ပြဲစၿပီ…ေစာခ်စ္သူေရ…လက္ထိပ္နံ႔ေလးလည္းသင္းလို႔

မြဝတီတွင် တရုတ်နိုင်ငံသား လင်မယား ၂ ဦးကို တရုတ်ငွေ ယွမ် ၁ သိန်းဖြင့် ကျားဖြန့်လုပ်ငန်းထံသို့ ရောင်းစားခံရမှု တရုတ်ရဲများက အမှုဖွင့် စုံစမ်းနေ

ရန်ကုန်၊ မေ ၂၈

တရုတ်နိုင်ငံမှ တရုတ်နိုင်ငံသား လင်မယား ၂ ဦးသည် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ကာ အဆိုပါ စုံတွဲသည် မြဝတီဘက်အခြမ်းတွင် တရုတ်ယွမ်ငွေ ၁ သိန်းဖြင့် ကျားဖြန့် လုပ်ငန်းထံသို့ ရောင်းစားခံရနိုင်သည်ဆိုသော သံသယဖြင့် အမှုဖွင့်ကာ တရုတ်ရဲများက စုံစမ်းနေကြောင်း တရုတ်မီဒီယာတချို့က သတင်းဖော်ပြသည်။

တရုတ်နိုင်ငံ၊ ချုံကင်း(Chongqing)မှ တရုတ်နိုင်ငံသား လင်မယား ၂ ဦးသည် မိတ်ဆွေတစ်ဦးက မိတ်ဆက်လာသော စီးပွားရေးကိစ္စဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ ယင်းနောက် ပြန်ပေးဆွဲခံရကာ မြန်မာနိုင်ငံ မြဝတီဘက်အခြမ်းတွင် ရောင်းချခံရလိုက်ရကြောင်း ၊ လက်ရှိအချိန်အထိ တရုတ်နိုင်ငံသို့ ပြန်မရောက်ဘဲ ပျောက်ဆုံး နေကြောင်း၊ ယင်းကိစ္စကို Chongqing ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။

Mr Wang က ၎င်း၏ ညီမဖြစ်သူနှင့်ယောက်ဖတို့ကို ဧပြီလတွင် မိတ်ဆွေတစ်ဦးက စီးပွားရေးကိစ္စ ပြောဆိုလာသဖြင့် ချုံကင်းမှ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ ဧပြီလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံရောက်ရှိခဲ့ပြီး ဧပြီလကုန် တရုတ်နိုင်ငံသို့ ပြန်ရောက်မည်ဟု ပြောဆိုခဲ့ကြောင်း၊ တစ်ပတ်အကြာတွင် ညီမဖြစ်သူက ၎င်းတို့ လင်မယား ၂ ဦး မြန်မာနိုင်ငံတွင် ပိတ်မိနေသည်ဟု မက်ဆေ့ချ်ပို့လာကြောင်း ပြောဆိုသည်။

၎င်း၏ညီမဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့သည် မြဝတီမြို့နယ်၊ အတွင်း ကျားဖြန့် လုပ်ငန်းတစ်ခုတွင် ရောင်းစားခံရထားပြီး အွန်လိုင်းလိမ်လည်မှုများ အတင်းအကျပ် လုပ်ဆောင်ရန် ဖိအားပေးခံနေရကြောင်း Mr Wang က ပြောဆိုသည်။

မြဝတီတွင် ရောင်းစားခံရသော တရုတ်လင်မယား ၂ ဦးသည် တရုတ်ယွမ်ငွေ ၁ သိန်းဖြင့် ရောင်းစားခံလိုက်ရသည်ဟု သံသယများစွာရှိနေပြီး လတ်တလော ကျားဖြန့် လုပ်ငန်းများလုပ်ကိုင်သော နယ်မြေတွင် ပိတ်မိနေ ကြောင်း ဆွေမျိုးဖြစ်သူ Mr Li ကလည်း ပြောဆိုသည်။

“သူတို့ကို ထိန်းသိမ်းထားတယ်။ သူတို့အနေနဲ့ တစ်ပတ်တစ်ကြိမ် ဖုန်းခေါ်လို့ရတယ်။ ဒါပေမယ့် မိသားစုကိစ္စပဲ ပြောလို့ရတယ်။ သူတို့အလုပ်ကြောင်း သူတို့ မပြောရဲဘူး။ သူတို့မှာ စောင့်ရှောက်နေတဲ့လူကြီးမိဘတွေနဲ့ သားသမီးတွေ တရုတ်နိုင်ငံမှာ ကျန်ရစ်ပါတယ်” ဟု Mr Li က ရှင်းပြသည်။

