ဝိုင္းေမာ္ၿမိဳ႕အိတ္ထဲေရာက္ေတာ့မယ္

ဝိုင်းမော်မြို့နယ်ရှိ ၊ နောင်စီပေါရွာ စစ်တပ်စခန်းကို KIA က တိုက်ခိုက်သိမ်း ပိုက်ပြီး ဝိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ တပ်ရင်းကို တိုက်ခိုက်နေ

မေ ၂၉ ရက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ၊ နောင်စီပေါရွာ စစ်တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီး ခလရ ၅၈ တပ်ရင်းကို တိုက်ခိုက်နေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၈ ရက်နေ့ နံနက်အစောပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ နောင်စီပေါကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာတွင် နောင်စီပေါရွာ စစ်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

“နောင်စီပေါကျေးရွာစစ်တပ်စခန်းက နာရီပိုင်းလောက်ပဲကြာတယ်။ မနေ့မနက်အစောပိုင်းမှာ ဝင်တိုက်ပြီးတော့ ၈ နာရီခွဲလောက်မှာ စခန်းထဲဝင်ပြီး မနက် ၁၀ နာရီလောက်မှာ အပြီးသတ်သိမ်းပိုက်နိုင်တယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မေလ ၂၈ ရက်နေ့ ညပိုင်းမှစတင်၍ ဝိုင်းမော်မြို့စောင့်တပ်တစ်ခုဖြစ်သော ခလရ ၅၈ ကို KIA ဦးဆောင်သော တပ်များက ဝင်ရောက်တိုက်ခိုက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းအထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

“မနေ့ည ၉ နာရီလောက်မှာ ခလရ ၅၈ ကို ဝင်တွယ်နေကြတာ။အခုထက်ထိတော့ တိုက်ပွဲဖြစ်နေတုန်းပဲလို့ သိရတယ်။ စခန်းတော့ မသိမ်းနိုင်သေးဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့မှစတင်ခဲ့သော စစ်ဆင်ရေးများအတွင်း စစ်ကောင်စီ၏ တပ်စခန်း ၁၀၀ ကျော်ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။

၀ိုင္းေမာ္ၿမိဳ႕နယ္ရွိ ၊ ေနာင္စီေပါ႐ြာ စစ္တပ္စခန္းကို KIA က တိုက္ခိုက္သိမ္း ပိုက္ၿပီး ၀ိုင္းေမာ္ၿမိဳ႕ေစာင့္တပ္ ခလရ ၅၈ တပ္ရင္းကို တိုက္ခိုက္ေန

ေမ ၂၉ ရက္

ကခ်င္ျပည္နယ္၊ ၀ိုင္းေမာ္ၿမိဳ႕နယ္ရွိ ၊ ေနာင္စီေပါ႐ြာ စစ္တပ္စခန္းကို KIA က တိုက္ခိုက္သိမ္းပိုက္ၿပီး ခလရ ၅၈ တပ္ရင္းကို တိုက္ခိုက္ေနေၾကာင္း KIA ေရွ႕တန္းသတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ေမလ ၂၈ ရက္ေန႔ နံနက္အေစာပိုင္းတြင္ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ေနာင္စီေပါေက်း႐ြာရွိ စစ္ေကာင္စီတပ္စခန္းကို KIA ဦးေဆာင္ေသာ ေတာ္လွန္ေရးတပ္မ်ားက ဝင္ေရာက္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ တိုက္ခိုက္မႈအၿပီး နာရီပိုင္းအၾကာတြင္ ေနာင္စီေပါ႐ြာ စစ္တပ္စခန္းကို သိမ္းပိုက္ရရွိခဲ့ေၾကာင္း သိရွိရသည္။

“ေနာင္စီေပါေက်း႐ြာစစ္တပ္စခန္းက နာရီပိုင္းေလာက္ပဲၾကာတယ္။ မေန႔မနက္အေစာပိုင္းမွာ ဝင္တိုက္ၿပီးေတာ့ ၈ နာရီခြဲေလာက္မွာ စခန္းထဲဝင္ၿပီး မနက္ ၁၀ နာရီေလာက္မွာ အၿပီးသတ္သိမ္းပိုက္ႏိုင္တယ္” ဟု KIA သတင္းရင္းျမစ္က ေျပာဆိုသည္။

ထို႔ျပင္ ေမလ ၂၈ ရက္ေန႔ ညပိုင္းမွစတင္၍ ၀ိုင္းေမာ္ၿမိဳ႕ေစာင့္တပ္တစ္ခုျဖစ္ေသာ ခလရ ၅၈ ကို KIA ဦးေဆာင္ေသာ တပ္မ်ားက ဝင္ေရာက္တိုက္ခိုက္လ်က္ရွိၿပီး ယေန႔ နံနက္ပိုင္းအထိ တိုက္ပြဲမ်ားျဖစ္ပြားေနဆဲျဖစ္ေၾကာင္း သိရွိရသည္။

“မေန႔ည ၉ နာရီေလာက္မွာ ခလရ ၅၈ ကို ဝင္တြယ္ေနၾကတာ။အခုထက္ထိေတာ့ တိုက္ပြဲျဖစ္ေနတုန္းပဲလို႔ သိရတယ္။ စခန္းေတာ့ မသိမ္းႏိုင္ေသးဘူး” ဟု KIA သတင္းရင္းျမစ္က ေျပာဆိုသည္။

ကခ်င္ျပည္နယ္တြင္ မတ္လ ၇ ရက္ေန႔မွစတင္ခဲ့ေသာ စစ္ဆင္ေရးမ်ားအတြင္း စစ္ေကာင္စီ၏ တပ္စခန္း ၁၀၀ ေက်ာ္ကို KIA ဦးေဆာင္ေသာ ေတာ္လွန္ေရးတပ္မ်ားက သိမ္းပိုက္ရရွိထားေၾကာင္း သိရွိရသည္။