Breaking News- ေ႐ႊေစ်း နဲ႔ ေဒၚလာ စံခ်ိန္တင္ျမင့္တက္သြားျပန္ပီ

Breaking News- အခေါက်ရွှေဈေး ၅၆ သိန်းကျော်သွားပြီး အမေရိကန်တစ်ဒေါ်လာ ၄၆၀၀ နီးပါးအထိမြင့်တက်လာ

ရန်ကုန်၊ မေ ၂၉

ပြည်တွင်းစီးပွားရေးဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၆ သိန်းကျော်အထိ စံချိန် ထပ်မံချိုးသွားပြီး အမေရိကန်တစ်ဒေါ်လာလျှင်ငွေကျပ် ၄၆၀၀ နီးပါးအထိ ရောက်ရှိလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“အရွက်(အမေရိကန်ဒေါ်လာ)ဈေးက ၄၅၆၀ ကနေ ၄၅၈၀ အကြား ညှိနှိုင်းပြီးရောင်းနေတယ်။ ၄၆၀၀ နီးပါး လောက်အထိကပ်လာတယ်။ အရွက်အဝယ်အရမ်းများတယ်။ ရောင်းတဲ့သူလည်း ထုတ်ရောင်းတယ်။ ဝယ်တဲ့လူလည်း ဝယ်တယ်။ ညှိနှိုင်းရောင်းကြတာမျိုး” ဟု ရန်ကုန်အခြေစိုက် လက်ကြီးနိုင်ငံခြားငွေလဲဒိုင်က ပြောဆိုသည်။

အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာမူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၆ သိန်းအထိ ရောက်ရှိနေပြီး အရောင်းနည်းပါးကြောင်း၊ အဝယ်များပြီး ဈေးကွက်အခြေအနေ မတည်မငြိမ် ဖြစ်နေကြောင်း သိရှိသည်။

“ဈေးကတော့ အတော်ကို တက်နေတယ်။ အတော်များများ မရောင်းကြဘူး။ ဈေးတွေသာဖြစ်နေတာ အရောင်းရပ်နေတယ်။ အဝယ်ကတော့ အများကြီး ဆင်းတယ်။ ရောင်းမယ့် ရွှေပျောက်နေတာ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

လက်ရှိ စစ်ကောင်စီက ရွှေဈေးကွက်နှင့် ဒေါ်လာ ဝယ်ရောင်း အဖြစ် ကျော်စောသူများကို လိုက်လံမေးမြန်း ခေါ်ဆောင်ရန် ဆက်သွယ်မှုများရှိလာပြီး ဖမ်းဆီးမှုများရှိလာနိုင်၍ ရွှေကုန်သည်နှင့်ဒေါ်လာဝယ်ရောင်းများ တိမ်းရှောင် နေကြကြောင်း သိရှိရသည်။

Breaking News- အေခါက္ေ႐ႊေစ်း ၅၆ သိန္းေက်ာ္သြားၿပီး အေမရိကန္တစ္ေဒၚလာ ၄၆၀၀ နီးပါးအထိျမင့္တက္လာ

ရန္ကုန္၊ ေမ ၂၉

ျပည္တြင္းစီးပြားေရးေစ်းကြက္တြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္ ၅၆ သိန္းေက်ာ္အထိ စံခ်ိန္ ထပ္မံခ်ိဳးသြားၿပီး အေမရိကန္တစ္ေဒၚလာလွ်င္ေငြက်ပ္ ၄၆၀၀ နီးပါးအထိ ေရာက္ရွိလာေၾကာင္း ေစ်းကြက္အတြင္းမွ စုံစမ္းသိရွိရသည္။

“အ႐ြက္(အေမရိကန္ေဒၚလာ)ေစ်းက ၄၅၆၀ ကေန ၄၅၈၀ အၾကား ညႇိႏႈိင္းၿပီးေရာင္းေနတယ္။ ၄၆၀၀ နီးပါး ေလာက္အထိကပ္လာတယ္။ အ႐ြက္အဝယ္အရမ္းမ်ားတယ္။ ေရာင္းတဲ့သူလည္း ထုတ္ေရာင္းတယ္။ ဝယ္တဲ့လူလည္း ဝယ္တယ္။ ညႇိႏႈိင္းေရာင္းၾကတာမ်ိဳး” ဟု ရန္ကုန္အေျခစိုက္ လက္ႀကီးႏိုင္ငံျခားေငြလဲဒိုင္က ေျပာဆိုသည္။

အေမရိကန္ေဒၚလာတန္ဖိုးျမင့္တက္လာမႈေၾကာင့္ ျပည္တြင္းေ႐ႊေစ်းႏႈန္းမွာမူ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၅၆ သိန္းအထိ ေရာက္ရွိေနၿပီး အေရာင္းနည္းပါးေၾကာင္း၊ အဝယ္မ်ားၿပီး ေစ်းကြက္အေျခအေန မတည္မၿငိမ္ ျဖစ္ေနေၾကာင္း သိရွိသည္။

“ေစ်းကေတာ့ အေတာ္ကို တက္ေနတယ္။ အေတာ္မ်ားမ်ား မေရာင္းၾကဘူး။ ေစ်းေတြသာျဖစ္ေနတာ အေရာင္းရပ္ေနတယ္။ အဝယ္ကေတာ့ အမ်ားႀကီး ဆင္းတယ္။ ေရာင္းမယ့္ ေ႐ႊေပ်ာက္ေနတာ” ဟု ရန္ကုန္ေ႐ႊကုန္သည္တစ္ဦးက ဆိုသည္။

လက္ရွိ စစ္ေကာင္စီက ေ႐ႊေစ်းကြက္ႏွင့္ ေဒၚလာ ဝယ္ေရာင္း အျဖစ္ ေက်ာ္ေစာသူမ်ားကို လိုက္လံေမးျမန္း ေခၚေဆာင္ရန္ ဆက္သြယ္မႈမ်ားရွိလာၿပီး ဖမ္းဆီးမႈမ်ားရွိလာႏိုင္၍ ေ႐ႊကုန္သည္ႏွင့္ေဒၚလာဝယ္ေရာင္းမ်ား တိမ္းေရွာင္ ေနၾကေၾကာင္း သိရွိရသည္။