လက်ရှိတွင် တရုတ်နိုင်ငံသား လင်မယား ၂ ဦး ရောင်းစားခံရမှုကို ချုံကင်း ရဲစခန်းထံသို့ တိုင်ကြားထားပြီး ရောင်းစားခံရသည့် လင်မယား ၂ ဦး တရုတ်နိုင်ငံသို့ အမြန်ဆုံး ပြန်လည် ရောက်ရှိရန် မျှော်လင့်ထားကြောင်း ဆွေမျိုးများက ဆိုသည်။

ချုံကင်းရဲစခန်းကလည်း ယင်းအမှုကို အမှုဖွင့် စုံစမ်းစစ်ဆေးနေပြီး မေလ ၂၄ ရက်နေ့ မြန်မာနိုင်ငံဆိုင်ရာ တ ရုတ် သံရုံးကလည်း ယင်းအမှုကို သံရုံး၏ သံတမန်ဆိုင်ရာ ပုံမှန်လုပ်ငန်းစဉ်များနှင့်အညီ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနသို့ တရားဝင်စာတစ်စောင် ပေးပို့မည်ဖြစ်ကြောင်း၊ မြန်မာဘက် မှ နယ်မြေခံရဲများကိုလည်း ဥပဒေနှင့်အညီ ကိုယ်တွင် ဖြေရှင်းရန် တွန်းအားပေးမည်ဖြစ်ကြောင်း တရုတ်သတင်းမီဒီယာများက ဖော်ပြသည်။

ျမ၀တီတြင္ တ႐ုတ္ႏိုင္ငံသား လင္မယား ၂ ဦးကို တ႐ုတ္ေငြ ယြမ္ ၁ သိန္းျဖင့္ က်ားျဖန႔္လုပ္ငန္းထံသို႔ ေရာင္းစားခံရမႈ တ႐ုတ္ရဲမ်ားက အမႈဖြင့္ စုံစမ္းေန

ရန္ကုန္၊ ေမ ၂၈

တ႐ုတ္ႏိုင္ငံမွ တ႐ုတ္ႏိုင္ငံသား လင္မယား ၂ ဦးသည္ ထိုင္းႏိုင္ငံသို႔ လာေရာက္ခဲ့ၿပီးေနာက္ ေပ်ာက္ဆုံးသြားခဲ့ကာ အဆိုပါ စုံတြဲသည္ ျမ၀တီဘက္အျခမ္းတြင္ တ႐ုတ္ယြမ္ေငြ ၁ သိန္းျဖင့္ က်ားျဖန႔္ လုပ္ငန္းထံသို႔ ေရာင္းစားခံရႏိုင္သည္ဆိုေသာ သံသယျဖင့္ အမႈဖြင့္ကာ တ႐ုတ္ရဲမ်ားက စုံစမ္းေနေၾကာင္း တ႐ုတ္မီဒီယာတခ်ိဳ႕က သတင္းေဖာ္ျပသည္။

တ႐ုတ္ႏိုင္ငံ၊ ခ်ဳံကင္း(Chongqing)မွ တ႐ုတ္ႏိုင္ငံသား လင္မယား ၂ ဦးသည္ မိတ္ေဆြတစ္ဦးက မိတ္ဆက္လာေသာ စီးပြားေရးကိစၥျဖင့္ ထိုင္းႏိုင္ငံသို႔ သြားေရာက္ခဲ့ေၾကာင္း၊ ယင္းေနာက္ ျပန္ေပးဆြဲခံရကာ ျမန္မာႏိုင္ငံ ျမ၀တီဘက္အျခမ္းတြင္ ေရာင္းခ်ခံရလိုက္ရေၾကာင္း ၊ လက္ရွိအခ်ိန္အထိ တ႐ုတ္ႏိုင္ငံသို႔ ျပန္မေရာက္ဘဲ ေပ်ာက္ဆုံး ေနေၾကာင္း၊ ယင္းကိစၥကို Chongqing ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးေနေၾကာင္း သိရွိရသည္။

