ေျမာက္ခင္းရန္း……ၾကားရတာ နားဝင္ခ်ိဳလိုက္တာ

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၂၈

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ ပျူစောထီးများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၆ ရက်နေ့တွင် မြောက်ခင်ရန်းရွာရှိ ပျူစောထီးများကို ဂန့်ဂေါခရိုင် ပကဖနှင့် ဂန့်ဂေါ ခရိုင် တပ်ရင်းများ ပူးပေါင်း၍ ရော့ကတ် ဒုံးကျည် ၂၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အထိအခိုက် အခြေအနေတော့ မသိရသေးပါဘူး။ ပျူရွာထဲကိုတော့ အကုန်နီးပါး ကျရောက် ပေါက်ကွဲခဲ့ပါတယ်” ဟု ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ရော့ကတ် ဒုံးကျည်များကို ဂန့်ဂေါ ခရိုင် ထုတ်လုပ်ရေး အဖွဲ့များက ထုတ်လုပ်ထားခြင်းဖြစ်ပြီး တော်လှန်ရေး အဖွဲ့များ ကိုယ်ပိုင် လက်နက် ထုတ်လုပ်ရေးများကို စနစ်တကျ လုပ်ဆောင်လာနိုင်ပြီ ဖြစ်ကာ ဒုံးကျည်တွေထိ ထုတ်လုပ်နိုင်လာပြီ ဖြစ်ကြောင်း ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

ဂန႔္ေဂါၿမိဳ႕နယ္၊ ေျမာက္ခင္ရန္း႐ြာရွိ ပ်ဴေစာထီးမ်ားကို ေရာ့ကတ္မ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္

ရန္ကုန္၊ ေမ ၂၈

မေကြးတိုင္း၊ ဂန႔္ေဂါၿမိဳ႕နယ္၊ ေျမာက္ခင္ရန္း႐ြာရွိ ပ်ဴေစာထီးမ်ားကို ေရာ့ကတ္မ်ားျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ေၾကာင္း ဂန္႔ေဂါခ႐ိုင္အမွတ္ ၁ တပ္ရင္းမွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။

ေမလ ၂၆ ရက္ေန႔တြင္ ေျမာက္ခင္ရန္း႐ြာရွိ ပ်ဴေစာထီးမ်ားကို ဂန႔္ေဂါခ႐ိုင္ ပကဖႏွင့္ ဂန႔္ေဂါ ခ႐ိုင္ တပ္ရင္းမ်ား ပူးေပါင္း၍ ေရာ့ကတ္ ဒုံးက်ည္ ၂၈ လုံးျဖင့္ ပစ္ခတ္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အထိအခိုက္ အေျခအေနေတာ့ မသိရေသးပါဘူး။ ပ်ဴ႐ြာထဲကိုေတာ့ အကုန္နီးပါး က်ေရာက္ ေပါက္ကြဲခဲ့ပါတယ္” ဟု ဂန္႔ေဂါခ႐ိုင္အမွတ္ ၁ တပ္ရင္းမွ တာဝန္ရွိသူ တစ္ဦးက ေျပာဆိုသည္။

အဆိုပါ ေရာ့ကတ္ ဒုံးက်ည္မ်ားကို ဂန႔္ေဂါ ခ႐ိုင္ ထုတ္လုပ္ေရး အဖြဲ႕မ်ားက ထုတ္လုပ္ထားျခင္းျဖစ္ၿပီး ေတာ္လွန္ေရး အဖြဲ႕မ်ား ကိုယ္ပိုင္ လက္နက္ ထုတ္လုပ္ေရးမ်ားကို စနစ္တက် လုပ္ေဆာင္လာႏိုင္ၿပီ ျဖစ္ကာ ဒုံးက်ည္ေတြထိ ထုတ္လုပ္ႏိုင္လာၿပီ ျဖစ္ေၾကာင္း ဂန္႔ေဂါခ႐ိုင္အမွတ္ ၁ တပ္ရင္းမွ တာဝန္ရွိသူ တစ္ဦးက ဆက္လက္ေျပာဆိုသည္။