ဒါမ်ဳိးေတာ့ ၾကိဳက္ပီ…ခ်သာခ်

အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအတွင်း သစ်တောပြုန်းတီးလာ၍ သစ်ဆွဲလမ်းများ မိုင်းဆင်တားဆီးထား၍ မည်သူမျှလာရောက်ခြင်း မပြုလုပ်ရန် တော်လှန်ရေးအဖွဲ့များ သတိပေး

ဇေအောင်/People’s Spring

အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအတွင်း သစ်တောပြုန်းတီးလာ၍ သစ်ဆွဲလမ်းများအားလုံး မိုင်းများဖြင့် တားဆီးထား၍ မည်သူမျှ လာရောက်ခြင်းမပြုလုပ်ရန် တော်လှန်ရေးအဖွဲ့များက သတိပေးသည်။

အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းသည် တော်လှန်ရေး (၃)နှစ်တာကာလအတွင်း သစ်တောပြုန်းတီးမှုကြီး ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ တမလန်းနှင့် ပိတောက်ကဲ့သို့သစ်များမှာ ဘုရားဝင်းတဝိုက်အထိ ပြုန်းတီးသွားပြီး ကျွန်းနှင့် သစ်မာများမှာ လမ်းပန်းသွားလာရေးကောင်းသော နေရာများအထိပါ ပြုန်းတီးကာ တောနက်ပိုင်းတွင်သာ တွေ့နိုင်တော့ကြောင်း တော်လှန်ရေးအဖွဲ့များက မေလ ၂၄ ရက်တွင် အသိပေးသည်။

သဘာဝသယံဇာတ သစ်တောသစ်ပင်ပြုန်းတီးမှုမှ ရရှိလာသောငွေကြေးများသည် ဆင်စခန်းမှ CDM မိသားစုဝင်များနှင့် ဆင်များ၊ ကာကွယ်ရေးအသုံးစရိတ်များ၊ စစ်ဘေးနှင့် မီးဘေးသင့်ပြည်သူများ အစရှိသည့်နေရာများ၌ လိုအပ်ချက်များအား အသုံးပြုနိုင်ခြင်းမရှိကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

သစ်များကို မသိမသာခိုးထုတ်သည်မှစ၍ စစ်ဘေးရှောင်၊ ကာကွယ်ရေး အစရှိသည့် အကြောင်းအမျိုးမျိုးဖြင့် ထုတ်ယူခြင်းများ ရှိခဲ့ကြောင်း KLG PDF အဖွဲ့ထံမှ သိရသည်။

ထိုငွေကြေးများသည် ပွဲစားများနှင့် အဂတိ လိုက်စားသည့် ဝန်ထမ်းများထံရောက်ရှိသွားပြီး နောက်ဆက်တွဲဆိုးကျိုးအဖြစ် လောင်းကစားဝိုင်းများပေါများလာခြင်း၊ မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲလာခြင်း၊ အဂတိများစွာ ထွန်းကားလာခြင်းများ ဖြစ်ပွားလာကြောင်း တော်လှန်ရေးအဖွဲ့အစည်းများက ဆိုသည်။

ထို့ကြောင့် ဧပြီလလယ်မှစ၍ ကနီမှ ကျောက်လုံးကြီးဆရာတော်၊ ကနီ၊ ယင်းမာပင်မှ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များမှ ခေါင်းဆောင်နှင့် တာဝန်ရှိသူများ၊ CDM ဆင်ခေါင်းဆောင်တို့ပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့ကာ စနစ်တကျထိန်းသိမ်းစောင့်ရှောက်နေကြောင်း တော်လှန်ရေးအဖွဲ့များက အသိပေးသည်။

ထို့ကြောင့် သစ်တောကြိုးဝိုင်းအတွင်းရှိ သစ်ဆွဲလမ်းများအားလုံးကို မိုင်းများဖြင့်တားဆီးထားမည်ဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် မည်သည့်အကြောင်းနှင့်မျှ အလောင်းတော်ကဿပနယ်မြေကြိုးဝိုင်းအတွင်း လုံးဝလာရောက်ခြင်းမပြုရန်နှင့် ကန့်သတ်နယ်ကြိုးဝိုင်းအတွင်း တစုံတရာထိခိုက်မှုရှိပါက လုံးဝတာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ဟု တော်လှန်ရေးအဖွဲ့များက သတိပေးထားသည်။

သတိပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဒေသတွင်းတော်လှန်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

(အလောင်းတော်ကဿပကြိုးဝိုင်းအတွင်း ယမန်နှစ်အတွင်းက ဖမ်းဆီးရမိခဲ့သော သစ်တင်ကားများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

အေလာင္းေတာ္ကႆပ သစ္ေတာႀကိဳးဝိုင္းအတြင္း သစ္ေတာျပဳန္းတီးလာ၍ သစ္ဆြဲလမ္းမ်ား မိုင္းဆင္တားဆီးထား၍ မည္သူမွ်လာေရာက္ျခင္း မျပဳလုပ္ရန္ ေတာ္လွန္ေရးအဖြဲ႕မ်ား သတိေပး

ေဇေအာင္/People’s Spring

အေလာင္းေတာ္ကႆပ သစ္ေတာႀကိဳးဝိုင္းအတြင္း သစ္ေတာျပဳန္းတီးလာ၍ သစ္ဆြဲလမ္းမ်ားအားလုံး မိုင္းမ်ားျဖင့္ တားဆီးထား၍ မည္သူမွ် လာေရာက္ျခင္းမျပဳလုပ္ရန္ ေတာ္လွန္ေရးအဖြဲ႕မ်ားက သတိေပးသည္။

အေလာင္းေတာ္ကႆပ သစ္ေတာႀကိဳးဝိုင္းသည္ ေတာ္လွန္ေရး (၃)ႏွစ္တာကာလအတြင္း သစ္ေတာျပဳန္းတီးမႈႀကီး ရင္ဆိုင္ႀကဳံေတြ႕ေနရေၾကာင္း၊ တမလန္းႏွင့္ ပိေတာက္ကဲ့သို႔သစ္မ်ားမွာ ဘုရားဝင္းတဝိုက္အထိ ျပဳန္းတီးသြားၿပီး ကြၽန္းႏွင့္ သစ္မာမ်ားမွာ လမ္းပန္းသြားလာေရးေကာင္းေသာ ေနရာမ်ားအထိပါ ျပဳန္းတီးကာ ေတာနက္ပိုင္းတြင္သာ ေတြ႕ႏိုင္ေတာ့ေၾကာင္း ေတာ္လွန္ေရးအဖြဲ႕မ်ားက ေမလ ၂၄ ရက္တြင္ အသိေပးသည္။

သဘာဝသယံဇာတ သစ္ေတာသစ္ပင္ျပဳန္းတီးမႈမွ ရရွိလာေသာေငြေၾကးမ်ားသည္ ဆင္စခန္းမွ CDM မိသားစုဝင္မ်ားႏွင့္ ဆင္မ်ား၊ ကာကြယ္ေရးအသုံးစရိတ္မ်ား၊ စစ္ေဘးႏွင့္ မီးေဘးသင့္ျပည္သူမ်ား အစရွိသည့္​ေနရာမ်ား၌ လိုအပ္ခ်က္မ်ားအား အသုံးျပဳႏိုင္ျခင္းမရွိေၾကာင္း ေတာ္လွန္ေရးအဖြဲ႕မ်ားက ဆိုသည္။

သစ္မ်ားကို မသိမသာခိုးထုတ္သည္မွစ၍ စစ္ေဘးေရွာင္၊ ကာကြယ္ေရး အစရွိသည့္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ထုတ္ယူျခင္းမ်ား ရွိခဲ့ေၾကာင္း KLG PDF အဖြဲ႕ထံမွ သိရသည္။

ထိုေငြေၾကးမ်ားသည္ ပြဲစားမ်ားႏွင့္ အဂတိ လိုက္စားသည့္ ဝန္ထမ္းမ်ားထံေရာက္ရွိသြားၿပီး ေနာက္ဆက္တြဲဆိုးက်ိဳးအျဖစ္ ေလာင္းကစားဝိုင္းမ်ားေပါမ်ားလာျခင္း၊ မူးယစ္ေဆးဝါးမ်ား ေရာင္းဝယ္သုံးစြဲလာျခင္း၊ အဂတိမ်ားစြာ ထြန္းကားလာျခင္းမ်ား ျဖစ္ပြားလာေၾကာင္း ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားက ဆိုသည္။

ထို႔ေၾကာင့္ ဧၿပီလလယ္မွစ၍ ကနီမွ ေက်ာက္လုံးႀကီးဆရာေတာ္၊ ကနီ၊ ယင္းမာပင္မွ ေတာ္လွန္ေရးတပ္ရင္းတပ္ဖြဲ႕မ်ားမွ ေခါင္းေဆာင္ႏွင့္ တာဝန္ရွိသူမ်ား၊ CDM ဆင္ေခါင္းေဆာင္တို႔ပါဝင္သည့္ ေကာ္မတီတစ္ရပ္ဖြဲ႕ကာ စနစ္တက်ထိန္းသိမ္းေစာင့္ေရွာက္ေနေၾကာင္း ေတာ္လွန္ေရးအဖြဲ႕မ်ားက အသိေပးသည္။

ထို႔ေၾကာင့္ သစ္ေတာႀကိဳးဝိုင္းအတြင္းရွိ သစ္ဆြဲလမ္းမ်ားအားလုံးကို မိုင္းမ်ားျဖင့္တားဆီးထားမည္ျဖစ္ၿပီး ေဒသခံျပည္သူမ်ားအေနျဖင့္ မည္သည့္အေၾကာင္းႏွင့္မွ် အေလာင္းေတာ္ကႆပနယ္ေျမႀကိဳးဝိုင္းအတြင္း လုံးဝလာေရာက္ျခင္းမျပဳရန္ႏွင့္ ကန္႔သတ္နယ္ႀကိဳးဝိုင္းအတြင္း တစုံတရာထိခိုက္မႈရွိပါက လုံးဝတာဝန္ယူ ေျဖရွင္းေပးမည္မဟုတ္ဟု ေတာ္လွန္ေရးအဖြဲ႕မ်ားက သတိေပးထားသည္။

သတိေပးထုတ္ျပန္ခ်က္ႏွင့္ပတ္သက္၍ ေဒသတြင္းေတာ္လွန္ေရးအဖြဲ႕မ်ားထံ ဆက္သြယ္ေမးျမန္းထားၿပီး ျပန္လည္ေျဖၾကားျခင္း မရွိေသးေပ။

(အေလာင္းေတာ္ကႆပႀကိဳးဝိုင္းအတြင္း ယမန္ႏွစ္အတြင္းက ဖမ္းဆီးရမိခဲ့ေသာ သစ္တင္ကားမ်ားအား ေတြ႕ရစဥ္။ ဓာတ္ပုံ – CJ)