အရွင္ဖမ္းမိတဲ့ တပ္ရင္းမႉးအတြက္ေတာ့ ဆန္ကုန္သက္သာသြားၿပီ

ဒဏ်ရာများဖြင့်ဖမ်းမိသည့် ခလရ(၁၃၇)တပ်ရင်းမှူး သေဆုံး

ဇော်ထိန်/People’s Spring

တိုက်ပွဲများအတွင်းထွက်ပြေးနေစဉ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက ဒဏ်ရာများဖြင့်ဖမ်းမိထားသည့် မချမ်းဘောမြို့အခြေစိုက် ခလရ(၁၃၇)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးချမ်းဇေဟိန်းအား ဆေးကုသပေးနေစဉ် သေဆုံးသွားကြောင်း KIAနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းအား ပူတာအို KPDFက ပူတာအိုနှင့် ဆွမ်ပရာဘွမ်လမ်းပိုင်းတနေရာ၌ မေလ ၂၇ရက်တွင်ဖမ်းမိခြင်းဟု KIAနှင့် နီးစပ်သူ People’s Springသို့ ပြောသည်။

” ဒဏ်ရာတွေက ပြင်းထန်တော့ ဆေးကုပေးလည်း မရတော့တာလို့ သိရတယ်။ သူက ပြေးနေရတာဆိုတော့ ကျန်းမာရေးလည်း မကောင်းဘူး”ဟု ၎င်းက ပြောသည်။

ခလရ (၁၃၇)တပ်ရင်းမှူးသည် ဆွမ်ပရာဘွမ်မြို့မှ ခလရ(၄၆)၌ သွားရောက်တိမ်းရှောင်နေရာမှ ခလရ(၄၆)ပါထပ်မံတိုက်ခိုက်ခံရပြီးနောက် ထွက်ပြေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

” လွတ်မလားလို့ပြေးနေရင်းနဲ့ ဖမ်းမိတာ။ တနယ်လုံးကို မြေပြင်ကနေ စိုးမိုးထားတာပါ။ လွတ်လမ်းမရှိပါဘူး”ဟု KIAနှင့် နီးစပ်သူက ပြောသည်။
ဆွမ်ပရာဘွမ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ(၄၆)ကို KIA၊ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF)နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက မေလ ၅ရက်တွင် စီးနင်းတိုက်ခိုက်ခဲ့စဉ် ယင်းတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် အများအပြား ထွက်ပြေးသွားခြင်းဖြစ်သည်။

နောက်ထပ်ဖမ်းမိထားသူများလည်းရှိကြောင်း သတင်းရရှိသော်လည်း အ‌သေးစိတ်မသိရှိရသေးပေ။ ထွက်ပြေးနေသူများကို လိုက်လံဖမ်းဆီးနေကြောင်းလည်း မြေပြင်သတင်းရင်းမြစ်အချို့ကပြောသည်။ယခုအခါ မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းကို KIAနှင့် ပူးပေါင်းတပ်များက စိုးမိုးထားပြီး လက်ကျန်စစ်ကောင်စီစခန်းများကို တိုက်ခိုက်မည်ဖြစ်ကြောင်း သတိပေးထားသည်။

ဒဏ္ရာမ်ားျဖင့္ဖမ္းမိသည့္ ခလရ(၁၃၇)တပ္ရင္းမႉး ေသဆုံး

ေဇာ္ထိန္/People’s Spring

တိုက္ပြဲမ်ားအတြင္းထြက္ေျပးေနစဥ္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA)ႏွင့္ ပူးေပါင္းတပ္မ်ားက ဒဏ္ရာမ်ားျဖင့္ဖမ္းမိထားသည့္ မခ်မ္းေဘာၿမိဳ႕အေျခစိုက္ ခလရ(၁၃၇)တပ္ရင္းမႉး ဒုဗိုလ္မႉးႀကီးခ်မ္းေဇဟိန္းအား ေဆးကုသေပးေနစဥ္ ေသဆုံးသြားေၾကာင္း KIAႏွင့္ နီးစပ္သည့္ သတင္းရင္းျမစ္က ေျပာသည္။

ဒုဗိုလ္မႉးႀကီး ခ်မ္းေဇဟိန္းအား ပူတာအို KPDFက ပူတာအိုႏွင့္ ဆြမ္ပရာဘြမ္လမ္းပိုင္းတေနရာ၌ ေမလ ၂၇ရက္တြင္ဖမ္းမိျခင္းဟု KIAႏွင့္ နီးစပ္သူ People’s Springသို႔ ေျပာသည္။

” ဒဏ္ရာေတြက ျပင္းထန္ေတာ့ ေဆးကုေပးလည္း မရေတာ့တာလို႔ သိရတယ္။ သူက ေျပးေနရတာဆိုေတာ့ က်န္းမာေရးလည္း မေကာင္းဘူး”ဟု ၎က ေျပာသည္။

ခလရ (၁၃၇)တပ္ရင္းမႉးသည္ ဆြမ္ပရာဘြမ္ၿမိဳ႕မွ ခလရ(၄၆)၌ သြားေရာက္တိမ္းေရွာင္ေနရာမွ ခလရ(၄၆)ပါထပ္မံတိုက္ခိုက္ခံရၿပီးေနာက္ ထြက္ေျပးစဥ္ ဖမ္းဆီးခံရျခင္းျဖစ္သည္။

” လြတ္မလားလို႔ေျပးေနရင္းနဲ႔ ဖမ္းမိတာ။ တနယ္လုံးကို ေျမျပင္ကေန စိုးမိုးထားတာပါ။ လြတ္လမ္းမရွိပါဘူး”ဟု KIAႏွင့္ နီးစပ္သူက ေျပာသည္။
ဆြမ္ပရာဘြမ္ၿမိဳ႕အေျခစိုက္ စစ္ေကာင္စီ၏ ခလရ(၄၆)ကို KIA၊ခါကာဘိုျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (KPF)ႏွင့္ KPDF ပူးေပါင္းတပ္ဖြဲ႕မ်ားက ေမလ ၅ရက္တြင္ စီးနင္းတိုက္ခိုက္ခဲ့စဥ္ ယင္းတပ္ရင္းမႉးအပါအဝင္ စစ္ေကာင္စီတပ္သားမ်ားႏွင့္ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္ အမ်ားအျပား ထြက္ေျပးသြားျခင္းျဖစ္သည္။

ေနာက္ထပ္ဖမ္းမိထားသူမ်ားလည္းရွိေၾကာင္း သတင္းရရွိေသာ္လည္း အ‌ေသးစိတ္မသိရွိရေသးေပ။ ထြက္ေျပးေနသူမ်ားကို လိုက္လံဖမ္းဆီးေနေၾကာင္းလည္း ေျမျပင္သတင္းရင္းျမစ္အခ်ိဳ႕ကေျပာသည္။ယခုအခါ ျမစ္ႀကီးနား – ပူတာအိုလမ္းပိုင္းကို KIAႏွင့္ ပူးေပါင္းတပ္မ်ားက စိုးမိုးထားၿပီး လက္က်န္စစ္ေကာင္စီစခန္းမ်ားကို တိုက္ခိုက္မည္ျဖစ္ေၾကာင္း သတိေပးထားသည္။