ယို့ယို့…ေခါင္းၾကီးပိုင္းေတြ အခ်င္းခ်င္း ဗ်င္း ကုန္ပီ

ရှမ်းပြည်နယ်စစ်ကောင်စီ အတွင်းရေးမှူး စိုင်းသော်ဝင်းကို ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်မှုဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားစွဲ

ရန်ကုန်၊မေ ၂၉

ရှမ်းပြည်နယ်စစ်ကောင်စီအဖွဲအတွင်းရေးမှူး စိုင်းသော်ဝင်းကို အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်များနှင့်ဆက်စပ်နေ၍ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း ရှမ်းပြည်နယ်ရဲသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ မေ ၂၈ ရက်နေ့လယ်ပိုင်း စိုင်းသော်ဝင်းကို ဖမ်းဆီးသွားခြင်းဖြစ်ပြီး တရားရုံးတွင် ယမန်ချက်ချင်းရယူကာ တောင်ကြီး အမှတ် ၁ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ရှမ်းပြည်နယ်စစ်ကောင်စီ အတွင်းရေးမှူးဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် စိုင်းသော်ဝင်း ဖမ်းဆီးခံရမှုကြောင့် ထွေအုပ်ဝန်ထမ်းများး ကြောက်ရွံထိတ်လန့်နေကြကြောင်း သိရှိရသည်။

စိုင်းသော်ဝင်းသည် ငွေရေးကြေးရေး ခြစားခြင်း၊ လူမှုရေးဖောက်ပြန်ခြင်းတိုကြောင့် ဌာနအတွင်း နာမည်ဆိုးဖြင့် ကျော်ကြားသူလည်းဖြစ်သည်ဟု သိရှိရသည်။

ရွမ္းျပည္နယ္စစ္ေကာင္စီ အတြင္းေရးမႉး စိုင္းေသာ္ဝင္းကို က်ားျဖန႔္လုပ္ငန္းမ်ားႏွင့္ ဆက္စပ္မႈျဖင့္ စစ္ေကာင္စီက ဖမ္းဆီးတရားစြဲ

ရန္ကုန္၊ေမ ၂၉

ရွမ္းျပည္နယ္စစ္ေကာင္စီအဖြဲအတြင္းေရးမႉး စိုင္းေသာ္ဝင္းကို အြန္လိုင္းေငြလိမ္ က်ားျဖန႔္လုပ္ငန္မ်ားႏွင့္ဆက္စပ္ေန၍ အၾကမ္းဖက္စစ္ေကာင္စီက ဖမ္းဆီးလိုက္ေၾကာင္း ရွမ္းျပည္နယ္ရဲသတင္းရင္းျမစ္က ေျပာသည္။

ယမန္ေန႔ ေမ ၂၈ ရက္ေန႔လယ္ပိုင္း စိုင္းေသာ္ဝင္းကို ဖမ္းဆီးသြားျခင္းျဖစ္ၿပီး တရား႐ုံးတြင္ ယမန္ခ်က္ခ်င္းရယူကာ ေတာင္ႀကီး အမွတ္ ၁ ရဲစခန္းတြင္ ထိန္းသိမ္းထားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္စစ္ေကာင္စီ အတြင္းေရးမႉးျဖစ္ေသာ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး၊ ဒုတိယၫႊန္ၾကား ေရးမႉးခ်ဳပ္ စိုင္းေသာ္ဝင္း ဖမ္းဆီးခံရမႈေၾကာင့္ ေထြအုပ္ဝန္ထမ္းမ်ားး ေၾကာက္႐ြံထိတ္လန႔္ေနၾကေၾကာင္း သိရွိရသည္။

စိုင္းေသာ္ဝင္းသည္ ေငြေရးေၾကးေရး ျခစားျခင္း၊ လူမႈေရးေဖာက္ျပန္ျခင္းတိုေၾကာင့္ ဌာနအတြင္း နာမည္ဆိုးျဖင့္ ေက်ာ္ၾကားသူလည္းျဖစ္သည္ဟု သိရွိရသည္။