ကြိုက်သွားပီ…တပြည်လုံးက…ဒါမျိုးကို လိုချင်နေတာ

ကြိုက်သွားပီ…တပြည်လုံးက…ဒါမျိုးကို လိုချင်နေတာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့

အမိန့်ကြော်ငြာ စာအမှတ်(၀၁/၂၀၂၄)

၁၃၈၅ ခုနှစ်၊ တပို့တွဲလပြည့် ၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်

“အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းလုပ်ငန်းများတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုရန်တားမြစ်မိန့် ”

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ(၃) ပုဒ်မခွဲ(ခ) ပုဒ်မခွဲငယ်(၁၃)၊ (၁၅)၊ (၁၆)တွင် ဖော်ပြထားသော အကြမ်းဖက်မှု ဆိုင်ရာပြစ်မှုများအား တားဆီးနှိမ်နှင်းရန်ရည်ရွယ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ဤအမိန့်ကို ထုတ်ပြန် ကြေညာလိုက်သည်။

၁။ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်း စစ်ရေးရှုံးနိမ့်မှုများ ကြုံတွေ့နေရ၍ ပြည်သူများ ကို အကြမ်းဖက်မှုများတွင် အတင်းအဓမ္မပါဝင်စေခိုင်းရန်နှင့် စစ်ပွဲများတွင် လူသားဒိုင်းများ အဖြစ် စေခိုင်းရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင် အတည်ပြု အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

၂။ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြိုးပမ်း နေသည့် တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်၍ ဥပဒေပြဌာန်းခြင်း အာဏာတည်ခြင်း ဆောင်ရွက်ရန် အခွင့်အာဏာမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကြေညာခဲ့သည်။

၃။ အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့မှ ပြည်သူများကို ပေါ်တာဆွဲခြင်း အတင်းအဓမ္မဖမ်းဆီးခြင်း စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်း သင်တန်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန်ရာရောက်သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် တားမြစ်မိန့် ထုတ်ပြန်လိုက်သည်။

၄။ တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ဥက္ကဌ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့

ႀကိဳက္သြားပီ…တျပည္လုံးက…ဒါမ်ိဳးကို လိုခ်င္ေနတာ

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္

အမ်ိဳးသားညီၫြတ္ေရးအစိုးရ

အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕

အမိန႔္ေၾကာ္ျငာ စာအမွတ္(၀၁/၂၀၂၄)

၁၃၈၅ ခုႏွစ္၊ တပို႔တြဲလျပည့္ ၊ ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၂၄ ရက္

“အၾကမ္းဖက္စစ္အုပ္စု၏ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚျခင္းလုပ္ငန္းမ်ားတြင္ပူးေပါင္းပါဝင္ေဆာင္႐ြက္ျခင္းမျပဳရန္တားျမစ္မိန႔္ ”

အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕သည္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ(၃) ပုဒ္မခြဲ(ခ) ပုဒ္မခြဲငယ္(၁၃)၊ (၁၅)၊ (၁၆)တြင္ ေဖာ္ျပထားေသာ အၾကမ္းဖက္မႈ ဆိုင္ရာျပစ္မႈမ်ားအား တားဆီးႏွိမ္ႏွင္းရန္ရည္႐ြယ္၍ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕မွ ဤအမိန႔္ကို ထုတ္ျပန္ ေၾကညာလိုက္သည္။

၁။ အၾကမ္းဖက္စစ္အုပ္စုသည္ ႏိုင္ငံတစ္ဝွမ္း စစ္ေရးရႈံးနိမ့္မႈမ်ား ႀကဳံေတြ႕ေနရ၍ ျပည္သူမ်ား ကို အၾကမ္းဖက္မႈမ်ားတြင္ အတင္းအဓမၼပါဝင္ေစခိုင္းရန္ႏွင့္ စစ္ပြဲမ်ားတြင္ လူသားဒိုင္းမ်ား အျဖစ္ ေစခိုင္းရန္ ရည္႐ြယ္၍ ျပည္သူ႔စစ္မႈထမ္းဥပေဒကို တရားမဝင္ အတည္ျပဳ အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိသည္။

၂။ အၾကမ္းဖက္စစ္အုပ္စုသည္ ႏိုင္ငံေတာ္အာဏာကို အဓမၼနည္းျဖင့္ ရယူရန္ ႀကိဳးပမ္း ေနသည့္ တရားမဝင္ အၾကမ္းဖက္အဖြဲ႕အစည္းျဖစ္၍ ဥပေဒျပဌာန္းျခင္း အာဏာတည္ျခင္း ေဆာင္႐ြက္ရန္ အခြင့္အာဏာမရွိေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရက ၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔တြင္ ေၾကညာခဲ့သည္။

၃။ အၾကမ္းဖက္စစ္အုပ္စု၏ ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕မွ ျပည္သူမ်ားကို ေပၚတာဆြဲျခင္း အတင္းအဓမၼဖမ္းဆီးျခင္း စစ္မႈထမ္းရန္ဆင့္ေခၚျခင္း သင္တန္းလုပ္ငန္းမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ျခင္းသည္ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပါ အၾကမ္းဖက္မႈမ်ားကို က်ဴးလြန္ရာေရာက္သျဖင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းမျပဳရန္ တားျမစ္မိန႔္ ထုတ္ျပန္လိုက္သည္။

၄။ တားျမစ္မိန႔္ကို လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒႏွင့္အညီ တားဆီးႏွိမ္ႏွင္းအျပစ္ေပးအေရးယူျခင္းမ်ား ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ေၾကညာလိုက္သည္။

ဥကၠဌ

အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဗဟိုအဖြဲ႕

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *