ဝိုး အျမန္လမ္း ေနျပည္ေတာ္နားေတာင္ေရာက္လာပီ

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၄၄ တွင် ကင်းလှည့်နေသော ရဲကားကို တိုက်ခိုက်မှု ရဲ ၃ ဦးသေ ဆုံးပြီး ၆ ဦး ဒဏ်ရာရကာ ရဲကားမီးလောင်ပျက်စီး

ရန်ကုန်၊ မေ ၂၉

ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၄၄ တွင် ကင်းလှည့်နေသော ရဲကားကို တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေ ဆုံးပြီး ရဲ ၆ ဦး ဒဏ်ရာရကာ ရဲကားမီးလောင်ပျက်စီးသွားကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန် တောင်ငူမြို့နယ်၊ ခပေါင်းချောင်း တောင်ဘက်ကမ်း၊ အမြန်လမ်းမကြီး ၊ အုတ်တွင်းမြို့နယ်၊ ပိတောက်ခင်ကျေးရွာနှင့် ကြက်တက်ညောင်ပင်ကျေးရွာအကြား တော်လှန်ရေးတပ်များက ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ကင်းလှည့်ရဲကား တစ်စီးရောက်ရှိလာကြောင်း၊ အဆိုပါ ရဲကားကို ပစ်ခတ်ရာ ရဲ ၃ ဦး မျက်မြင် သေဆုံးသွားပြီး ရဲ ၆ ဦး ပြင်းထန်ဒဏ်ရာများရရှိကြောင်း၊ ရဲကားပါ မီးလောင်သွားကြောင်း သိရှိရသည်။

“မိုင်တိုင်အမှတ် ၁၄၄ မှာ ကင်းပုန်းဝပ်စောင့်ဆိုင်းနေတုန်း ကင်းလှည့်ကားကို ဝိုင်းဝန်းပစ်ခတ်ရာမှာ ရဲ ၃ ဦး မျက်မြင်သေဆုံးပါတယ်။ ရဲ ၆ ဦး အပြင်းအထန်ဒဏ်ရာရပါတယ်။ ရဲကားမီးလောင်သွားတယ်။ အဲဒါပြီးတော့ ဇီးပင်သာရဲကင်းနဲ့ ဗောဓိကုန်းရဲကင်းက စစ်ကူ ရဲကားတွေရောက်လာလို့ တော်လှန်ရေးတပ်တွေ ပြန်လည် ဆုတ်ခွာခဲ့ပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ပဲခူးရိုးမရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် အမြန်လမ်းပေါ်တွင် သွားလာမှုများကို သတိပေးချက်များ ထုတ်ပြန်ထားပြီးဖြစ်၍ ပြည်သူများအနေဖြင့် လိုက်နာကြရန် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က အမြန်လမ်းတွင် စစ်ဆေးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

ရန္ကုန္-မႏၲေလးအျမန္လမ္း၊ မိုင္တိုင္အမွတ္ ၁၄၄ တြင္ ကင္းလွည့္ေနေသာ ရဲကားကို တိုက္ခိုက္မႈ ရဲ ၃ ဦးေသ ဆုံးၿပီး ၆ ဦး ဒဏ္ရာရကာ ရဲကားမီးေလာင္ပ်က္စီး

ရန္ကုန္၊ ေမ ၂၉

ရန္ကုန္-မႏၲေလးအျမန္လမ္း၊ မိုင္တိုင္အမွတ္ ၁၄၄ တြင္ ကင္းလွည့္ေနေသာ ရဲကားကို တိုက္ခိုက္ရာ ရဲတပ္ဖြဲ႕ဝင္ ၃ ဦးေသ ဆုံးၿပီး ရဲ ၆ ဦး ဒဏ္ရာရကာ ရဲကားမီးေလာင္ပ်က္စီးသြားေၾကာင္း ေတာင္ငူခ႐ိုင္ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ေမလ ၂၈ ရက္ေန႔ မြန္းလြဲ ၂ နာရီေက်ာ္အခ်ိန္ ေတာင္ငူၿမိဳ႕နယ္၊ ခေပါင္းေခ်ာင္း ေတာင္ဘက္ကမ္း၊ အျမန္လမ္းမႀကီး ၊ အုတ္တြင္းၿမိဳ႕နယ္၊ ပိေတာက္ခင္ေက်း႐ြာႏွင့္ ၾကက္တက္ေညာင္ပင္ေက်း႐ြာအၾကား ေတာ္လွန္ေရးတပ္မ်ားက ကင္းပုန္းဝပ္ေစာင့္ဆိုင္းေနစဥ္ ကင္းလွည့္ရဲကား တစ္စီးေရာက္ရွိလာေၾကာင္း၊ အဆိုပါ ရဲကားကို ပစ္ခတ္ရာ ရဲ ၃ ဦး မ်က္ျမင္ ေသဆုံးသြားၿပီး ရဲ ၆ ဦး ျပင္းထန္ဒဏ္ရာမ်ားရရွိေၾကာင္း၊ ရဲကားပါ မီးေလာင္သြားေၾကာင္း သိရွိရသည္။

“မိုင္တိုင္အမွတ္ ၁၄၄ မွာ ကင္းပုန္းဝပ္ေစာင့္ဆိုင္းေနတုန္း ကင္းလွည့္ကားကို ၀ိုင္းဝန္းပစ္ခတ္ရာမွာ ရဲ ၃ ဦး မ်က္ျမင္ေသဆုံးပါတယ္။ ရဲ ၆ ဦး အျပင္းအထန္ဒဏ္ရာရပါတယ္။ ရဲကားမီးေလာင္သြားတယ္။ အဲဒါၿပီးေတာ့ ဇီးပင္သာရဲကင္းနဲ႔ ေဗာဓိကုန္းရဲကင္းက စစ္ကူ ရဲကားေတြေရာက္လာလို႔ ေတာ္လွန္ေရးတပ္ေတြ ျပန္လည္ ဆုတ္ခြာခဲ့ပါတယ္” ဟု ေတာ္လွန္ေရး သတင္းရင္းျမစ္က ေျပာဆိုသည္။

ပဲခူး႐ိုးမရွိ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္အေနျဖင့္ အျမန္လမ္းေပၚတြင္ သြားလာမႈမ်ားကို သတိေပးခ်က္မ်ား ထုတ္ျပန္ထားၿပီးျဖစ္၍ ျပည္သူမ်ားအေနျဖင့္ လိုက္နာၾကရန္ ေတာ္လွန္ေရး သတင္းရင္းျမစ္က ေျပာဆိုသည္။

ဓာတ္ပုံ- စစ္ေကာင္စီ လက္ေအာက္ခံ ရဲတပ္ဖြဲ႕က အျမန္လမ္းတြင္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနစဥ္။ (ပုံအေဟာင္းျဖစ္ပါသည္။)