သြားပါပီဗ်ာ…ကဲ အခုေတာ့ ဘာေျပာမလဲ

ရွှေဈေး မြင့်တက်လို့ မန္တလေးက ရွှေဆိုင်တွေ ရွှေမရောင်းတော့၊ အရောင်း ပိတ်ပြီး အဝယ်သာ ရှိ၊

AN/MFP ၊ မေ- ၂၈

ရွှေဈေးနှုန်း မြင့်တက်နေတာကြောင့် မန္တလေးမြို့ပေါ် အပါအဝင် မန္တလေးတိုင်းထဲက ရွှေဆိုင်တွေ အားလုံးနီးပါး အခေါက်ရွှေ အရောင်း ပိတ်ထားတယ်လို့ မန္တလေးမြို့ခံ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒီနေ့ မေ(၂၈)ရက် နေ့လည်(၁)နာရီမှာ မန္တလေးမြို့ ရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သား ကျပ် (၅၅)သိန်း ဈေးပေါက်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မန္တလေးမြို့ပေါ်ရော၊ နယ်မြို့တွေမှာပါ ရွှေဆိုင်တွေက အခေါက်ရွှေ၊ အတုံးအခဲ ရောင်းချတာ မရှိတော့ဘဲ အရောင်း ရပ်ထားတယ်လို့ ဆိုပါတယ်။

“တစ်ပတ်နီးပါးရှိပြီ ရွှေဆိုင်ကြီးတွေ အကုန်လုံးက အခေါက်ရွှေ အရောင်းကို ရပ်ထားတာ။ ဒီနေ့ နယ်ဆိုင်တွေပါ ရပ်ထားရတယ်။ ဒီနေ့ရောင်း၊ မနက်ဖြန်ရှုံး ဆိုတော့ ဘယ်ဆိုင်မှ မရောင်းရဲဘူးလေ” လို့ မန္တလေးမြို့ခံ ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။

ရွှေဆိုင်တွေမှာ အရောင်းရပ်ပေမယ့် အဝယ်မရပ်ဘဲ ရွှေတစ်ကျပ်သားကို ကျပ်သိန်း(၅၀)ဝန်းကျင်နဲ့ ဝယ်ယူ နေတယ်လို့ ဆိုပါတယ်။လက်ရှိမှာ ပုဂ္ဂလိက ရွှေဆိုင်တွေ သာမက ရွှေလုပ်ငန်းရှင်များ အသင်းရုံးမှာပါ ရွှေအရောင်းအဝယ် ပိတ်ထား တယ်လို့ မြို့ခံ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုကလည်း ရွှေဈေးနှုန်းကို ထိန်းချုပ်နိုင်ဖို့ဆိုပြီး မေ(၂၃)ရက်ကတည်းက မန္တလေးက ရွှေဆိုင်ကြီးတွေကို ရွှေအရောင်း ပိတ်ခိုင်းထားပါတယ်။

စစ်အုပ်စုဟာ ရွှေဈေးနှုန်းတွေ မြင့်တက်လာတိုင်း ဈေးနှုန်းထိန်းချုပ်နိုင်ဖို့ဆိုပြီး ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးတာ၊ ရွှေအရောင်းအဝယ် ပိတ်ခိုင်းတာတွေ လုပ်လေ့ရှိပြီး ပြီးခဲ့တဲ့ လပိုင်းက ရွှေတစ်ကျပ်သား ဈေးနှုန်း ကျပ်သိန်း(၃၀)ကျော်စဉ်ကလည်း ရန်ကုန်နဲ့မန္တလေးက ရွှေလုပ်ငန်းရှင်(၁၅)ဦးခန့်ကို ဖမ်းဆီးစစ်ဆေး ငွေညှစ်တာတွေ လုပ်ခဲ့ပါသေးတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စု အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ကျပ်(၁၅)သိန်းအောက်သာ ရှိခဲ့ပါတယ်။

Mandalay_Free_Press_MFP

ေ႐ႊေစ်း ျမင့္တက္လို႔ မႏၲေလးက ေ႐ႊဆိုင္ေတြ ေ႐ႊမေရာင္းေတာ့၊ အေရာင္း ပိတ္ၿပီး အဝယ္သာ ရွိ၊

AN/MFP ၊ ေမ- ၂၈

ေ႐ႊေစ်းႏႈန္း ျမင့္တက္ေနတာေၾကာင့္ မႏၲေလးၿမိဳ႕ေပၚ အပါအဝင္ မႏၲေလးတိုင္းထဲက ေ႐ႊဆိုင္ေတြ အားလုံးနီးပါး အေခါက္ေ႐ႊ အေရာင္း ပိတ္ထားတယ္လို႔ မႏၲေလးၿမိဳ႕ခံ ေ႐ႊလုပ္ငန္းရွင္ေတြက ေျပာပါတယ္။

ဒီေန႔ ေမ(၂၈)ရက္ ေန႔လည္(၁)နာရီမွာ မႏၲေလးၿမိဳ႕ ေ႐ႊေစ်းကြက္အတြင္း အေခါက္ေ႐ႊ တစ္က်ပ္သား က်ပ္ (၅၅)သိန္း ေစ်းေပါက္တယ္လို႔ ဆိုပါတယ္။

လက္ရွိမွာ မႏၲေလးၿမိဳ႕ေပၚေရာ၊ နယ္ၿမိဳ႕ေတြမွာပါ ေ႐ႊဆိုင္ေတြက အေခါက္ေ႐ႊ၊ အတုံးအခဲ ေရာင္းခ်တာ မရွိေတာ့ဘဲ အေရာင္း ရပ္ထားတယ္လို႔ ဆိုပါတယ္။

“တစ္ပတ္နီးပါးရွိၿပီ ေ႐ႊဆိုင္ႀကီးေတြ အကုန္လုံးက အေခါက္ေ႐ႊ အေရာင္းကို ရပ္ထားတာ။ ဒီေန႔ နယ္ဆိုင္ေတြပါ ရပ္ထားရတယ္။ ဒီေန႔ေရာင္း၊ မနက္ျဖန္ရႈံး ဆိုေတာ့ ဘယ္ဆိုင္မွ မေရာင္းရဲဘူးေလ” လို႔ မႏၲေလးၿမိဳ႕ခံ ေ႐ႊဆိုင္ပိုင္ရွင္ တစ္ဦးက ေျပာပါတယ္။

ေ႐ႊဆိုင္ေတြမွာ အေရာင္းရပ္ေပမယ့္ အဝယ္မရပ္ဘဲ ေ႐ႊတစ္က်ပ္သားကို က်ပ္သိန္း(၅၀)ဝန္းက်င္နဲ႔ ဝယ္ယူ ေနတယ္လို႔ ဆိုပါတယ္။လက္ရွိမွာ ပုဂၢလိက ေ႐ႊဆိုင္ေတြ သာမက ေ႐ႊလုပ္ငန္းရွင္မ်ား အသင္း႐ုံးမွာပါ ေ႐ႊအေရာင္းအဝယ္ ပိတ္ထား တယ္လို႔ ၿမိဳ႕ခံ ေ႐ႊလုပ္ငန္းရွင္ေတြက ဆိုပါတယ္။

အာဏာသိမ္း စစ္အုပ္စုကလည္း ေ႐ႊေစ်းႏႈန္းကို ထိန္းခ်ဳပ္ႏိုင္ဖို႔ဆိုၿပီး ေမ(၂၃)ရက္ကတည္းက မႏၲေလးက ေ႐ႊဆိုင္ႀကီးေတြကို ေ႐ႊအေရာင္း ပိတ္ခိုင္းထားပါတယ္။

စစ္အုပ္စုဟာ ေ႐ႊေစ်းႏႈန္းေတြ ျမင့္တက္လာတိုင္း ေစ်းႏႈန္းထိန္းခ်ဳပ္ႏိုင္ဖို႔ဆိုၿပီး ေ႐ႊလုပ္ငန္းရွင္ေတြကို ေခၚယူစစ္ေဆးတာ၊ ေ႐ႊအေရာင္းအဝယ္ ပိတ္ခိုင္းတာေတြ လုပ္ေလ့ရွိၿပီး ၿပီးခဲ့တဲ့ လပိုင္းက ေ႐ႊတစ္က်ပ္သား ေစ်းႏႈန္း က်ပ္သိန္း(၃၀)ေက်ာ္စဥ္ကလည္း ရန္ကုန္နဲ႔မႏၲေလးက ေ႐ႊလုပ္ငန္းရွင္(၁၅)ဦးခန႔္ကို ဖမ္းဆီးစစ္ေဆး ေငြညႇစ္တာေတြ လုပ္ခဲ့ပါေသးတယ္။

မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ စစ္အုပ္စု အာဏာမသိမ္းခင္က ေ႐ႊတစ္က်ပ္သား က်ပ္(၁၅)သိန္းေအာက္သာ ရွိခဲ့ပါတယ္။

Mandalay_Free_Press_MFP