Mr Wang က ၎၏ ညီမျဖစ္သူႏွင့္ေယာက္ဖတို႔ကို ဧၿပီလတြင္ မိတ္ေဆြတစ္ဦးက စီးပြားေရးကိစၥ ေျပာဆိုလာသျဖင့္ ခ်ဳံကင္းမွ ထိုင္းႏိုင္ငံသို႔ သြားေရာက္ခဲ့ေၾကာင္း၊ ဧၿပီလ ၁၄ ရက္ေန႔တြင္ ထိုင္းႏိုင္ငံေရာက္ရွိခဲ့ၿပီး ဧၿပီလကုန္ တ႐ုတ္ႏိုင္ငံသို႔ ျပန္ေရာက္မည္ဟု ေျပာဆိုခဲ့ေၾကာင္း၊ တစ္ပတ္အၾကာတြင္ ညီမျဖစ္သူက ၎တို႔ လင္မယား ၂ ဦး ျမန္မာႏိုင္ငံတြင္ ပိတ္မိေနသည္ဟု မက္ေဆ့ခ်္ပို႔လာေၾကာင္း ေျပာဆိုသည္။

၎၏ညီမျဖစ္သူႏွင့္ ေယာက္ဖျဖစ္သူတို႔သည္ ျမ၀တီၿမိဳ႕နယ္၊ အတြင္း က်ားျဖန႔္ လုပ္ငန္းတစ္ခုတြင္ ေရာင္းစားခံရထားၿပီး အြန္လိုင္းလိမ္လည္မႈမ်ား အတင္းအက်ပ္ လုပ္ေဆာင္ရန္ ဖိအားေပးခံေနရေၾကာင္း Mr Wang က ေျပာဆိုသည္။

ျမ၀တီတြင္ ေရာင္းစားခံရေသာ တ႐ုတ္လင္မယား ၂ ဦးသည္ တ႐ုတ္ယြမ္ေငြ ၁ သိန္းျဖင့္ ေရာင္းစားခံလိုက္ရသည္ဟု သံသယမ်ားစြာရွိေနၿပီး လတ္တေလာ က်ားျဖန႔္ လုပ္ငန္းမ်ားလုပ္ကိုင္ေသာ နယ္ေျမတြင္ ပိတ္မိေန ေၾကာင္း ေဆြမ်ိဳးျဖစ္သူ Mr Li ကလည္း ေျပာဆိုသည္။

“သူတို႔ကို ထိန္းသိမ္းထားတယ္။ သူတို႔အေနနဲ႔ တစ္ပတ္တစ္ႀကိမ္ ဖုန္းေခၚလို႔ရတယ္။ ဒါေပမယ့္ မိသားစုကိစၥပဲ ေျပာလို႔ရတယ္။ သူတို႔အလုပ္ေၾကာင္း သူတို႔ မေျပာရဲဘူး။ သူတို႔မွာ ေစာင့္ေရွာက္ေနတဲ့လူႀကီးမိဘေတြနဲ႔ သားသမီးေတြ တ႐ုတ္ႏိုင္ငံမွာ က်န္ရစ္ပါတယ္” ဟု Mr Li က ရွင္းျပသည္။

လက္ရွိတြင္ တ႐ုတ္ႏိုင္ငံသား လင္မယား ၂ ဦး ေရာင္းစားခံရမႈကို ခ်ဳံကင္း ရဲစခန္းထံသို႔ တိုင္ၾကားထားၿပီး ေရာင္းစားခံရသည့္ လင္မယား ၂ ဦး တ႐ုတ္ႏိုင္ငံသို႔ အျမန္ဆုံး ျပန္လည္ ေရာက္ရွိရန္ ေမွ်ာ္လင့္ထားေၾကာင္း ေဆြမ်ိဳးမ်ားက ဆိုသည္။

ခ်ဳံကင္းရဲစခန္းကလည္း ယင္းအမႈကို အမႈဖြင့္ စုံစမ္းစစ္ေဆးေနၿပီး ေမလ ၂၄ ရက္ေန႔ ျမန္မာႏိုင္ငံဆိုင္ရာ တ ႐ုတ္ သံ႐ုံးကလည္း ယင္းအမႈကို သံ႐ုံး၏ သံတမန္ဆိုင္ရာ ပုံမွန္လုပ္ငန္းစဥ္မ်ားႏွင့္အညီ ကူညီေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ တရားဝင္စာတစ္ေစာင္ ေပးပို႔မည္ျဖစ္ေၾကာင္း၊ ျမန္မာဘက္ မွ နယ္ေျမခံရဲမ်ားကိုလည္း ဥပေဒႏွင့္အညီ ကိုယ္တြင္ ေျဖရွင္းရန္ တြန္းအားေပးမည္ျဖစ္ေၾကာင္း တ႐ုတ္သတင္းမီဒီယာမ်ားက ေဖာ္ျပသည္။