” ဟု AA စစ္ဦးစီးခ်ဳပ္က ေရးသားထားသည္။

ထို႔ျပင္ “တပ္အခ်င္းခ်င္း တိုက္မနိုင္လို႔ ဘာလက္နက္မွ မရွိတဲ့ အျပစ္မဲ့ ျပည္သူလငယ္ေတြကို ပစ္မွတ္ထား ဖမ္းဆီး သတ္ျဖတ္ ညစ္လုံးစုံနဲ႔ ဆက္ၿပီး လက္နက္အားကိုး မိုက္တြင္း နက္ေနဦးမယ္ဆိုရင္

မင္းတို႔ရဲ့ ဂုဏ္သိကၡာကို ထည့္မစဥ္းစားရင္ေတာင္ ခင္ဗ်ားတို႔ရဲ့ ရွင္က်န္ခဲ့မယ့္ သားသမီးေျမးျမစ္ေတြအတြက္ သိကၡာနည္းနည္းခ်န္ထားခဲ့သင့္ပါတယ္”ဟု AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ ထြန္းျမတ္နိုင္က ဆက္လက္ သတိေပးထားသည္။

အၾကမ္းဖက္စစ္ေကာင္စီက လက္ရွိတြင္ ရခိုင္ျပည္နယ္တြင္ အႀကီးအက်ယ္ စစ္ရႈံးနိမ့္ေနခ်ိန္ ရခိုင္ျပည္သူမ်ားကို ဖမ္းဆီးမႈမ်ား၊ ေလယာဥ္စီးခရီးသည္မ်ားကို ဖမ္းဆီးထားျခင္း၊ အေဝးေျပးကားေပၚမွ ရခိုင္သြားမည့္ ျပည္သူႏွင့္လူငယ္မ်ားကို ဖမ္းဆီး စစ္ေဆးျခင္းမ်ား ဆက္တိုက္ လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *