ရွှေဘိုသားတွေ ကြုံးပီဝေ့ (ရုပ်/သံ)

ရွှေဘိုတွင် သီလုံးပျူရွာ(တောင်ပိုင်း)စခန်းကို တော်လှန်ရေးအင်အားစုများ စီးနင်းထား

အောင်ဇေယျ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် သီလုံးပျူရွာ(တောင်ပိုင်း)စခန်းကို တော်လှန်ရေးအင်အားစုများက စီးနင်းထားကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁ဝ နာရီခန့်က

ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာရှိ ပျူစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ ၁၀ မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
ပျူများမှာ စခန်းစွန့်ခွာ ထွက်ပြေးသွား၍ နယ်မြေ ရှင်းလင်းနိုင်ခဲ့ကြောင်း ဗိုလ်မိကျောင်းအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ည ၉ နာရီခန့်တွင် ပျူများက ပြန်လည်ထိုးစစ်ဆင်လာ၍ (၁၅) မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများ၌ စစ်အုပ်စု ထိခိုက်မှုများရှိကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

“သီလုံးရွာမကြီးမှာ သီလုံး ပျူ၊ပန်းရံ ပျူ၊ ဇီးကုန်းပျူ၊ ခွန်တောင်းပျူတွေ အထိုင်ချနေတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကလည်း သီလုံးတောင်ရွာ ပျူ အထိုင်ချစခန်းကို ခြေကုတ်ယူထားတယ်။ ပျူစေားထီးများ တည်နေရာနဲ့ မီတာ(၁၃၀) ခန့်အကွာမှာပဲ နှစ်ဖက် အသင့်နေထားမှာ ရှိတယ်။” ဗိုလ်မိကျောင်းအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ရွှေဘိုနောက်ခြမ်းရှိ ပျူများသည် အရပ်သား ပြည်သူများအား မတရားဖမ်းဆီး၍ သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထိုစစ်ဆင်ရေးကို ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့၊ Shwebo Crocodile၊ မဟာမိတ်ဖြစ်သော ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒပယ)ဇာမဏီဒေါင်း(ဒပယ)၊ Buffalo Soldiers Freedom Force၊ တန(၂) တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သီလုံးရွာပျူစခန်းကို ဇန်နဝါရီ ၂၁ ရက်နှင့် ၂၃ ရက်နေ့များကလည်း တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများပါ ရရှိခဲ့သေးသည်။
ေရႊဘိုတြင္ သီလုံးပ်ဴရြာ(ေတာင္ပိုင္း)စခန္းကို ေတာ္လွန္ေရးအင္အားစုမ်ား စီးနင္းထား

ေအာင္ေဇယ်

စစ္ကိုင္းတိုင္း၊ ေရႊဘိုၿမိဳ႕နယ္တြင္ သီလုံးပ်ဴရြာ(ေတာင္ပိုင္း)စခန္းကို ေတာ္လွန္ေရးအင္အားစုမ်ားက စီးနင္းထားေၾကာင္း သတင္းရရွိသည္။
ေဖေဖာ္ဝါရီ ၂၃ ရက္ နံနက္ ၁ဝ နာရီခန္႔က

ေရႊဘိုၿမိဳ႕နယ္၊ သီလုံးေက်းရြာရွိ ပ်ဴစခန္းအား ဝင္ေရာက္တိုက္ခိုက္ရာ ၁၀ မိနစ္ခန္႔ ပစ္ခတ္မႈျဖစ္ပြားခဲ့ေၾကာင္း ေတာ္လွန္ေရးအင္အားစုမ်ားက ေျပာသည္။
ပ်ဴမ်ားမွာ စခန္းစြန႔္ခြာ ထြက္ေျပးသြား၍ နယ္ေၿမ ရွင္းလင္းနိုင္ခဲ့ေၾကာင္း ဗိုလ္မိေက်ာင္းအဖြဲ႕၏ တာဝန္ရွိသူက ေျပာသည္။

ထို႔အျပင္ ည ၉ နာရီခန္႔တြင္ ပ်ဴမ်ားက ျပန္လည္ထိုးစစ္ဆင္လာ၍ (၁၅) မိနစ္ခန႔္ တိုက္ပြဲျဖစ္ပြားခဲ့သည္။

ထိုတိုက္ပြဲမ်ား၌ စစ္အုပ္စု ထိခိုက္မႈမ်ားရွိေၾကာင္း ေတာ္လွန္ေရးအင္အားစုမ်ားက ေျပာသည္။

“သီလုံးရြာမႀကီးမွာ သီလုံး ပ်ဴ၊ပန္းရံ ပ်ဴ၊ ဇီးကုန္းပ်ဴ၊ ခြန္ေတာင္းပ်ဴေတြ အထိုင္ခ်ေနတယ္။ ကၽြန္ေတာ္တို႔ ေတာ္လွန္ေရးအင္အားစုေတြကလည္း သီလုံးေတာင္ရြာ ပ်ဴ အထိုင္ခ်စခန္းကို ေျခကုတ္ယူထားတယ္။ ပ်ဴေစားထီးမ်ား တည္ေနရာနဲ႔ မီတာ(၁၃၀) ခန႔္အကြာမွာပဲ ႏွစ္ဖက္ အသင့္ေနထားမွာ ရွိတယ္။” ဗိုလ္မိေက်ာင္းအဖြဲ႕၏ တာဝန္ရွိသူက ေျပာသည္။

ေရႊဘိုေနာက္ျခမ္းရွိ ပ်ဴမ်ားသည္ အရပ္သား ျပည္သူမ်ားအား မတရားဖမ္းဆီး၍ သတ္ျဖတ္မႈမ်ား ျပဳလုပ္ေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ထိုစစ္ဆင္ေရးကို ေရႊဘိုၿမိဳ႕နယ္ ျပည္သူ႔လုံျခဳံေရး တပ္ဖြဲ႕၊ Shwebo Crocodile၊ မဟာမိတ္ျဖစ္ေသာ ရွင္းရွင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕၊ ဗိုလ္လင္းေရာင္(ဒပယ)ဇာမဏီေဒါင္း(ဒပယ)၊ Buffalo Soldiers Freedom Force၊ တန(၂) တပ္ေပါင္းစုတို႔ ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

သီလုံးရြာပ်ဴစခန္းကို ဇန္နဝါရီ ၂၁ ရက္ႏွင့္ ၂၃ ရက္ေန႔မ်ားကလည္း ေတာ္လွန္ေရးအင္အားစုမ်ားက ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး လက္နက္ခဲယမ္းမ်ားပါ ရရွိခဲ့ေသးသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *